Author's Profile Photo

Aung Thu Ya Kyaw

9/09/2024

အခုချိန် ရွှေဈေးအတက်မှာ ဝယ်ထားသူတွေ ဘာလုပ်သင့်သလဲ?

3 mins read
Business
Finance
Entrepreneurship
အခုချိန် ရွှေဈေးအတက်မှာ ဝယ်ထားသူတွေ ဘာလုပ်သင့်သလဲ?'s photo

ဒီရက်ပိုင်း မြန်မာငွေ မာလာတဲ့အခါမှာ ဒေါ်လာက ၇ ထောင် ကနေ ၅ ထောင် ဝန်းကျင်၊ မြန်မာ့ရွှေက ဩဂုတ်လ ၁၄ ရက်နေ့က သိန်း ၈၀ ဝန်းကျင်ကနေ ယခုလက်ရှိ သိန်း ၆၅ ဝန်းကျင် ကို ကျလာတယ် ဆိုတာ တော်တော် သိသာပါတယ်။

ဒီနေ့မှာတော့ ဒီလို ဘာကြောင့်ကျလာခဲ့သလဲ? လက်ရှိအချိန်မှာ ရွှေ၊ ဒေါ်လာတွေ ဝယ်ထားတာတွေ ရောင်းသင့်လား? ဆိုတာလေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

စတင်ဘာ (၁) ရက်နေ့မှာ အတိုးနှုန်းတွေ မြင့်တက်လာဖို့ရှိကြောင်း ဩဂုတ်လ ၁၄ ရက်နေ့မှာ ကြောငြာ ပြီးတဲ့အခါမှာ ကျွန်တော် Page မှာရော Facebook Private Group မှရော Viber, Telegram အစုံ ကျွန်တော့ Channel တွေက သတိပေးခဲ့တာ ရှိပါတယ်။ ဒါကဘာလည်း ဆိုရင် အတိုးနှုန်းမြင့်တက်လာတာနှင့်အမျှ မြန်မာငွေမာလာနိုင်မည်ဖြစ်ကြောင်း ဒါကြောင့်မို့ ရွှေ၊ အိမ်ခြံမြေ၊ ဒေါ်လာ တွေကို သတိထားဝယ်ပါဆိုတာဖြစ်ပါတယ်။
ဒီလို အပိုင် ပြောနေခြင်းဟာ နိယာမ အရ ပြောတာဖြစ်ပြီး မည့်သည့် Tools မျှ မသုံးထားတဲ့ သာမန်လေးပဲ ဖြစ်ပါတယ်။

သို့ပေမယ့် တော်တော်များများ နားမလည်ကြတာများတာကြောင့် အခြေခံအဆင့်လေးတွေက အစ ကျွန်တော့ အနေနဲ့ Sharing လုပ်ပေးနေခဲ့တာဖြစ်ပါတယ်။ အတိုးနှုန်းနဲ့ ပက်သက်ပြီးတော့ ဆောင်းပါးလည်း ကြိုတင်ရေးပေးခဲ့ပါတယ်။ ဖတ်ချင်တယ် ဆိုရင်လည်း Page မှာ ရှာဖတ်လို့ ရနိုင်ပါတယ်။
ဆိုတော့ ကျွန်တော်တို့ ရွှေအကြောင်း တစ်ချက်ကြည့်လိုက်ရအောင်။ 




ပုံ (၁-က)

ရှင်းလင်းချက်။   ။
အထက်ပါ Chart သည် XAUUSD ( Gold Vs USD ) ကို ပြသခြင်းဖြစ်ပါတယ်။
အပြာရောင် လိုင်းလေးကတော့ ရွှေ ၁ အောင်စ ကို အမေရိကန် တစ်ဒေါ်လာ (ယခု) ၂၅၀၀ ဝန်းကျင် ရှိနေပြီ ဖြစ်ကြောင်း ပြသနေတာ ဖြစ်ပါတယ်။ 

