Author's Profile Photo

ဆွေ (မန္တလေး)

4/09/2024

Book Review 1#

1 min read
Book Review
Book Review 1#'s photo

စာအုပ်နာမည် - အမှတ်တရ
စာရေးသူ - ဂျူး

ဖတ်သည့်ရက်စွဲ | ၃၁၊ ဂျူလိုင်၊ ၂၀၂၄ - ၄၊ စက်တင်ဘာလ၊ ၂၀၂၄။

ဘဝမှာ အမှတ်တရအဖြစ် သိမ်းထားချင်စရာ လူတစ်ယောက်ကတော့ လူတိုင်းမှာ ကြုံဖူးကြလိမ့်မယ်။ ဆရာမ ဂျူးရဲ့ သိမ်းထားချင်စရာ လူတစ်‌ယောက်အကြောင်းကို ဖတ်ရပေမဲ့ တကယ်တမ်း စိတ်ထဲ ကျွန်မကို ပိုစွဲစေတာက စုစုထွေးပဲ။

သူဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အယူအဆတွေကို သူဘယ်လိုများ အေးအေးလေး ဆုံးဖြတ်နိုင်ခဲ့သလဲလို့ အပြစ်တင်မိချင်တယ်။ "သဘောထားကြီးလိုက်တာ" လို့ မပြောပေးရက်တော့ဘူး။ အဲ့လိုကြားတိုင်း သူဘယ်လောက်ပေးဆပ်ခဲ့ရလဲဆိုတာ မြင်နေရတာမို့လို့ သူမအတွက် နှစ်သိမ့်စကားလည်း မဖြစ်နိုင်ဘူးလေ။

အပြင်မှာတွေ့ရင် စုစုထွေးကို ဖက်ပြီး "တော်တယ်။ ပင်ပန်းသွားရပြီနော်"လို့ပဲ ပြောပေးပြီး မိတ်ဆွေအပေါင်းသင်းလို ဖက်ထားပေးချင်တော့တယ်။

ဒါကတော့ ကျွန်မ စာအုပ်ထဲပါတဲ့ ဇာတ်ကောင်ပေါ်မှာဖြစ်မိတဲ့ ကရုဏာတစ်ခုပါ။

အကြိုက်ဆုံးစာစုကို ပြောရမယ်ဆိုရင် မောင်နဲ့ပက်သက်သည့် စာစုတွေထက် ဒီစကားကို ပိုရင်ထဲစွဲနေမိပါသည်။

"ကျေးဇူးပြုပြီး ဘာမှမပြောပါနဲ့လေ။ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တာမဟုတ်ပါဘူး။ ကျွန်မက သဘောထားကြီးပါတယ်။ ဒါပေမယ့် အဲ့ဒီလို သဘောထားကြီးလိုက်တာဆိုတဲ့ အံ့ဩမှု၊ ကျေးဇူးတင်မှုကလေး ရဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေကတော့ အများကြီးပါပဲ။" တဲ့


ဘဝက စုစုထွေးလိုပဲ ကြုံခဲ့ဖူးလို့ထင်ပါရဲ့။ အဲ့ဒိစကားကို မျက်စိနဲ့ တင်ဖတ်လိုက်ရတာမဟုတ်ပဲ ရင်ဘတ်နဲ့ဖတ်လိုက်ရပါတယ်။

ဘယ်သူတွေဖတ်ဖို့အကြံပေးရမလဲဆိုရင်
"စာအုပ်ကောင်းတစ်ခုကို မလွတ်ချင်ပါဘူး" ဆိုတဲ့လူတိုင်း ဖတ်ဖို့ ရည်ညွှန်းပါတယ်။

ရိတ်တင် (rating) ပေးရမယ်ဆိုရင် ၉.၅/၁၀ ပါ။
ကျွန်မစာအုပ်စင်ရဲ့ အကြိုက်ဆုံးစာအုပ်များတင်ထားတဲ့ အကန့်ထဲမှာ အမြဲပါနေမဲ့ စာအုပ်တစ်အုပ်ပါ။

၅၊ စက်တင်ဘာလ၊ ၂၀၂၄။
မနက် ၂:၀၀။
ဆွေ (မန္တလေး)

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