Leo Nann
ဒီနေ့ခေတ်မျိုးဆက်သစ်လူငယ်အများစုကို
ဘယ်လိုစာပေမျိုးတွေ ဖတ်ချင်သလဲလို့မေးလိုက်ရင် motivationပေးတဲ့စာပေတွေဖတ်ချင်တယ်လို့ဖြေကြတာများပါတယ်။
ဒါကိုကြည့်ချင်းအားဖြင့် လူငယ်တွေမှာ စိတ်ခွန်အားတွေ အမှန်တကယ်လိုအပ်နေတာကို သိရှိနိုင်ပါတယ်။
motivationကဘာကြောင့်လိုအပ်နေတာလဲလို့မေးရင်
-စာလုပ်ချင်စိတ်ပျောက်နေလို့ -စိတ်ဓာတ်ကျနေလို့ -စိတ်တွေရှုပ်ထွေးနေလို့ -အလုပ်မှာအဆင်မပြေလို့ -အရှုံးပေါ်နေလို့ -အကြွေးတွေတင်နေလို့ -အဆိုးတွေပဲကြုံနေရလို့ -ကောင်းတဲ့အရာတွေနဲ့ အမြဲလွဲနေလို့
အစရှိသဖြင့် အဖြေအမျိုးမျိုးရှိနေနိုင်ပါတယ်။
ဘယ်လိုအကြောင်းပြချက်ကြောင့်ပဲ motivationလိုလို အဓိကကျတဲ့အခြေခံအကြောင်းအရင်းကတော့ စိတ်ကြောင့်ပါပဲ။
ဒီတစ်ခါမှာတော့ Leoက
"စာလုပ်ဖို့ စိတ်ခွန်အားတွေပျောက်နေလို့ motiပေးပါဦး"ဆိုသူတွေအတွက် ဒီဆောင်းပါးကလေးကနေ
တစ်ဆင့် motivationပေးသွားပါမယ်နော်။
"စာလေ့လာနေသူတစ်ဦးက စာလုပ်ရမှာပျင်းလို့ စာတွေ
မကျက်တော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ။"
?အဖြေကတော့ရှင်းရှင်းလေးပါပဲ။ ?စာမေးပွဲအောင်ဖို့မဖြစ်နိုင်တော့ပါဘူး။
Onground မှာပဲဖြစ်ဖြစ်၊onlineမှာပဲဖြစ်ဖြစ် စာလုပ်ရတာချင်းကအတူတူပါပဲ။ဘာသာစကားပဲသင်သင်၊ကျောင်းစာပဲသင်သင် ငွေကုန်တာချင်းအတူတူပါပဲ။
အခမဲ့ပညာရေးဖြစ်နေမယ်ဆိုရင်တောင်
စာအုပ်ဖိုး၊ဘောပင်ဖိုး၊ခဲတံဖိုးကတော့ကုန်တာပါပဲ။
သင်ပေးတဲ့ဆရာကအခကြေးငွေမယူပဲ အလကားသင်ပေးတာမျိုးလည်းရှိနေနိုင်ပါတယ်။ဒါဆိုရင်တောင် သင်ယူသူတွေအနေနဲ့က သင်ထောက်ကူပစ္စည်းတွေအတွက် ကုန်ကျနေရဦးမှာပါ။
onlineကနေသင်တဲ့သူတွေအတွက်ကရောမကုန်ကျတော့ဘူးလား???
သူတို့တွေလည်းdataကြေးကုန်တာပါပဲ။
ဒီလိုတွေ အကုန်အကျခံပြီးမှ သင်က စာမလုပ်ဘူးဆိုရင် ဘာအကျိုးရှိတော့မလဲ။
ငွေကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။ဘာမှဖြစ်လာမှမဟုတ်တော့ပါဘူး။ဒီတော့
ငွေကုန်ရတာနဲ့တန်အောင် စာလုပ်ကြရပါမယ်။
နောက်တချက်အနေနဲ့ မှတ်သားထားသင့်တာလေးရှိပါသေးတယ်။
"လူတိုင်း စာသင်ခွင့်မရဘူးဆိုတာ သင်သိပါသလား။"
သင်က စားပွဲပေါ်စာအုပ်ကလေးတင်ပြီး
စာလုပ်နေတဲ့အချိန်၊ထိုင်ခုံလေးမှီပြီး စာကျက်နေတဲ့အချိန်(ဒါမှမဟုတ်)စာလုပ်ဖို့ပျင်းရိနေတဲ့အချိန်၊စာမလုပ်ပဲ လိုင်းသုံးနေတဲ့အချိန်မှာ အခြေအနေအရပ်ရပ်ကြောင့် စာသင်ခွင့်ပင်မရလို့ ငိုကြွေးနေရတဲ့သူတွေရှိနေတာကိုသတိရပါ။
ထိုသူတွေကို အားနာတတ်ပါစေ။
သင့်မှာစာလုပ်ခွင့်ရှိနေပါလျက် မကြိုးစားရသေးရင် ရှက်သင့်ပါပြီ။
ဒါက သင် စာကို ဘာ့ကြောင့်လုပ်သင့်တာလဲဆိုတဲ့အပိုင်းပါ။
-------------------------------------------------
နောက်တစ်ခုအနေနဲ့ကတော့ "ဘယ်အချက်တွေကြောင့်စာလုပ်ချင်စိတ်ပျောက်နေတာလဲ"၊"ဘယ်လိုနည်းလမ်းတွေနဲ့ စာကိုလုပ်သွားရမလဲ"ဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်။
(1)"စာတွေကျက်မရဘူး။ခေါင်းထဲမရောက်ဘူး။"ဆိုတဲ့သူတွေက