အဝါရောင် နဲ့ သိန်း ဂဏန်း ဆုံးတာကတော့ မြန်မာရွှေဈေးနှုန်းတွေကို ရက်အလိုက် ပြောင်းလဲသွားတာလေးတွေကို ရှင်းပြပေးထားတာ ဖြစ်ပါတယ်။ အောက်ဆုံးဘားကတော့ ရက် တွေကို ညွှန်ပြနေခြင်း ဖြစ်ပါတယ်။
အားလုံးကို ခြုံငုံပြီးတော့ ကြည့်လိုက်မယ် ဆိုရင် အဓိက အပြောင်းအလဲ ဖြစ်စေတဲ့ ရက်တွေကို ရွေးချယ်ပြီးတော့ ဘယ်ရက်တွေမှာ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတာလေးကို Sharing လုပ်ပေးသွားချင်ပါတယ်။

အဓိက 2024 တွင် သတိထားခဲ့ရသည့် ရက်များ
May 20 | မေလ ကမ္ဘာ့ရွှေ ဈေးအတက်ဆုံးအချိန် 
May 29 | မြန်မာ့ရွှေဈေးစတက်ချိန် 
Aug 13 | သိန်း ၈၀ ရွှေဈေးအတက်ဆုံးချိန် 
Aug 14 | အခွန်တိုးမည့်အကြောင်းကြေငြာချိန် 
Sep 01 | တကယ်စတိုးသည့် 
Sep 09 | ယခုအခြေအနေ


ပုံ (၁-ခ)

ရှင်းလင်းချက်။   ။ 
အပြောင်းအလဲတော်တော် ဖြစ်သွားတဲ့ မြန်မာ့ရွှေဈေးနှုန်းများ မှာ ကမ္ဘာရွှေဘက် ဈေးနှုန်း 
အပြောင်းအလဲ ဖြစ်သွားသည့် ရွှေဈေးနှုန်း များအကြောင်းကို ရှင်းပြပေးပါ့မယ်။


ပုံ(၁-ဂ)

ရှင်းလင်းချက်။   ။ 
အပြောင်းအလဲတော်တော် ဖြစ်သွားတဲ့ မြန်မာ့ရွှေဈေးနှုန်းများ



ပုံ (၁-ဃ)

May လ ၂၀ ရက်နေ့ဟာ ကမ္ဘာရွှေဈေး အမြင့်တက်ဆုံး ကာလ တစ်ခုဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ကမ္ဘာ့ရွှေ $ 2400 ဝန်းကျင်မှာ မြန်မာ့ရွှေဈေး ၅၂ သိန်း ဝန်းကျင်သာ ရှိနေသေးကြောင်း လေ့လာနိုင်ပါတယ်။ 

ဒါ့အပြင် မြန်မာ့ရွှေဈေး ပထမဦးဆုံး အမြင့်ဆုံးအချိန်ဟာ သိပ်မကြာပါဘူး ၅၇ သိန်း ဝန်းကျင်လောက် ဖြစ်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအချိန်မှာ ကမ္ဘာ့ရွှေဈေးက $ 2300 ဝန်းကျင်ပဲ ရှိသေးတယ်။ ကမ္ဘာ့ရွှေဈေးအမြင့်ဆုံး $ 2400 မဟုတ်သေးပါဘူး။ ဒါ့ကြောင့်မို့ ကျွန်တော် ထိုအချိန်က သုံးသပ်ပေးခဲ့တာက ရွှေဈေး $ 2400 ဝန်းကျင်သာ ပြန်ရောက်သွားမယ် ဆိုရင် မြန်မာ့ရွှေဈေး ပိုပြီး ထက်တက်နိုင်ကြောင်းဖြစ်ပါတယ်။



ပုံ (၁-င)

ကြားထဲမှာတော့ မြန်မာ့ရွှေဈေးဟာ တက်လိုက်ကျလိုက် ဖြစ်နေရာကနေ Aug 13 ရက်နေ့ ရောက်တဲ့ ရက်မှာဆိုရင် သိန်း ၈၀ လောက် တက်သွားခဲ့ပြီး ဒေါ်လာဘက်မှာလည်း အပြင်ပေါက်ဈေး 7500 လောက်ပေါက်ခဲ့ပါတယ်။ ထိုအချိန် ဈေးအဆမတန် တက်ပြီးနောက် Aug 14 ရက်နေ့မှာ ဆိုရင် စတင်ဘာ (၁) ရက်နေ့ကစပြီးတော့ အတိုးနှုန်းများကို ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းလောက် တိုးမည်ဖြစ်ကြောင်း စတင်ကြောအပြီးမှာတော့ ၇၅ သိန်းဝန်းကျင်လောက် စတင်ဖြစ်ခဲ့ပြီးတော့ စက်တင်ဘာ (၁) ရက်နေ့ မရောက်ခင်ထိကတော့ ၇၂ သိန်း ဝန်းကျင်လောက် ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ယနေ့ ၉ ရက်နေ့ စက်တင်ဘာမှာတော့ ၆၆ သိန်း ဝန်းကျင် လောက် ရှိနေတာကို တွေ့ရပါတယ်။ 

