Author's Profile Photo

Nway Oo Maung

7/09/2024

သက္ကရာဇ်များ

1 min read
General Knowledge

ဆရာမြသန်းတင့် ဘာသာပြန်ထားသောလူများသက္ကရာဇ်များ စာအုပ်ကိုဖတ်ပြီးသက္ကရာဇ်ကိုစိတ်ဝင်စားမိတာနဲ့ သက္ကရာဇ်နဲ့ဆိုင်ရာမျာကိုလက်လှမ်းမီသမျှ ရှာဖွေကြည့်မိတယ်။
သက္ကရာဇ်ဆိုသည်မှာ
သက္ကရာဇာ-သာကီနွယ်ဘုရင်ဆိုသည့်စကားလုံးမှဆင်းသက်လာပြီး၊ အချိန်ကာလကိုသတ်မှတ်ထားသောနာမည်ပေတည်း။
သက္ကရာဇ်၅မျိုး
၁-မဟာသက္ကရာဇ်

မြတ်စွာဘုရားဖွါးမြင်တော်မမူမှီ မြတ်စွာဘုရား​၏ဘိုးတော် အဉ္စနမင်းကြီးသည် ရောက်ဆဲဖြစ်သော သက္ကရာဇ်(၈၆၄၅)ကို ဖြိုပြီးလျင် သက္ကရာဇ် တနှစ်ကနေစလေသည် ထိုနှစ်သည်မြတ်စွာဘုရား ဖွါးတော်မမူမှီ (၆၈)နှစ်အလိုတွင်ဖြစ်ပါသည် ။
ထို၆၈နှစ်ကို မြတ်စွာဘုရားဖွါးတော်မူသည်မှ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်အထိ နှစ်ပေါင်း ၈၀နှင့်ပေါင်းလျင်(၁၄၈)ဖြစ်ပြီး ၊ထို၁၄၈နှစ်ကိုမဟာသက္ကရာဇ်ဟုခေါ်ပါသည်။
၂-သာသနာသက္ကရာဇ်
မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် လေးလအကြာ အဇာတသတ်မင်းကြီးနှင့် အရှင်မဟာကဿပမထေရ်ထို့ကြီးမှု၍
ပထမသင်္ဂါယနာတင်လေသည်။
သင်္ဂါယနာတင်ပြီးနောက် မဟာသက္ကရာဇ် ၁၄၈နှစ်ကိုဖြိုပြီး တစ်မှစသောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်လေသည်။
၃-ကောဇာသက္ကရာဇ်
ထိုသာသနာသက္ကရာဇ်ကိုသုံးစွဲလာရာ သာသနာသက္ကရာဇ် (၆၂၄)ခုနှစ်ရောက်သောအခါ သရေခေတ္တရာ ခေတ် သမုန္ဒရီမင်းလက်ထက်မှာ ၆၂၂ကိုဖြိုပြီး အကြွင်း၂ နှစ်စလေသည်။
ထိုမှတဖန် ၅၆၂ခုနှစ်ရောက်သောက်အခါ ပေါက္ကံပြည့်ရှင် ပုပ္ပါစောရဟန်းမင်းသည်း ၅၆၀နှစ်ကိုဖြို အကြွင်း၂ နှစ်စလာရာ ထိုနှစ်ကိုခုချိန်ထိသုံးစွဲနေသော မြန်မာကောဇာသက္ကရာဇ်ခေါ်လေသည်။
သမုန္ဒရီမင်းဖြိုသော ၆၂၂နှစ်ကို ပုပ္ပါးစောရဟန်းမင်းဖြိုသော ၅၆၀နှစ်နှင့်ပေါင်း ၁၁၈၂ရ​၏ ထို၁၁၈၂ကိုလက်ရှိရောက်နေသော မြန်မာသက္ကရာဇ်ထပ်ပေါင်းလျင် သာသနာသက္ကရာဇ်ရ​၏။
၄-ဘီစီ
ခရစ်တော်မပေါ်မှီရေတွက်သောနှစ်များကို ခရစ်နှစ်(ဘီစီ)ဟုခေါ်ပါသည်။
၅-အေဒီ
ခရစ်တော်ပေါ်ပြီးနောက် ရေတွက်သောနှစ်ကို ခရစ်နှစ် (အေဒီ)ဟုခေါ်ပါသည် လက်ရှိရောက်နေသော အင်္ဂလိပ်နှစ်ဖြစ်သည်။ အပေါ်က သက္ကရာဇ်နှင့်ပတ်သက်သောအကြောင်းရာများသည် wikipedia နှင့်googleမှာရှာကြည့်မိသမျှသာဖြစ်ပါသည်။
ဆက်စပ်တွေးမှုများ

လက်ရှိသောသုံးစွဲနေသော မြန်မာကောဇာသက္ကရာဇ်သည် သာသနာသက္ကရာဇ်ကို အခြေတည်၍သုံးစွဲလားခြင်းဖြစ်သည် ၊အဲ့ဒီမှာ ကျွန်တော်တွေးမိတာက သာသနာသည် အိန္ဒိယမှလာ​၏ သာသနာသက္ကရာဇ်သည် မြတ်စွာဘုရားဘုရားပရိနိဗ္ဗာန်စံပြီး ပထပသင်္ဂါယနာမှ စတင်ရေတွက်ခြင်းဖြစ်သည်၊
သည်လိုဆိုရင် မြန်မာနိုင်ငံကို သာသနာမရောက်ခင်က ဘယ်သက္ကရာဇ်နဲ့သုံးနေသည်ကိုတွေးမိတယ်၊ ကျွန်တော်သိထားတာက အနော်ရထာမင်းကပထမမြန်မာနိုင်ငံတည်ထောင်ပြီး သာသနာသည်လည်း ပထမနိုင်မြန်မာနိုင်ငံနှင့်အတူပြန့်ပွါးလာသည်လို့ သာမန်အရပ်သားအသိလောက်သာ သိထား​၏။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း