Phoo Thitsar Nyo
"စာလုပ်ဖို့ Moti လေးပေးပါ" ဆိုပြီး
ခဏခဏပြောနေကြတာ တွေ့မိပါတယ်
ကျွန်မကိုယ်တိုင်လည်း Moti ကို
လိုက်ရှာနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်
ဒါပေမဲ့ ပြန်စဥ်းစားကြည့်လိုက်တဲ့အခါ
ကျွန်မတို့တကယ်လိုအပ်နေတာက
"Motivation" မဟုတ်ဘဲ
ခံယူချက်၊ စိတ်နေစိတ်ထား၊ စည်းကမ်းဖြစ်ပါတယ်
ဒီလိုပြောလို့ "Moti" က အသုံးမဝင်ဘူးလို့
ဆိုလိုခြင်းမဟုတ်ပါဘူးနော်
ရေတိုလုပ်ရမဲ့၊ တစ်ရက်တာလောက်ပဲ
လုပ်ရမဲ့ အလုပ်မျိုးဆိုရင်တော့ "Moti" ရှိရင်
လုပ်နိုင်ပါတယ်
ဒါပေမဲ့ စာဆိုတာက
တစ်ရက်ပဲ လုပ်ရုံနဲ့ ရတဲ့အလုပ်မျိုး
မဟုတ်ပါဘူးနော်...
ကျောင်းသားဖြစ်နေတဲ့တစ်လျှောက်လုံး
လုပ်နေရတဲ့အရာဖြစ်ပါတယ်
အဲ့ဒီလိုအခါမျိုးမှာ "Moti" ဖြစ်နေမှ
စိတ်ပါမှ လုပ်မယ်ဆိုရင်
ဘယ်တော့မှ လုပ်ဖြစ်မယ်မထင်ပါနဲ့
တကယ် စာလုပ်ချင်တယ်၊ စာရချင်တယ်ဆိုရင်
ရေတိုအတွက်ရော ရေရှည်အတွက်ရောပေါ့
◯အချိန်ဇယားဆွဲပါ
ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုပြီး
သိနေတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
ဖြစ်မနေတော့ဘဲ လုပ်ဖြစ်ပါလိမ့်မယ်
◯ To Do List ရေးပါ
စသဖြင့် အဲ့လိုလေးတွေ ရေးတဲ့အခါ
ကိုယ်လုပ်ရမှာတွေကို သိနေပြီး
တစ်ခုချင်း ဖြည်းဖြည်းလုပ်သွားတာနဲ့
အဆင်ပြေသွားပါလိမ့်မယ်
◯ နေ့တိုင်းပုံမှန်လုပ်ပါ
ဒီနေ့ပြောလို့ ဒီနေ့တစ်ရက်ပဲ မလုပ်ပါနဲ့
အမြဲတမ်းပုံမှန်လုပ်ပေးပါ
အဲ့ဒီလိုလုပ်ပေးတဲ့အခါ အလေ့အကျင့်
ဖြစ်လာပါလိမ့်မယ် ဒါဆိုရင် လွယ်လွယ်ကူကူနဲ့
နေ့တိုင်း စာလုပ်ဖြစ်ပါလိမ့်မယ်
◯ ဆင်ခြေမပေးပါနဲ့
ရည်မှန်းချက်လည်း ထားတယ်
အချိန်ဇယားတွေလည်း ဆွဲတယ်
To Do List လည်း ရေးထားတယ်
ဒါပေမဲ့ တစ်ရက်နှစ်ရက်လောက်ပဲလုပ်ပြီး
"ဒီနေ့တော့ နားလိုက်ပါ့မယ်
နောက်နေ့မှပဲ လုပ်တော့မယ်"ဆိုပြီး
အချိန်ဆွဲနေမယ်ဆိုရင်တော့
ဘာမှထူးခြားလာမှာ မဟုတ်ပါဘူးရှင့်
ကဲ အများကြီးတွေ ပြောရင်
ဖတ်ရတာ အီသွားပြီး မဖတ်ချင်တော့မှာဆိုးလို့
ဒီလောက်ပါပဲရှင့်
အဓိကပြောချင်တာကတော့
စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ
ထလုပ်လိုက်ပါ၊
စိတ်ပါမဲ့အချိန်ကို ထိုင်စောင့်မနေပါနဲ့။
ဖိုက်တင်းပါ ညို့ရဲ့စာဖတ်သူလေးတို့ရေ
ဒီစာလေးဟာ စာဖတ်သူလေးတို့အတွက်ဖြစ်သလို
ညို့ကိုယ်ညို ပြန်ပြီး ပြောချင်တဲ့စကားတွေပါ
"Moti" လိုချင်တဲ့အခါ လာပြန်ဖတ်ဖို့အတွက်
ဖြစ်ပါတယ်
စာဖတ်သူလေးတို့အတွက်လည်း
အကျိူးရှိစေဖို့ မျှော်လင့်ပါတယ်ရှင့်
- ဖူးသစ္စာညို
26.8.2024 (1:30 p.m Monday)
Keep Reading