ဒါဆိုရင်တော့ ရွှေဈေးအနေနဲ့ ဘယ်လောက် ထိတက်သွားသလဲ? ကမ္ဘာရွှေနဲ့ မြန်မာ့ရွှေကြားမှာ ဘာတွေ ဘယ်လောက် ရွေ့သွားသလဲ ဆိုတာတွေကို အကြမ်းဖျဉ်း နားလည်သွားလိမ့်မယ် လို့မျှော်လင့်ပါတယ်။
ဒါ့အပြင် အခုလို ဈေးတွေ ကျနေတဲ့ အချိန်မှာ ရွှေဝယ်ထားသူတွေဘာလုပ်ရမလဲ ဆိုတာ မပြောခင် Assets နဲ့ Liabilities ဆိုတာလေးကို သိသင့်ပါတယ်။

Assets 
ကိုယ့်ပိုက်ဆံအိမ်ထဲကို ငွေဝင်သွားစေမဲ့ အရာများ။

Liabilities 
ကိုယ့်ပိုက်ဆံ အိပ်ထဲကနေ ငွေထွက်သွားစေမဲ့ အရာများ။

ဆိုတော့ ကျွန်တော်တို့ ရွှေဆိုတာကလည်း ပိုင်ဆိုင်မှု Assets ထဲမှာ ပါဝင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ခဏခဏ လုပ်သူတုန်း၊ ဈေးကွက် အကြောင်းနားလည်သူတွေကတော့ မိမိပိုင်တဲ့ Assets တွေကို ဈေးအတက် လိုအပ်တဲ့ အချိန်မှ ထုတ်ရောင်းလေ့ရှိပြီးတော့ ဒီလိုအချိန်တွေမှာ ဝယ်စု ဝယ်ဥ လေ့ရှိကြပါတဘ်။ ဒါ့အပြင် ထိုသူတွေက အရမ်းကိုမှ Humble ဖြစ်ကြပါတယ်။ တကယ်တော့ Investing လုပ်တဲ့ အခါမှာ ကိုယ့်ရဲ့ Mindset တွေက Emotion ကို အားပေးလို့မရပါဘူး။ Emotion နောက်လိုက်တဲ့ အခါမှာ မလိုအပ်ဘဲ ရောင်းမိတာ၊ ဝယ်မိတာမျိုးတွေ ရှိတတ်ပါတယ်။ 

ပြောလိုတာကတော့ Assets တွေ များများ ရှိနေတာ၊ ဝယ်စုထားတယ်ဆိုတာ ကောင်းပါတယ်။ ရေရှည်မှာ ဈေးနှုန်း အမြဲတက်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်မှာ Assets တွေပိုင်ဆိုင်ထားတယ် (သို့) ရွှေတွေ ပိုင်ဆိုင်ထားတယ် ဆိုရင် အခုကို လိုအချိန်် ရောင်းဖို့ဆိုတာထက် ဝယ်စုထားတာ၊ ဝယ်ဥထားတာ ကောင်းပါတယ်။ လိုအပ်မှပဲ ရောင်းသင့်ပါတယ်။ Assets ဆိုတာဟာ အချိန်ကာလ ကြာလာတာနဲ့အမျှ အမြဲဈေးတက်လေ့ရှိပါတယ် ( ဒါက Inflation အရ ပြောတာပါ။) သို့ပေမယ့် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို Inflation ကြောင့် ဆိုတာမျိုးတွေ မဖြစ်တော့ပါဘူး။ ဒါ့အပြင် ကိုယ့်အတွက်သာမက နောက်ထပ် ကိုယ့်ရဲ့ Generation တစ်ခုလုံးစာကိုတောင် ကြွယ်ဝချမ်းသာမှု အဖြစ်ထားခဲ့နိုင်ပါတယ်။

Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