ဘာ့ကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတဲ့ အရင်းအမြစ်ကိုအရင်ရှာပါ
ရှာတွေ့ပြီဆိုဖြေရှင်းပါ။မဖြေရှင်းနိုင်တဲ့ပြဿနာဆိုတာမရှိပါဘူး။
များသောအားဖြင့်စာလေ့လာနေသူတစ်ဦးက
stressဆိုတဲ့ဖိအားတစ်ခုခုရှိလာတဲ့အခါ
စာလုပ်ချင်စိတ်တွေပျောက်သွားတတ်ပါတယ်။
Stressတွေစုမိလာတဲ့အခါ depressionလို့ခေါ်တဲ့စိတ်ဓာတ်ကျခြင်းအဖြစ်သို့ ဦးတည်သွားနိုင်တာကြောင့်ပေါ့ဆမနေသင့်ပါဘူး။stressတွေကိုဖြေရှင်းနိုင်ဖို့နည်းလမ်းရှာရပါမယ်။
ဥပမာ-စာမလုပ်ခင် တက်ကြွတဲ့သီချင်းတစ်ပုဒ်နားထောင်လိုက်တာမျိုးပါ။
(2)စာလုပ်တဲ့အခါ ရည်မှန်းချက်ပန်းတိုင်တစ်ခုထားပါ။
ကိုယ်က ဒီစာကို ဘာအတွက်လုပ်နေတာလဲ။
ဘာရည်ရွယ်ချက်နဲ့ ဒီအရာကို လုပ်နေတာလဲ။
-ဘွဲ့တစ်ခုရဖို့လား။ -လက်မှတ်တစ်ခုရဖို့လား။ -အသိပညာတိုးချင်လို့လား။ -အလုပ်ရချင်လို့လား။ -ပတ်ဝန်းကျင်မှာအဆင့်အတန်းရှိရှိနေထိုင်နိုင်ဖို့အတွက် လား။
စိတ်ကူးထဲမှာ ရည်မှန်းချက်ပန်းတိုင်(Goal)
တစ်ခုထားရှိခြင်းက စာလုပ်ရတဲ့ရည်ရွယ်ချက်ကို အမြဲသတိရနေစေပြီး စာလုပ်ချင်စိတ်ရှိလာဖို့ တွန်းအားတစ်ခုဖြစ်လာစေမှာပါ။
(3)စာတွေကို regular learning system (ပုံမှန်လေ့လာခြင်းစနစ်)အတိုင်း လေ့လာမိရဲ့လား ပြန်ဆန်းစစ်ပါ။
စာကို တစ်ရက်လောက်ကလေး ပစ်ထားမိတဲ့အခါ စာနဲ့အဆက်ပြတ်သလိုဖြစ်သွားပြီး
ပျင်းရိလာနိုင်ပါတယ်။
လုပ်စရာရှိတဲ့ အိမ်စာတွေကို အတတ်နိုင်ဆုံး တစ်ခါတည်းပြီးအောင်လုပ်ပါ။နောက်ရက်ထိ အကြွေးအဖြစ်ဆက်သယ်သွားဖို့ စိတ်မကူးပါနဲ့။ဒါက စာလုပ်ချင်စိတ်ကိုလျော့ကျစေနိုင်လို့ပါ။
(4 )တစ်ပါးသူတွေနဲ့မပြိုင်ပါနဲ့။
တချို့သူတွေက ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တတ်ကြပါတယ်။
စာလုပ်တဲ့အခါ ကိုယ့်အနားကသူတွေနဲ့ မသိစိတ်ကယှဥ်မိပြီး စိတ်ထဲကပြိုင်မိနေတတ်ပါတယ်။
ကိုယ့်ရှေ့ပြေးနေတဲ့သူနဲ့ ယှဥ်မိတဲ့အခါ
"ငါကသူ့လောက်မလုပ်နိုင်ဘူးပဲ"ဆိုပြီးသိမ်ငယ်သွားနိုင်ပါတယ်။
ကိုယ့်နောက်ကသူနဲ့ယှဥ်မိတဲ့အခါကျ ကိုယ့်ကိုကိုယ်စိတ်ကြီးဝင်ပြီး ကြိုးစားမှုတွေလျော့ကျသွားနိုင်ပါတယ်။
ဒါ့ကြောင့် တခြားဘယ်သူနဲ့မှ မပြိုင်သင့်ပါဘူး။
ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုစွမ်းအားနဲ့သာယှဥ်ပြိုင်သင့်ပါတယ်။"ဒီတစ်ခါလုပ်နိုင်တာထက် နောက်တစ်ခါပိုလုပ်နိုင်အောင် ကြိုးစားမယ်"ဆိုတဲ့စိတ်ကို မွေးပါ။
ဒါဆိုရင် စာလုပ်ချင်စိတ်တွေ သေချာပေါက်တိုးလာမှာပါပဲဖြစ်ပါတယ်။
အထက်မှာဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးတွေက စာဖတ်သူလေးတို့အတွက် အကျိုးရှိလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
စာလုပ်ချင်စိတ်တွေတိုးပွားလာပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။?
-------------------------------------------------
အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။?
အားလုံးကိုအစဥ်လေးစားလျက်.....
Leo
Keep Reading