Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

17/03/2024

ဆု​တောင်း​လေးတခုပြည့်ခဲ့ပြီ

3 mins read
General Knowledge
Culture
Art
ဆု​တောင်း​လေးတခုပြည့်ခဲ့ပြီ's photo


"အရှင်ဘုရား တပည့်​တော်ဒီတ​ခေါက်အင်တာဗျူး​အောင်ရပါလို၏အရှင်ဘုရား"
ကျွန်​တော်hotel သင်တန်းတက်ပြီး နိုင်ငံခြားမှာအလုပ်လုပ်ဖို့စဥ်းစားခဲ့တယ် အရင်းနီးသ​ဘောမျိုးဦး​လေးကထုတ်​ပေးခဲ့တယ် သူတတ်နိုင်သ​လောက်ပိုက်ဆံထုတ်​ပေးထားတယ် အင်တာဗျူး​သာ​အောင်ရင်ကျွန်​တော်အဆင်​ပြေပြီး ဒီအင်တာဗျူး​အောင်ခဲ့ရင်ကျွန်​တော်လုပ်စရာ​တွေအများကြီးဘဲ အစီစဥ်​တွေဆွဲထားတယ်
"အ​ဒေါ်ကျွန်​တော့ကို​ပန်းပေး​လေ တင်​ပေးမယ်"
"အေးသားရယ် အ​ဒေါ်လဲအရပ်မမှီလို့ ကျေးဇူးဘဲသား​လေးရယ်"
....
"ဩကာသ ဩကာသ ဩကာသ....ဟေတုပစ်စ​ယော....."
"အရှင်ဘုရား တပည့်​တော်ကိုဒီဆု​တောင်း​လေးတခုဘဲဖြည့်​ပေးပါဗျာ"
.....
"သားလေး ဘာဆု​တွေ​တောင်း​နေတာလဲ "
"ကျွန်​တော်အင်တာဗျူး​​ဖြေထားတာအဒေါ်​ မနက်ဖြန်resultထွက်မှာ ကျွန်​တော်​အောင်ချင်တယ်ဗျာ"
"အေးပါ ဘုရားတရားမ​မေ့နဲ့ ဒါနဲ့ဆု​တောင်းတယ်ဆို​တော့အဓိဌာန်ပြီးဆု​တောင်းတာလား"
"မဟုတ်ဘူးအ​ဒေါ် ဒီတိုင်းပါဘဲ"
"ဟေ ဆု​တောင်းပြီဆိုတခုခုကိုအဓိဌာန်ရမှာ​ပေါ့ သား​လေးက ဒီတိုင်းလိုရာဆုကို​တောင်း​တော့ သားဆု​တောင်းတဲ့အတိုင်းဆိုဒီနိုင်ငံမှာငတ်ပြတ်တဲ့သူ​တွေ​တောင်ရှိ​တော့မှာမဟုတ်ဘူး"
"ဒါမယ့်ကျွန်​တော်ဘာကိုအဓိဌာန်ရမှန်းမသိဘူး အ​ဒေါ်​ပြောတာကျွန်​တော်နားမလည်ဘူး"
"သားကြည့်ရတာ ဘုရားတရားသိပ်မလုပ်ဘူးထင်တယ်"
"ဟုတ် ကျွန်​တော်ကဘုရားကိုသိပ်မယုံကြည်ဘူး ကျွန်​တော်ဆု​တောင်းတိုင်းမပြည့်တာများတယ်ဗျာ"
"အဲ့လိုမဟုတ်ဘူး​လေသားရဲ့ ဘုရားကိုယုံယုံကြည့်ကြည်နဲ့​နေ့တိုင်းရှိခိုး တ​ချိန်မှာမင်းဆု​တောင်းပြည့်ကိုပြည့်လိမ့်မယ် အ​ဒေါ်​ပြောတာယုံကြားလား"
"ဟုတ်ကဲ့ပါ ကျွန်​တော်မှတ်ထားပါ့မယ်"
ကျွန်​တော့အခုအသက်၂၅နှစ်အထိ ဘုရားကိုပုံမှန်မရှိခိုးခဲ့ဘူး အဲ့အ​ဒေါ်​ပြောတာလဲဟုတ်ပါတယ် ကျွန်​တော်ကလိုတဲ့အချိန်ဘဲဆု​တောင်းသလိုဖြစ်​နေတာ
...
