Author's Profile Photo

Shwe Yee Yee Htut

5/09/2024

အိမ်ပြေး

1 min read
Book Review
18 Again

ဆယ်ကျော်သက် အရွယ် လူငယ်တစ်ယောက်အနေနဲ့တခြားရွယ်တူတွေလို အိမ်က ထွက်ပြေးချင်တဲ့ စိတ်တွေ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။တကယ်လည်းပဲ အိမ်ကနေ အခုထိထွက်ပြေးနေတုန်းပဲ...အဲလိုအတွေးတွေကြောင့် မိသားစုနဲ့ ပူးပူးကပ်ကပ် မနေတော့ပဲ သီးခြားနေတတ်လာတဲ့ အခြေအနေတွေဆီ တွန်းပိူ့လာတယ် ။ထမင်းစားဝိုင်းမှာ လူစုံတတ်စုံ ကြုံတောင့်ကြုံခဲ စားရတဲ့ အခြေအနေမျိူးမှာ တောင်စကားအသံတိတ်ပြီး နေတတ်တဲ့အထိဝေးခဲ့တာပါပဲ။ အိမ်ကအိမ်ရဲ့ဂုဏ်တွေနဲ့ မပြည့်စုံတော့ဘူး။ကလေးဘဝထဲက အနမ်းတစ်ပွင့်ရဲ့ခွန်အားကြီးမားပုံကို မစဥ်းစားကြည့်ခဲ့ဖူးဘူး။အဲဒီ ညက ကိုယ့်ကိုကိုယ်သတ်သေရမလား ဆက်ပြီး အသက်ရှင်ရမလား ဝေခွဲရခက်နေချိန် ကိုယ့်ရဲ့နှဖူးပြင်ကို အဖေ ခပ်ဖွဖွ နမ်းငုံသွားလိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့အခက်အခဲမှန်သမျှကို ရဲရဲတင်းတင်းရင်ဆိုင်နိုင်ဖို့ အားအင်တွေ ရသွားစေခဲ့တယ်။ကျဆင်းလာတဲ့ မျက်ရည်တွေက ပျော်ရွှင်မှုနဲ့အတိအကျမသိတဲ့ ခံစားချက်တခုခု ပေါင်းစပ်ထားတယ်။အဲဒီအခိုက်အတန့်မှာတော့ ကိုယ်ဟာ အိမ်လွမ်းနာကျတဲ့ ငှက်လေးတစ်ကောင်ဖြစ်လို့လာပါတော့တယ်....

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