Author's Profile Photo

Hnin

27/08/2024

Meditationနှင့်စိတ်ခွန်အား

1 min read
Personal Development
General Knowledge
Meditation နှင့်ပတ်သတ်ပြီး ကောင်းတဲ့အချက်တွေအများကြီးရှိတယ်ဆိုတာ အားလုံးသိကြတော့ အများကြီးပြောစရာမလိုလောက်ဖူး ထင်ပါတယ်


ကျွန်မ Meditation စပြီးလုပ်ကတည်းက ကျွန်မရည်ရွယ်ချက်က စိတ်ပိုပြီး တည်ငြိမ်လာစေဖို့၊ အဆင်မပြေမှုတစ်ခုကြားမှာ နေနေရတဲ့အချိန်မှာ လူတွေရဲ့စကားတွေကိုနားထဲရောက်ပြီးခံစားမနေဘဲ
ဥပက္ခာပြုနိုင်ဖို့၊ပိုပြီးတော့ စိတ်ရှည် သည်းခံနိုင်ဖို့ဆိုပြီး စလုပ်ခဲ့တယ်။Meditation time ကြာလာတာနှင့်အမျှ အတွေးလေးတစ်ခုပြောင်းလဲစေခဲ့တယ်။

ကျွန်မက Meditation လုပ်ရင် အမြဲ Timerထားပြီးလုပ်ဖြစ်တယ်။ဥပမာ.. 30mins or 45mins.
အဲလိုထားပြီး Meditation လုပ်ရင်လေ ကြိုးစားချင်စိတ်တွေလည်းပေါ်လာတယ်။ပြောချင်တာက ကိုယ်က မိနစ် ၃၀ Timerထားပြီး စလုပ်တယ်ဆိုရင် မိနစ် ၂၅လောက်မှာ ခြေထောက်တွေညောင်းလာလို့ ဖြုတ်ချင်နေပြီ ၊ အဲဒိမှာ ဖြုတ်လိုက်တယ်၊Timer ထားတဲ့အချိန်ပြန်ကြည့်လိုက်တော့ အောင်မြင်ဖို့ 5minsဘဲလိုတော့တာ တွေ့လိုက်ကတော့...အော်..
ငါသာဆက်ပြီးသည်းခံလိုက်ရင် အချိန်ကပြည့်တော့မှာပါလားဆိုတဲ့ အတွေးနှင့်အတူ ငါတို့တွေရဲ့ ကြိုးစားမှုတွေ၊ငါတို့တွေရဲ့အနစ်နာခံမှုတွေ၊ငါတို့တွေရဲ့သည်းခံမှုတွေဟာ အချိန်တစ်ခုရောက်ရင်အောင်မြင်လာမှာပါလားဆိုတဲ့ အတွေးလေးဝင်လာမိတယ်။အဓိက ကတော့ငါတို့တွေရဲ့စိတ်ဓာတ်တွေ လျော့မသွားဘဲ မျှော်လင့်ချက်တွေနှင့်အတူရှင်သန်နေကြအုန်းမယ်ဆိုရင် အချိန်တစ်ခုရောက်ရင် အဆင်ပြေသွားမှာပါလားဆိုတဲ့ အတွေးတစ်ခုရသွားပါတယ်။

အဲလိုအတွေးလေးနှင့်အတူ ကျွန်မပြောချင်တာကတော့လေ တစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီမှာ အခက်အခဲ တွေရှိကြပါတယ်။အဲဒိအခက်အခဲတွေက မတွေ့ရသေးတဲ့အချိန်နှင့်၊တွေ့ပြီး ကျော်ဖြတ်ပြီးသွားတဲ့အချိန်ဆိုတာဘဲ ကွာသွားတာပါ။

အမှောင်ထဲရောက်နေလား ဖြည်းဖြည်းလျှောက် အလင်းတွေ့လာလိမ့်မယ်။


နေ့တစ်နေ့မှာအလုပ်တွေများလွန်းလို့ဘာသာရေးလုပ်ဖို့အချိန်မရရင် Meditation ကိုတော့ ပုံမှန်လေး လုပ်ကြည့် ကြည့်ပါလို့ အကြံဉာဏ်စကားလေး ပြောချင်ပါတယ်ရှင့်။

Hnin(27.8.254)10:40Pm

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အချိန်ဆွဲတာကိုကုစားမယ်