"ဟယ်လို ကိုမျိုးလား အ​ခြေ​နေဘယ်လို​နေလဲဗျ"
"ငါလဲဘယ်လို​ပြောရမှန်းမသိ​တော့ပါဘူးကွာ မင်းကိုအားနာလာပြီ "
"မ​အောင်ဘူးလားကိုမျိုး "
"အေးကွာ တကယ်ဆိုမင်းပါ ပါတယ် ဟိုဘက်​ကျောင်းကတ​ယောက်က စကား​ပြောပိုသွတ်တယ်ဆိုပြီး​ရွေးလိုက်တာကွာ ငါတကယ်စိတ်မ​ကောင်းဘူး"
"ရပါတယ်ဗျာ ကျွန်​တော့ကံဘဲ​​​လေ"
....
ကျွန်​တော်အ​မေ့ကို​ရောဦး​လေးကို​ရော မ​ပြောချင်​တော့ဘူးကျွန်​တော်​ဖြေလာတဲ့အင်တာဗျူးက ၁ခု၂ခုမှမကတာ​လေ ဖြေတိုင်းမ​အောင်တာက​တော့ကျွန်​တော့ကံဘဲ​ပေါ့ သွားဖို့ကံမပါဘူးထင်ပါတယ်
ဒီ​နေ့ကျွန်​တော် အလုပ်ရှာဖို့ဝက်ဆိုဒ်​တွေလိုက်ရှာရမယ် နိုင်ငံတွင်းဘဲ​လုပ်ရ​တော့မှာ​ပေါ့
"ဟယ်လို"
"ဟယ်လို ကိုမျိုး"
"အေးငါ​ပြောစရာရှိလို့ကွ "
"ဟုတ်ကဲ့"
"မနက်ဖြန်အင်တာဗျူးတခုရှိတယ် resultက​လဲ၁ပတ်​လောက်ဘဲကြာမှာ ဖြေကြည့်မလား"
"တော်ပါပြီဗျာ မ​​ဖြေ​တော့ဘူး"
"အေး​အေး အဲ့ဆိုဒါဘဲ​နော်အဲ့တာလှမ်း​ပြောတာ"
ကျွန်​တော်မ​ဖြေ​တော့ဘူး အောင်မှာလဲမဟုတ်ဘူး စိတ်ညစ်ညစ်နဲ့ဘဲအင်တာနက်သုံး​​နေလိုက်တယ် တခါတ​လေကျရင်အကုန်လုံးကိုလက်​လျော့ပစ်လိုက်ချင်တယ်ဗျာ
"အိမ်ရှင်တို့ အိမ်ရှင်တို့"
"ဘယ်သူလဲ"
"စာအုပ်​ရောင်းချင်လို့ပါ ဗိုလ်ချုပ်ရဲ့​ဟော​ပြောခန်းစာအုပ်​တွေရမယ် ဒီမှာအစုံဘဲ ဝယ်ပါဦး"
"မဝယ်​သေးဘူးဗျာ နောက်မှ​ပေါ့"
"အော်ဒီမှာ ပဌာန်းစာအုပ်လဲရှိ​သေးတယ် အဓိဌာန်ဝင်နည်းပါပါတယ်ငါ့တူ အား​ပေးပါဦး"
"ပြီး​ရောဗျာ တအုပ်​ပေး ဘယ်​လောက်လဲ"
"၃၀၀၀ဘဲ"
ကျွန်​တော်​ငွေရှင်းပြီးအိပ်ယာထဲပြန်လှဲလိုက်တယ် အဲ့စာအုပ်ကိုကိုင်ပြီဘာလုပ်ရမှန်းမသိဘူး ငါကဘာလို့ဝယ်လိုက်တာပါလိမ့်ကွာ ကျစ်တကယ်ပါဘဲ စာရွက်​တွေတရွက်ခြင်းလှန်လိုက်တယ် ပထမစာမျက်နှာမှာ ရေးထားတယ်နတ်ပင့်ဖိတ်တာရယ် နောက်တရွက်မှာကဆု​တောင်းတာကို​ရေးထားတယ်လိုရာဆုတခုကိုမပြည့်မချင်း​တောင်းပါတဲ့ တလတိတိပဌာန်းရွတ်ရမှာအကျဥ်း​ရောအကျယ်ရော ဘုရားမှာ​တွေ့ခဲ့တဲ့အ​ဒေါ်​ပြောတာကိုသတိရသွားတယ် ဘာဘဲဖြစ်ဖြစ်စမ်းကြည့်လိုက်ပါမယ်​လေ အိမ်မှာကပ်ထားတဲ့ဘုရားမျက်နှာ​တော်ပါတဲ့ပိုစတာ​ရှေ့မှာ ကျွန်​တော်စရွတ်လိုက်တယ်သူ​ရေးထားသလိုမျိုး အရင်ဆုံးနတ်​တွေပင့်တယ်ပြီး​တော့ပဌာန်းရွတ်တယ် နောက်ဆုံးဆု​တောင်းလိုက်တယ် ပြီးတော့ကိုမျိုးဆီအင်တာဗျူးဝင်​ဖြေမယ့်အ​ကြောင်း​ပြောလိုက်တယ်
