Author's Profile Photo

Hein Zaw

29/08/2024

ဘ၀က ငွေနောက်လိုက်ဖို့ အသက်ရှင်နေရရင် အဓိပ္ပာယ်မရှိဘူး ◾

1 min read
Business
ဘ၀က ငွေနောက်လိုက်ဖို့ အသက်ရှင်နေရရင် အဓိပ္ပာယ်မရှိဘူး
◾'s photo


ငွေက ပျော်ရွှင်မှုကို ဝယ်လို့မရဘူး။ မှန်တယ်။ ဒါပေမဲ့ ငွေမရှိတာကတော့ ဘာမှကို ဝယ်လို့မရပြန်ဘူး။

ငွေကြေးချို့တဲ့ရင် ငွေနောက်ကိုလိုက်ရပြီး ငွေရဲ့ ကျေးကျွန်ဖြစ်သွားတတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိတ်ဆွေတွေထဲမှာ သတိထားကြည့်။ တချို့ အလုပ်လုပ်နေတယ်ဆိုတာ ကိုယ်လုပ်ချင်လို့လုပ်နေတာမဟုတ်ဘဲ ငွေအတွက်၊ စားဝတ်နေရေးအတွက်ပဲ လုပ်နေရတယ်။ အခြေအနေအရ စိတ်ပါပါမပါပါ လုပ်ပဲ။ တချို့ စိတ်ပင်ပန်းလွန်းလို့ အလုပ်ထွက်ချင်လျက်နဲ့တောင် မထွက်နိုင်တဲ့ဘ၀တွေရှိတယ်။ တချို့ဆို သက်ကြီးရွယ်အိုဖြစ်တဲ့အထိ မနက်ကနေ ညနေအထိ ပင်ပန်းဆင်းရဲစွာ လုပ်နေရတုန်းပဲ။

ဘ၀မှာ ကိုယ်လုပ်ချင်တာလုပ်နိုင်ဖို့၊ ကိုယ်ဝါသနာပါတာလုပ်နိုင်ဖို့ဆိုရင် ငွေက ကိုယ့်နောက်ကိုလိုက်အောင် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ထားဖို့လိုတယ်။ ဆိုလိုတာက အနည်းဆုံး ခင်ဗျား ဒီအလုပ်မှာမလုပ်ချင်တော့ဘူးဆိုရင် ထွက်ပစ်လို့ရတဲ့အထိ ဝင်ငွေအတွက်စိုးရိမ်စရာမလိုလောက်အောင် တည်ဆောက်ထားဖို့လိုတယ်။

ငွေ ကိုယ့်နောက်ကို လိုက်အောင်လုပ်လို့ရတဲ့ အကောင်းဆုံးနည်းလမ်းကတော့ Invest in Yourself မိမိကိုယ်တွင် ရင်းနှီးမြှုပ်နှံခြင်းပဲ။ Professional Skill နဲ့ Financial Literacy ကို ကျွမ်းကျင်တတ်မြောက်အောင်လေ့လာ။ ပြီးရင် အဲဒီကျွမ်းကျင်မှုကို လက်တွေ့အသုံးချ။ ငွေရှာတတ်ပြီး ငွေတွေထိန်းသိမ်းတာနဲ့ ငွေကိုခိုင်းဖို့မလုပ်တတ်ရင်လည်း စိတ်မချရဘူး။

ဘ၀က ငွေနောက်လိုက်ဖို့ အသက်ရှင်နေရရင် အဓိပ္ပာယ်မရှိဘူး။ ပင်ပန်းတယ်။ ငွေက ကိုယ့်နောက်လိုက်အောင်တည်ဆောက်ပြီး ကိုယ်လုပ်ချင်တာလုပ်နေနိုင်ဖို့ အရေးကြီးတယ်။

#HeinZaw
#InvestInYourself

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်