Author's Profile Photo

မောင်ဇင်(မှိုင်းဌာနီ)

25/08/2024

လူငယ်နဲ့စာပေ။

1 min read
လူငယ်နဲ့စာပေ။'s photo

ဒီအကြောင်းကတော့ ရေးဖို့ရည်ရွယ်ထားတာကြာပါပြီ။စပြီး ပြောပြပေးပါ့မယ်။

လူငယ် ဆိုတာဘာလဲ?

လူငယ် ဆိုတာက တက်လူမျိုးဆက်သစ်၊တစ်ချိန်မှာနိုင်ငံအတွက်တာဝန်ဝတ္တရားတွေကိုလွှဲပြောင်းယူရမယ့်သူတွေဖြစ်ကြပါတယ်။

စာပေ ဆိုတာဘာလဲ?

စာပေ ဆိုတာက မကောင်းတာကိုမြင်နိုင်အောင်၊ကောင်းတာတွေကိုသိရှိစေရအောင်လမ်းညွှန်ပေးတဲ့အရာတစ်ခုပါပဲ။အမှားအမှန်ကိုအသိအလင်းရစေတဲ့အရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ ကျွန်တော့်အမြင်အရစာပေဆိုတာ ဘဝတစ်လျှောက်ရဲ့‌ နေမှုထိုင်မှုတွေ၊အ‌ကောင်းအဆိုး‌တွေအားလုံးကိုထိန်းချုပ်လမ်းကြောင်းပေးတဲ့အရာပါပဲ။

ဒီလို လူငယ်နဲ့စာပေ ပေါင်းစပ်နိုင်ပြီဆိုရင် စိတ်ချပါ၊အဲ့ဒီနိုင်ငံတိုးတက်ပါပြီ။ပညာရှင်တစ်ယောက်ပြောသလိုပါပဲ၊ "နိုင်ငံတစ်နိုင်ငံရဲ့လူငယ်တွေပညာသင်ကြားနေပုံကိုသာသူ့ကိုပြောပြပါ၊အဲ့ဒီ့နိုင်ငံရဲ့ရှေ့ဖြစ်ကိုဟောပါမယ်" ဆိုတဲ့အတိုင်းပါပဲ။ကျွန်တော်တို့လူငယ်တွေသာ အနုပညာကိုခံစားတတ်၊ကျောင်းကပို့ချတဲ့ သညာ တွေကို စာပေနဲ့အတူအတတ်ပညာအဖြစ်ပြန်ပြောင်းတတ်၊ဗဟုသုတတွေကိုကြိုးစားရှာမှီးတတ်လာရင် ပညာတတ် ဖြစ်တယ်လို့သမုတ်လို့ရပါတယ်။ပညာတတ် ဖြစ်ပြီဆိုရင်ကတော့ နိုင်ငံ၊လူမျိုး၊ကိုယ့်အကျိုး အများအကျိုးကိုပါ အပြည့်အဝထမ်းဆောင်နိုင်ကြမှာ မလွဲဧကန်ပါပဲ။

ကျွန်တော် ခုအဓိကပြောချင်တာက စာဖတ်သူတွေအနေနဲ့ social media,game,နဲ့ entertainmentတွေအပေါ်မှာပဲ အချိန်ကိုမဖြုန်းကြပါနဲ့၊ ကိုယ့်အသက်အရွယ်နဲ့ကိုက်ညီတဲ့စာပေစာကောင်းတွေကိုလည်း ကိုယ့်မြို့၊ကိုယ့်ကျောင်းရဲ့ စာကြည့်တိုက်တွေမှာ သွားဖတ်ကြပါ။ခုလိုကာလမှာ မသွားချင်ဘူး ဆိုရင်လည်း Sarphat appနဲ့စာပေ platform‌ တွေကနေစာတွေဖတ်ကြပါ။စာရေးဆရာ၊မကြီးတွေရဲ့ စာပေဟောပြောပွဲတွေကိုလည်း အချိန်ရသလိုနားထောင်တတ်ပါစေ။

ဒီလိုမျိုး စာဖတ်တဲ့အကျင့် မြဲသွားပြီဆိုရင် အာမခံပါတယ်။ ကျွန်တော့်ရဲ့ခုဆောင်းပါးကိုဖတ်ရှု့ကြတဲ့ စာဖတ်သူတွေဟာ လူ့ဘဝကိုနှောကြေသူ တွေဖြစ်လာပါလိမ့်မယ်ခင်ဗျာ။

နိဂုံးအနေနဲ့ စာဖတ်ရမှာမပျင်းပါနဲ့၊စာဖတ်ခြင်းဖြင့် ကိုယ့်ရဲ့ဘဝနေထိုင်မှုကိုမြှင့်တင်လိုက်ပါ လို့မှာကြားရင်း အဆုံးသတ်ပါရစေခင်ဗျာ။

ဖောင်တိန်ဖြင့်ရှင်သန်နေမည့်

မောင်ဇင်(မှိုင်းဌာနီ)။

Keep Reading