Aung Thu Ya Kyaw
မနေ့က Youtube Video တစ်ပုဒ် ကို ကြည့်လိုက်ရတယ်။ ဘာလဲဆိုတော့ အင်တာဗျူး လုပ်နေတဲ့ လူတစ်ယောက်က လူငယ်တစ်ယောက်ကို မေးလိုက်တယ် “ ဒီလွယ်အိပ်လေးက သိန်း ၁၀၀၀ တန်တယ်… ဝယ်မလား?”
လူငယ်လေးပြန်ပြောတယ် “ဘာလို့ သောင်းဂဏန်း အလွန်ဆုံးရှိတဲ့ ဒီလွယ်အိပ်လေးကို သိန်း ၁၀၀၀ ပေးပြီးတော့ ဝယ်စရာလား? ရူးနေတဲ့ လူမှ မဟုတ်တာဗျာ”
ဒီအချိန်မှာ အင်တာဗျူးလုပ်နေတဲ့သူက ပြန်ပြောတယ်။ မှားနေတယ်ညီ အစ်ကို့ကို ညီပြန်ပြောရမှာက “ ဒီလောက် သောင်းဂဏန်းပဲရှိတဲ့ လွယ်အိပ်လေးကို သိန်း ထောင်နဲ့ ချီ ဝယ်ရလောက်အောင် ဘာတွေများ ပါဝင်နေလို့လဲ” ဆိုတဲ့ မေးခွန်းပဲ။
အဓိကက ချမ်းသာတဲ့သူတွေ နဲ့ သာမန်လူတွေနဲ့ကြားမှာ မတူညီတဲ့ စိတ်ဓာတ်ဆိုတာ ဒါပဲညီ။ ချမ်းသာတဲ့သူတွေက လွယ်အိပ်ရဲ့ တန်ဖိုးဆိုတာထက် ဒီလွယ်အိပ်က ဒီလောက်ထိတန်နေရအောင် ဒီလွယ်အိပ်ထဲမှာ ဘာတွေများပါဝင်နေလို့လဲ? ဆိုတာကိုပဲ အဓိက သေသေချာချာ မေးလေ့ရှိတယ်။
ဥပမာ ဒီထဲမှာ ရွှေတွေ အတုံးလိုက် ထည့်ထားနေလို့လား? အဖိုးတန် ရှေးခေတ် လွယ်အိပ်မို့လို့လား? ဒီလွယ်အိပ်ကို လွယ်လိုက်ရင် ဘယ်လောက်ထိ လူသိများသွားမှာလဲ? ဆိုတာတွေပဲ ညီ။
ဒါကြောင့်မို့ သာမန်လူတွေအနေနဲ့ကတော့ ဒီလွယ်အိပ်တန်ဖိုးက သိန်း ၁၀၀၀ တန်တယ်လို့ ပြောလိုက်ရင် သူတို့ ယုံမှာ မဟုတ်သလို၊ သူတို့ကိုယ်တိုင်က လည်း ဒီလောက်ထိ တန်နိုင်မယ်ဆိုတာ သိနေမှာ မဟုတ်ဘူးညီ။
Video က ခဏလေးဆိုပေမယ့် ကျွန်တော့အတွေးထဲမှာတော့ တော်တော်လေး တွေးစရာဖြစ်ခဲ့ပါပြီ။ ဒါကြောင့်မို့ ကျွန်တော် သိလိုက်တာက ROI ပါလား ဆိုတာ ဖြစ်ပါတယ်။
ROI/Return On Investment ကိုယ်က ရင်းနှီးမြှုပ်နှံလိုက်လို့ ကိုယ်ဘာပြန်ရနိုင်မလဲ ဆိုတဲ့ Mindset ဖြစ်ပါတယ်။ ကိုယ်က သာမန်လူ မဖြစ်ချင်ဘူး။ ဒီထက်မြင့်တဲ့ လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ်ရင်းနှီးမြှုပ်နှံလိုက်တဲ့ Assets တွေအပေါ်မှာ ဈေးကြီးတယ်၊ များတယ် ဆိုတာထက် ကိုယ်ဘာပြန်ရနိုင်သလဲ ဆိုတာကို ပဲ တွေးသင့်တယ်။
ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းတိုင်းကို ဈေးသက်သက်သာသာနဲ့ ရအောင်ဆိုတာထက် ROI နဲ့ပဲ နှိုင်းယှဉ်သင့်တယ်။ ဥပမာ သင်တန်း တစ်ခု တက်ပြီဆိုရင်လည်း သင်တန်းကြေး ကို နောက်မှထား၊ အရင်ဆုံး ကိုယ့်ဘဝ အတွက် သင်တန်းတက်လိုက်လို့ ဒီပညာနဲ့ အတူ ငွေ ဘယ်လောက် ပြန်ရှာစားနိုင်လား? ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းဆိုတာလည်း လိုအပ်မှ တက်။ မလိုအပ်ရင် မတက်နဲ့။ ပညာတတ်ဘွဲ့ရပြီးတော့ ပြန်အသုံးမချနိုင်ဘူးဆိုရင် တက်ခဲ့တဲ့ အချိန်တွေက အချည်းအနှီးပဲ။
Keep Reading