အဲလစ်
လူတိုင်းမှာသူ့အလှနဲ့သူတော့ရှိကြပါတယ်။သို့သော်တချို့ကမမြင်နိုင်ကြပါ။ဘာလို့မမြင်နိုင်တာလဲကျွန်မလိုပေါ့ကျွန်မဆိုလည်းမမြင်ရပါဘူး။ကျွန်မ မမြင်ရတာကတော့ကျွန်မအလှတစ်ခုတည်းပါ။လောကကြီးမှာရှိတဲ့အရာအားလုံးရဲ့အလှတွေကိုကျွန်မ မြင်နိုင်တာကတော့ကျွန်မအားသာချက်ပါ။ဒါပေမဲ့ကိုယ့်ရဲ့အလှကိုမမြင်နိုင်တာကတော့အကြီးဆုံးအားနည်းချက်ကြီးလို့ပြောလို့ရပါတယ်။အို...တချို့အရမ်းလှတဲ့သူတွေမြင်မိရင်အရမ်းအားကျမိတာပဲရှင်။ဝိုင်းစက်နေတဲ့မျက်လုံးလေး ၊နှခမ်းဖူးဖူးလေး ၊နှာခေါင်းဝိုင်းဝိုင်းလေး ၊ဆံပင်ရှည်ရှည်လေးနဲ့သူတွေမြင်ရင်နတ်သမီးလေးကျနေတာပဲရှင်။ကျွန်မရဲ့ပုံစံကိုပြောပြရမယ်ဆို ဆံပင်ဂုတ်ဝဲ၊မျက်လုံးဝိုင်းဝိုင်း၊နှခမ်းပြားပြား၊မျက်ခုံးထူထူ၊မျက်တောင်ရှည်ရှည်နဲ့အရမ်းရုပ်ဆိုးတာပဲရှင်။ပြောပြရုံနဲ့တင်ဘလောက်ရုပ်ဆိုးကြောင်းအတွေးနဲ့မြင်နိုင်မှာပါ။တချို့ကပြောကြတယ်အချစ်မှာမျက်စိမပါဘူးတဲ့ရှင်။ဒါပေမဲ့အဲ့တာမှားနေတယ်ထင်တာပဲဘာလို့ဆို အခုခေတ်မှာမိန်းခလေးဘက်ကရုပ်ဆိုးတဲ့ ယောင်္ကျားလေးကိုတွဲချင်တွဲနေနိုင်တယ်။သို့သော်ရုပ်ဆိုးတဲ့မိန်းခလေးကိုတွဲနေတယ်ဆိုတဲ့ ယောင်္ကျား ဆိုတာ မရှိ"သလောက်အရမ်းရှာပါတယ်။မရှိသလောက်လို့ပြောတာနော်မရှိတာလို့ပြောသည်မဟုတ်ပါ။ဒါ့ကြောင့်မိန်းခလေးတွေမိတ်ကပ်တွေ လိမ်းလာတယ်။မျက်ကပ်မှန်တွေတပ်လာတယ်။အချစ်ခံချင်တဲ့မိန်းခလေးမှန်သမျှလှလှပပနေလာကြတယ်။ဒါအမှန်ပါပဲ။ဒါပေမဲ့ကျွန်မကတော့ဘယ်မိန်းခလေးမဆို မိတ်ကပ်လိမ်းလိမ်းမလိမ်းလိမ်းလှတယ်လို့မြင်ပါတယ်။လူတိုင်းမှာသူ့အလှနဲ့သူရှိတယ်ဆိုတဲ့စိတ်နဲ့အကောင်းမြင်တဲ့ဘက်ကကြည့်ပေးပါတယ်။ confidence ဆိုတာကလည်းမလှရင်တောင် confidence ရှိနေရင် နတ်သမီးလေးလိုပါပဲ။ကျွန်မလေ တခါတလေမှန်ကိုကြည့်ပြီးင်ုခဲ့ရတယ်။ဓာတ်ပုံတွေကြည့်ပြီးငိုခဲ့ရတယ်။သူများတွေလိုခါးသွယ်သွယ်လေးဖြစ်ချင်လို့ အစာမစားခဲ့တဲ့ရက်တွေမရေတွက်နိုင်အောင်ပါပဲ။အခုဆိုရင်တော့ ကိုယ်ခံအားနေပြီးအဆုတ်မကောင်းတဲ့ရောဂါရနေပါတယ်။သူများတွေလိုကျန်းကျန်းမာမာ၊လှလှပပလေးမွေးဖွားလာရင်အရမ်းကောင်းမှာပဲလို့တွေးမိဘူးတယ်။တခါကဆို သေသွားရင်နောင်ဘဝမှာ ရုပ်ရုပ်ချောချောလေးပြန်လည်းမွေးဖွားလာရလိမ့်မယ်ဆိုပြီး ကိုယ့်သာကိုယ်သတ်သေဖို့တောင်စိတ်ကူးမိခဲ့ဖူးတယ်။ဒါတွေကလည်းကျွန်မတစ်ယောက်ထဲကြောင့်မဟုတ်ပါဘူး Socail media လိုtiktokတွေထဲက comment တွေထဲကနေတချို့လူတွေရဲ့စကားတွေကြောင့်လဲပါပါတယ်။ဒါကတော့ကျွန်မတစ်ယောက်ထဲမဟုတ်ပါဘူး။ကျွန်မလိုအရွယ်တွေ၊ကလေးတွေ စတဲ့လူတွေလည်းကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပါ။ Blamerတွေကိုပြောချင်တာကသူများကို blameတယ်ဆိုပြီးကိုယ့်သာကိုယ်အထင်တွေဇွတ်ကြီးနေတယ် တဖက်လူဘယ်လိုခံစားသွားရမလဲဆိုတာကို သူblame ခဲ့ဘူးတဲ့ သူနေရာကနေကြည့်ပေးစေချင်တယ်။နားလည်ပေးချင်တယ် ။ခုလိုTeenager life ကို easy တယ်လို့ပြောနေကြတဲ့လူကြီးတွေကိုလည်းကျွန်မတို့လိုteenage lifeကိုကျော်ဖြတ်ဖူးကြမှာပါ။ဒါပေမဲ့မတူဘူးလေ လူဆိုတာ ရုပ်သာတူချင်တူမယ် ပြုမူပုံစံတွေတစ်ထပ်တည်းမကျဘူး ငါဒီလိုဖြစ်တာသူလည်းဒီလိုပဲဖြစ်မှာပါဘယ်ဟုတ်မလဲနော်။ခုခေတ်teenage life ကအရမ်းကိုခက်တယ် ၊တခြားသူတွေအတွက်တော့မသိပေမဲ့ကျွန်မအတွက်တော့ တစ်နေ့တခြားပိုပင်ပန်းလာရတယ်။အထူးသဖြင့်မိန်းခလေးတွေပေါ့နော် ။မိသားစုကိစ္စတွေ သူငယ်ချင်းတွေနဲ့ကွဲထွက်နေတာမျိုး ၊လှောင်ပြောင်ခံရတာမျိုး၊အမြဲကြုံနေရတယ် ဒါပေမဲ့သူတို့ရဲ့feelingတွေကိုမထုတ်ပြဘူး ။ကျွန်မလိုပေါ့ ကျွန်မလဲ ဘလောက်ဝမ်းနည်းနေပါစေ ကျွန်မအခန်းထဲဝင်ပြီးပဲငိုတယ် အများရှေ့မှာမငိုဘူး အများရှေ့မှာပျော့ညံ့တဲ့မိန်းမတစ်ယောက်လိုထင်တာကိုမခံစေချင်ဘူး။ကျွန်မသူငယ်ချင်း honey ပြောတဲ့အတိုင်း လူ့ဘဝဆိုတာရခဲတယ် ကျွန်မတို့ ရှေ့ဆက်ဖို့အများရီးလိုသေးတယ် ကျွန်မသန်မာရမယ် အလှတွေကိုမြင်နိုင်ရမယ် ကိုယ်သာလျှင် အလှဆုံးလို့တွေးရမယ် ။ confidence ရှိရမယ် ကြောက်ရအောင် သူများတွေနဲ့က်ုယနဲ့လူလူချင်းလေ ဘာကြောက်စရာလိုလို့လည်း အဲ့စကားတွေကိုကျွန်မဝမ်းနည်းတဲ့အခါပြန်ကြားယောင်ပြီး ကျွန်မအကောင်းဆုံးခုတော့ကြိုးစားနေပါတယ်။အရင်ထက်ပိုပြီး နေသားကျလာတယ်လို့ခံစားမိတယ်။ ကိုယ့်သာကိုလည်း နည်းနဲ့အများတော့ confidence ရှိလာတယ်လို့ခံစားမိပါတယ်။အခုဖတ်နေတဲ့သူက စိတ်ဓာတ်ကျနေတယ်ဆိုရင်ကျွန်မကအားပေးစကားလေးနဲ့ကူညီပေးချင်ပါတယ်ရှင့်။ကိုယ့်သာကိုယ်ချစ်ပေးပါ ကိုယ်ကသူများတွေကိုသာချစ်ပေးနေတာလူတွေကကိုယ့်သာကိုချစ်ဖို့ကိုမေ့နေကြပါတယ် အရေးကြီးဆုံးကကိုယ့်သာကိုယ်ချစ်ပေးပါ ။ကိုယ်ပျော်မယ်ထင်တာကိုလုပ်ပါ ။အမှားတော့မဟုတ်ဘူးပေါ့နော် သေချာခွဲခြားလုပ်ပါ။ပြီးရင်မင်းကိုယ်မင်းမှန်ထဲကြည့်လိုက်မင်းကအရမ်းအလှဆုံးပဲ ဘယ်သူမင်းကိုမလှဘူးလို့ပြောတာလဲ ကျွန်မသွားပြဿနာရှာပေးရမလား ။သူများပြောတာတွေခေါင်းထဲကထုတ်ပြီး ကိုယ်သာအလှဆုံးဆိုတာသိထားရမယ်နော်။ဟုတ်ပြီးလား။ကိုယ့်ကိုမုန်းတဲ့သူပဲဖြစ်နေပါစေ ချစ်တဲ့သူပဲဖြစ်နေပါစေ။မာန်မာနမထားပဲ ကိုယ့်ကိုယ်မုန်းနေတဲ့သူက်ုလဲပြန်ပြီးမေတ္တာနဲ့ပဲတုန့်ပြန်လိုက်ပါ။မာန်မာနသာမရှိရင်လူက အပြင်ပိုင်းရောအတွင်းပိုင်းရောပ်ြည့စုံနေမှာပါ ။တချို့ကရှိတယ်မလှတဲ့မျက်နှာကိုမိတ်ကပ်တွေပြင်ပြီး လှအောင်နေ သိုးယောင်ဆောင်သောဝံပုလွေလိုပေါ့ မိတ်ကပ်တွေလိမ်းပြီး အပြင်မှာတော့ လှနေတာပဲ စိတ်ဓာတ်ကကျ ဟိုးအောက်ရောက်နေတဲ့သူမျိုးပေါ့နော် ။အဲ့တော့ဒုတိယအရေးကြီးတဲ့အချက်က စိတ်ထားကောင်းရမယ် ။ ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးကိုအလှတွေနဲ့လွှမ်းခြုံထားတယ်လို့ ၉တန်း မြန်မာ စာအုပ်မှာ ဘဝနှင့်အလှဆိုတဲ့ကဗျာနဲ့ရေးထားတာက်ုတွေ့ရတယ် ။ကိုယ့်ဘက်က အလှကိုမြင်နိုင်အောင်ကြိုးစားရမယ် ။လူ့ဘဝဆိုတာရခဲတဲ့အတွက် ရနေတဲ့လူ့ဘဝမာအချိန်ခဏမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့အလှတွေကိုမြင်သွားနိုင်ရမယ်ဆိုတဲ့စိတ်နဲ့နေ့ရက်တိုင်းကိုအကောင်းဆုံးဖြတ်သန်းကြမယ်.....
#Lu"စာပေ
Keep Reading