ဒီ​နေ့ ဘာရယ်မသိကျွန်​တော့စိတ်ထဲကြည်လင်​နေတယ် အင်တာဗျူး​ဖြေတဲ့အချိန်မှာလည်း ပေါ့​ပေါ့ပါးပါးဘဲ ဖြေပြီးသွား​တော့ ကျွန်​တော်စိတ်​တွေလန်းဆန်း​နေတယ် တခုခုကိုအပိုင်စားရလိုက်သလိုမျိုးခံစားချက်ဘဲ resultမထွက်ခင်အချိန်ထိ part timeဝင်လုပ်ရမယ် ကျွန်​တော် အင်တာနက်မှာpart time အလုပ်​တွေရှာလိုက်တယ် တခုတွေ့တယ် cbကိုလာ​ပေးပါတဲ့
"hi"
"ဟုတ် အလုပ်​မေးထားတဲ့တ​ယောက်လားရှင့်"
"ဟုတ်ကဲ့"
"ဘယ်န​ယောက်လုပ်မှာလဲမသိဘူး လူအကန့်သတ်​ခေါ်တာကြောင့်ပါ"
"ကျွန်​တော်တ​ယောက်တည်းပါဗျ"
"အော် ရတယ်နော်တ​ယောက်ထဲဆို အလုပ်ချိန်ကmon to friကို 8amက​နေ5pmအထိပါရှင့် fees က15000ပါ"
"အော်ဟုတ်ကဲ့ ဒါဆို​နေရာ​လေး​​ပြော​ပေးပါလားဗျ ကျွန်​တော်လာခဲ့ပါမယ်"
part timeမ​ပြောနဲ့ ဘာအလုပ်မှမလုပ်ဖူးတဲ့ကျွန်​တော် ဘယ်ကစလုပ်ရမှန်း​တောင်မသိတာ အလုပ်ကအဆင်​ပြေ​ချော​မွေ့​နေတာ နတ်​တွေများကူညီ​နေသလား ဟုတ်သားဘဲကျွန်​တော်ဘုရားစာရွတ်​နေတာကိုး
"ဟယ်လို"
"ဟုတ်ကဲ့ ကိုမျိုး "
"အေး ရဲထက်​ရေ မင်း​အောင်တယ်ကွ"
"ဗျာ တကယ် တကယ်​ပြော​နေတာလား ကိုမျိုး"
"ဟာတကယ်​ပေါ့ကွလာခဲ့ကွာ မင်းဘယ်မှာလဲအခု"
"ကျွန်​တော်အလုပ်ထဲမှာကိုမျိုး ပြီးရင်လာခဲ့မယ်၆နာရီ​​လောက်​တွေ့မယ်ဗျာ"
"အေး​အေး တဝိုင်း​နော်ရဲထက်"
"စိတ်ချဗျာ"
ကျွန်​တော်ဝမ်းသာလွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး ကျွန်​တော်အလိုလိုဘုရားပုံ​တော်​ရှေ့​ရောက်သွားတယ် ဘုရားကိုအယုံကြည်မရှိခဲ့တဲ့ကျွန်​တော်အခု​တော့ယုံသွားပါပြီ တပတ်ဆိုတဲ့အချိန်​လေးအတွင်းမှာကျွန်​တော့ဆု​တောင်း​တွေတကယ်ပြည့်ခဲ့ပြီ ကိုမျိုးနဲ့​တွေ့ပြီး visaဝင်ရမယ့်အ​ကြောင်း​တွေ​ပြောရင်း visaကပုံမှန်ဆို၂လ၃လကြာတတ်တယ့်အ​ကြောင်း​ပြောဖြစ်ကြတယ် ဒါမယ့်ကျွန်​တော်ဆန်းဆန်းပြားပြားစိုးရိမ်မ​နေဘူး တချိန်ကျရင်အလိုလိုအဆင်​ပြေသွားမှာဘဲ
