SarPhat Author
MVP ဆိုတာကို အချို့ကလည်း Landing Page တစ်ခုလို့ခေါ်တယ်။ အချို့ကလည်း Application Prototype လို့ခေါ်တယ်။ ဒါဆို ဘယ်ဟာအမှန်လဲ။ ဒီနေရာမှာ ဘယ်ဟာအမှန်၊အမှားလဲဆိုတာ ငြင်းခုန်တာထက် MVP ရဲ့အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အိုင်ဒီယာပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ Product တစ်ခုကို မတည်ဆောက်ခင် Market မှ အသုံးဝင်နိုင်၊ မဝင်နိုင် သိရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဒီလိုသိရှိနိုင်ဖို့အတွက် MVP - Minimum Viable Product တစ်ခုမှာ အဓိက Basic Function တွေ ပါဝင်ဖို့ လိုမယ်။ User တွေအနေဖြင့်လည်း အထိုက်အလျောက်အသုံးပြုနိုင်ရမယ်။ ဒါကို MVP - Minimum Viable Product လို့ အကြမ်းဖျင်းသတ်မှတ်လို့ ရတယ်။ MVP မှာ အမျိုးအစားအများကြီးရှိတယ်။ အဓိကအားဖြင့်တော့ Market Testing MVP နဲ့ Product Testing MVP ဆိုပြီး (၂) မျိုးရှိပါတယ်။
Market Testing MVP ဆိုတာ ဘာလဲ။
Market Testing MVP ဆိုတာ ကိုယ်ဖန်တီးထုတ်လုပ်မယ့် Product ကို လက်ရှိ Market ထဲမှာ စိတ်ဝင်စားတဲ့ဝယ်ယူသူတွေရှိနိုင်၊ မရှိနိုင် Testing ပြုလုပ်တဲ့ ပုံစံမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဉပမာအားဖြင့် Landing Page မှာ မကြာခင် (၁) ရက်အတွင်း ဝန်ဆောင်မှုပေးနိုင်တဲ့ Delivery Service တစ်ခုစတင်ဖို့ ရှိတယ်။ Email ချန်ထားခဲ့ပါ။ Video တစ်ခုထဲမှာ ကိုယ်ဖန်တီးချင်တဲ့ Product အကြောင်းကို လိုတိုရင်း ရှင်းပြရင်း စိတ်ဝင်စားရင် Email ချန်ထားပါ။ စသဖြင့် ဒီလို Video MVP ပုံစံမျိုး ကို Dropbox မစတင်ခင်တုန်းကလည်း အသုံးပြုပါတယ်။ ဒီလို MVP ကို Market Testing MVP လို့ခေါ်တယ်။ အခြား A/B Testing ပုံစံမျိုးတွေလည်း အစုံပါပဲ။ လေ့လာကြည့်ပါ။
Product Testing MVP ဆိုတာဘာလဲ။
Product Testing MVP ဆိုတာ ကိုယ်ဖန်တီးထုတ်လုပ်မယ့် Product ကို လက်ရှိ Market ထဲမှာ တကယ့် အသုံးပြုကြည့်နိုင်သည်အထိ ဖန်တီးပြီး Testing ပြုလုပ်တဲ့ ပုံစံမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ Wireframes အကြမ်းထည်တွေ ချပြရင်း တိုင်ပင်ဆွေးနွေးတာ၊ Mock Up တွေ စတင်ဖန်တီးတာ၊ တကယ့်အသုံးပြုလို့ရမယ့် Live Product တွေကို ဖန်တီးရင်း User တွေနဲ့ စကားပြောကြည့်၊ စကားသံတွေကို နားထောင်တာ။ ဒါကို
Product Testing MVP လို့ခေါ်ပါတယ်။
အနှစ်ချုပ်ကတော့ ကိုယ့်မှာ အိုင်ဒီယာတစ်ခုရှိတယ်။ အလွယ်ကူဆုံးက Market Testing MVP အရင်ဆုံးပြုလုပ်လို့ရပါတယ်။ ဉပမာ - Landing Page တည်ဆောက်တာ။ Video တွေရိုက်တင်ရင်း စိတ်ဝင်စားမှုကို စောင့်ကြည့်တာ။ ဒီကတဆင့် လူတွေစိတ်ဝင်စားတဲ့အခါ နောက်တစ်ဆင့် Product Testing MVP အဆင့်ကို ကူးပြီး Mock Up Design ဖန်တီးတာ၊ Live Product တွေ ဖန်တီးကြည့်တာ။ စသဖြင့် MVP တစ်ခုကို စနစ်တကျ တည်ဆောက်နိုင်ပါပြီ။
Application တစ်ခုလုံးကို တိုက်ရိုက်စပြီးလုပ်တာထက် MVP နဲ့အရင် Testing လုပ်တာကို အားပေးတယ်။ ကုန်ကျစရိတ်လည်း သက်သာတယ်။ ထိရောက်မှုလည်း ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့အတိုင်းပဲ လုပ်ဖြစ်လို့ အားလုံးနဲ့အတူ ပြန်မျှဝေလိုက်ပါတယ်။
#mvp
Keep Reading