Jane Catherine - the storyteller
ဘယ်မှမသွားဘဲ အိမ်မှာပဲ နေရတဲ့အချိန်တွေမှာ extrovertတွေအတွက် အခက်အခဲရှိတတ်ပေမယ့် introvert တွေအတွက် တော့ သုခဘုံပဲ ပေါ့။ အဲဒါကြောင့် extraversion, introversionတွေရဲ့ မူလ အခြေခံ သီအိုရီတွေကို ပြောပြဖို့ရွေးချယ်ထားပါတယ်။
စိတ်ပညာမှာနောက်ထပ် အရေးပါတဲ့ နယ်ပယ်တစ်ခုကတော့ personality လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးအပိုင်းပဲ ဖြစ်ပါတယ်။ သူက စိတ်ပညာရဲ့ သီအိုရီတွေလေ့လာမှုတွေ အကုန်စုဆုံတဲ့ အပိုင်းလို့တောင် ပြောလို့ရပါတယ်။ သူဟာ IQ EQတွေနဲ့အတူ လူစိတ်ဝင်စားမှု အတော်များတဲ့ ကဏ္ဍလည်း ဖြစ်ပါတယ်။ ကိုယ့်personalityနဲ့ကိုက်ညီတဲ့ နေထိုင်မှုပုံစံ၊ အလုပ်အကိုင်တွေရှိမှပဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပေါ့။
ကိုယ်ရည်ကိုယ်သွေးကို ပညာရှင်တွေက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ဒါပေမဲ့ ဆိုလိုရင်းကတော့ လူသားတစ်ဦးကို သူရယ်လို့ ဖြစ်စေတဲ့ တစ်မူထူးခြားတဲ့ အပြုအမူနဲ့တွေးခေါ်မှုပုံစံတွေပဲ ဖြစ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးကို လေ့လာရာမှာ Approachလေးခုအနက် Sigmund Freudရဲ့ psychodynamic approach (id, ego, superego)ပြီးရင် အထင်ရှားဆုံးကတော့ trait approachပဲ ဖြစ်ပါတယ်။
Trait(သဘောလက္ခဏာရပ်)တွေဆိုတာကတော့ လူတစ်ဦး ပုံမှန်တွေးခေါ်ပြုမူလေ့ရှိအောင် တိမ်းညွတ်စေတဲ့အရာပဲ ဖြစ်ပါတယ်။ ဒီချဥ်းကပ်လေ့လာနည်းမှာ ယူဆချက်သုံးချက်ကို အခြေခံထားပါတယ်။
တာကတော့ OCEANလို့ အတိုကောက် ခေါ်ကြတဲ့ Big Five Personality testပဲ ဖြစ်ပါတယ်။ Raymond Cattell ရဲ့ 16PFကို Paul Costa နဲ့ Robert McCraeတို့က ထပ်ပြီးစိစစ်လိုက်ကာ trait၅ချက်ပါတဲ့ စစ်ဆေးလွှာအဖြစ် တည်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Trait ၅ခုကတော့
နိဂုံးချုပ်ပြောရရင်တော့ trait theoryဟာ
• Psychodynamic နဲ့မတူဘဲ တိုင်းတာမှုကိုပြလုပ်နိုင်တဲ့အတွက် psychometric theories လို့လည်း ခေါ်ကြပါတယ်။
• လူတွေ ဘာကြောင့် ပြုမူကြတယ်ဆိုတာထက် ဘယ်လိုပြုမူတယ်ဆိုတာကို ပိုအာရုံစိုက်ပါတယ်
• ကိုယ်ရည်ကိုယ်သွေးကို Traitတွေစုပေါင်းထားတာအဖြစ်ပဲ မြင်တဲ့အတွက် လူသားတစ်ခုလုံးအဖြစ် ပုံဖော်အနက်ပြန်ဖို့ ခက်ခဲတတ်ပါတယ်။
• မျိုးရိုးဆက်ခံတတ်ပြီး အခြေအနေနဲ့ မပြောင်းလဲတတ်ဘူးလို့ ယူဆခဲ့တဲ့အတွက် social cognitive approach သမားတွေနဲ့ ဆန့်ကျင်သလို ဖြစ်တတ်ပေမဲ့ အတိုင်းအတာတစ်ခုအထိတော့ လက်ခံထားတယ်လို့ ဆိုပါတယ်။
Keep Reading