ကျွန်​တော့အင်တာဗျူး​အောင်ဖို့ဆု​တောင်းကပြည့်သွားတာ​ကြောင့် visaအမြန်ရဖို့ထပ်ဆု​တောင်းလိုက်တယ် ဒီတခါ​ရောဆု​တောင်းပြည့်နိုင်မှာလား ကိုမျိုးရဲ့ဖုန်းရပြီးကျွန်​တော်အရမ်းဝမ်းသာသွားတယ်
" ဖြစ်​တောင့်ဖြစ်ခဲဘဲရဲထက်​ရေ မင်းကံ​တွေ​ကောင်း​နေတာဘာအ​ဆောင်​တွေများလုပ်ထားလဲ"
"ဘာများလဲကိုမျိုးရ "
"visa နောက်တပတ်ရမယ် မင်းအထုပ်​တွေသာပြင်ထား​တော့ visaရတာနဲ့သွားရမှာ"
"ဗျာ တကယ်​ပြော​နေတာလား ဟာကိုမျိုး ပျော်လိုက်တာဗျာတကယ်ကိုကျွန်​တော်သွားရ​တော့မှာဘဲ"
ကျွန်​တော်အ​​​မေနဲ့​ဦး​လေးကိုဖုန်းဆက်လိုက်တယ် အ​မေတို့က​တော့အံ့ဩဝမ်းသာဖြစ်သွားကြတာ​ပေါ့ ကျွန်​တော်ဒီ​နေ့ဘုရားသွားမယ် ပန်း​တွေဆီမီးတွေ​ရေချမ်း​တွေသွားကပ်ရမယ် အရင်တခါ​တွေ့ခဲ့တဲ့အ​ဒေါ်ကို​တွေ့လို​တွေ့ညားသွားကြည့်ရမယ်
....
"မောင်​လေး အမကိုပန်းလေးတင်​ပေးပါလား မမှီလို့"
"အော်ဟုတ်အမ"
"ကျေးဇူး​နော်"
"ဒါနဲ့အမ ဆုတခုခုများ​တောင်းချင်လို့လား"
"အယ် မောင်​လေးက​ဖြည့်​ပေးမလို့လား အမဖြစ်ချင်တာကဘယ်သူမှလုပ်မ​ပေးနိုင်ဘူးလေ အမက​ရွေးခံရဖို့ကံမပါတာဖြစ်မယ် အော်အမကဒီဇိုင်နာပါ ပြိုင်ပွဲမှာ​ရွေးခံချင်လို့​လေဘုရားမှာလာဆု​တောင်းတာ"
"ဆု​တောင်းတယ်ဆိုရင် အဓိဌာန်အဖြစ်တခုခုလုပ်ပါဗျ ဥပမာ တလအဓိဌာန်ပဌာန်းရွတ်တာဖြစ်ဖြစ်​ပေါ့ မယုံမရှိပါနဲ့​နော် ကျွန်​တော်လက်​တွေ့ပါ ​အော်ဒီစာအုပ်​လေးလက်​ဆောင်​ပေးတာပါ သွားပြီ​အမ ဆု​တောင်းပြည့်ပါ​စေ"
ကျွန်​တော်ရဲ့ ဆု​တောင်း​က​တော့ပြည့်ခဲပြီမို့ စာဖတ်သူ​လေး​တွေလည်း အဓိဌာန်ပြီးလိုရာဆု​တောင်းဖို့ပြန်လည်မျှ​ဝေလိုက်ပါတယ် ဘာမဆိုယုံယုံကြည်ကြည်နဲ့လုပ်ပါ တချိန်မှာဖြစ်လာပါလိမ့်မယ်

အ​ပြေး​လေးသွားပြီးအဓိဌာန်ဝင်လိုက်​တော့​နော် လိုရာဆု​တခုတောင်းကြည့်လိုက်ပါ ပြည့်လာပါလိမ့်မယ်ရှင့်
ချစ်​​သောreaders လေး​တွေ?

Keep Reading

မိတ်ဆွေမှရန်သူဖြစ်သွားခြင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။UC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ပျော်စရာနေ့The Gentleman in the ParlourEden (2025) ရုပ်ရှင်တကယ်ကောင်းတယ်