Author's Profile Photo

Chitsu

27/08/2024

''ကျိန်စာသင့် ဂျေရုဆလမ်''

1 min read
Book Review
General Knowledge
Culture
''ကျိန်စာသင့် ဂျေရုဆလမ်'''s photo


ဂျေရုဆလမ်ဟု ဆိုလိုက်သည်နှင့် ဘာသာရေးအဓိကရုဏ်းတွေ ၊ သမ္မာကျမ်းစာတွေကြား လောင်မြိုက်နေသော၊ အစ္စရေး ၊ ပါလတ်စတိုင်း ၊ ဂျူး ၊ အာရပ်တို့ကြား ဗျာများခဲ့ရသည့် ဂျေရုဆလမ်။

** ဂျေရုဆလမ်သာ မိန်းမပျိုတစ်ယောက်ဖြစ်ခဲ့ပါက သိပ်ကိုလှပသည့် အမျိုးသမီး ဖြစ်မှာသေချာသည့်အပြင် ညှို့ငင်အားကောင်းကောင်းနှင့် သွေးချောင်းစီးစေသည့် အစွမ်းတို့လည်း ရှိနေမှာအသေအချာပင်။

## ငြိမ်းချမ်းရေးအမှတ်လက္ခဏာ သံလွင်ရွက် ##

* ရှေးယခင်ကပင် ရှေးဟောင်းဂျူးဘုရားကျောင်းများတွင် တိရစ္ဆာန်များကို သတ်၍ ခရစ်တော်မှာလည်း ထိုမြို့မှာပင် ကားစင်တင်၍ အသတ်ခံခဲ့ရသည့်အပြင် ဂျေရုဆလမ်မြို့ရိုးတွင် လူပေါင်းများစွာ အသတ်စွန့်ခဲ့ကြရသည်။

*ဂျေရုဆလမ်သည် ရှေးဟောင်း ဟီဘရူးဝေါဟာရ '' ယေရုရှလာယင် '' မှ ဆင်းသက်လာသည့် စကားလုံးဖြစ်၍ ငြိမ်းချမ်းသည့်မြို့တော်ဟု အဓိပ္ပါယ်ရကာ သံလွင်တောင်ကုန်းတွင် လူနေအိမ်​ခြေ စတင်တည်ထောင်ခဲ့ပြီး သံလွင်ရွက်သည်လည်း တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးအမှတ်လက္ခဏာ ဖြစ်လာခဲ့သည်။

** တမန်တော်များစွာ ထိုမြို့သို့ ရောက်လာခဲ့ပြီး လူသားများအတွက် ဘုရားသခင်က ငြိမ်းချမ်းရေးကို ပေးသနားရန် ဆုတောင်းခဲ့သည်။ဂျူးဘုရင် '' ဒေးဗစ် '' သည် ဂျေရုဆလမ်ကို သူ၏မြို့တော်ဟု သတ်မှတ်ပြီး

'' ဂျေရုဆလမ်မြို့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြပါစို့ '' ဟု ကြေညာခဲ့သည်။

##အယူဝါဒနှင့် သေဆုံးခြင်း **

ဂျူးအယူဝါဒ ၊ ခရစ်ယာန်အယူဝါဒ နှင့် အစ္စလာမ်အယူဝါဒတို့၏ အထွတ်အမြတ် ဂျေရုဆလမ်တွင် ခရစ်တော်၏သံစွဲချက် ငါးခု ကဲ့သို့ မြင့်မြတ်သန့်ရှင်းသော အမှတ်အသား ကျန်ခဲ့သည်။

သို့သော်လည်း မြို့ရိုးများသည် ဘာသာအယူဝါဒအတွက် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို အလွတ်ရနေလေရာ
'' ဒေးဗစ်နှင့် ဟရိုး၊ ဆင်နာချဲရစ်နှင့် နီတုချက်နက်ဇာ ၊ တိုလမီနှင့် ဟီရော့ ၊ တိုက်တပ်နှင့် ကရူးဆိတ်စစ်ပွဲခေါင်းဆောင်သည့် ဂိုဒီဖရွိုင် ဒီဘူလိီယန် ၊ တာမာလိန်းနှင့် ဆာလာဒင် ခေါင်းဆောင်သည့် မွတ်စလင်အုပ်စုများသည် ဂျေရုဆလမ်တွင် အကြိမ်ကြိမ် မီးရှို့အသတ်ခံခဲ့ကြရသည်။

##ကြေကွဲဖွယ် မြို့ရိုး

*** မြို့ဟောင်းကြီးထဲတွင် လမ်းမြောင်၊ ခုံးများအုပ်မိုးထားသည့် ဝင်္ကပါကဲ့သို့ လမ်းကြိုလမ်းကြားများအကြား ဂျူး၊ အာမေးနီးယန်း ၊ ခရစ်ယာန်နှင့် မွတ်စလင် သီးခြားရပ်ကွက်များသည် ဘာသာကြီး ၃ ခုကို ဝိုင်းရံထားသည့် အာရုံကြောအသားစိုင်များနှင့် တူလေသည်။

** ဂျေရုဆလမ်၏ ထွန်းပြောင်မှုကို သူတို့က ဖန်တီးသလို ကျိန်စာကိုလည်း သူတို့က ဖန်တီးတတ်သည်။

***ဆော်လမွန်ဘုရင်ကြီး၏ ဘုရားကျောင်းမှ အကြွင်းအကျန် ''ဂရုက်နိုက် ကျောက်တုံးကြီးများသည် ဂျူးဘာသာအယူဝါဒ၏ အချက်အချာဖြစ်၍ '' ကြေကွဲဖွယ် မြို့ရိုး '' ဖြစ်လာခဲ့သည်။

## နားခိုရာ ဆုံဆည်းရာ

* ဂျေရုဆလမ်သည် လူ့ဘဝတွင် ခေတ္တနားခိုရာ ခရီးလမ်းဖြစ်သည့်အလျောက် မြို့တော်၏အရှေ့ဖက်မြို့ရိုးနံရံများ​အောက်တွင် နက်စောက်သော ချိုင့်ဝှမ်းရှိသည်။

* ထိုနေရာတွင် သံလွင်တောင်စောင်း၌ သမ္မာကျမ်းစာလာ ''ဂျေဟိုရှာဖတ်'' တောင်ကြားချိုင့်ဝှမ်းရှိရာ လောကကို တရားစီရင်သည့်နေ့တွင် ခရာတံပိုးများ မှုတ်ကာ လူတို့ကို သတိပေးလိမ့်မည်ဟု ဆိုထားသည်။

** ထို့ကြောင့်ပင် ဂျေရုဆလမ်တွင် သေချင်သူများပိုများလာပြီး ခရစ်ယာန်၊ ဂျူး၊ မွတ်စလင်တို့သည် ထိုချိုင့်ဝှမ်း၏ ကျောက်တုံးဖြူများကြား လာရောက်အိပ်စက်ကြသည့် ဂျေရုဆလမ်တွင် သေခြင်းသည် ကောင်းရာသုဂတိသို့ ရောက်မည်ဟု ယုံကြည်ကြသည်။

## ဂျေရုဆလမ်ကား ကျိန်စာသင့်နတ်သမီးသဖွယ် သမိုင်းတစ်လျှောက် လှပမှုအပြင် ၊မြင့်မြတ်ခြင်း၊ သေဆုံးခြင်းတို့ ရောထေဃးယှက်နွယ်နေသော မြို့ဆိုလျှင် မှားမည်မထင်ပေ။

(ကိုးကား -ကျော်အောင်၏ အို ဂျေရုဆလမ်
O Jerusalem
Larry Collins & Dominique Lapierre)

https://www.facebook.com/profile.php?id=100089061890195&mibextid=ZbWKwL

? စုရဲ့ personal account လေးကနေလည်းစာလေးတွေတင်ပေးနေတာမို့ လာရောက်ဖတ်ရှုလို့ရပါတယ်ရှင့်..

Keep Reading

ဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့The Fall Of Spartacus𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