Aung Thu Ya Kyaw
အဓိပြောသွားမည့် အချက်များ
ဒီရက်ပိုင်း အိမ်ခြံမြေ နဲ့ ပက်သက်ပြီး သင်တန်းလေးတွေ လုပ်ဖြစ်တဲ့ အခါ တော်တော်များများမေးတဲ့ မေးခွန်းက သင်တန်းကြေးဘယ်လောက်လဲ? ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော်ဟာ မေးတာကို မကြိုက်တာ မဟုတ်ပါဘူး။ ရင်ထဲတော့ စိတ်မကောင်းတော့ ဖြစ်မိသွားပါတယ်။ ဘာကြောင့်လဲ ဆိုတာ ဒီစာလေးရဲ့ အဆုံးကို ဖတ်ပြီးရင် သိသွားပါလိမ့်မယ်။
၁။ ROI ဆိုတာဘာလဲ?
Rome wasn't built in a day!
အရမ်း ကြီးမားတဲ့ ရောမ အင်ပါယာကြီးဟာ တစ်ရက်တည်းနဲ့ တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ အချိန်ကာလ အားဖြင့် နှစ်ပေါင်း 1229 နှစ်ကြာခဲ့ပါတယ်။ အရမ်းကို ကြာမြင့်တဲ့အချိန်ပါ။ "
ရေတိုကို ကြည့်တတ်ပြီး ရေရှည်အတွက် မရင်းနှီးမမြှုပ်နှံထားရင် တစ်ချိန်မှာ ကိုယ်ဖြစ်ချင်တဲ့ ဘ၀မျိုး ပိုင်ဆိုင်ရလိမ့်မှာတော့ မဟုတ်ပါဘူး။
ROI = Return On Investment
ဆိုလိုတာကတော့ ကိုယ်ရင်းနှီးမြှုပ်နှံလိုက်လို့ ငွေဘယ်လောက်ပြန်ရနိုင်မလဲဆိုတာကိုပဲ ကြည့်ပါ လို့ ဆိုလိုတာ ဖြစ်ပါတယ်။ Assets နဲ့ Liabilities ဆိုတာ ရှိပါတယ်။ နားလည်အောင် ပြောရရင် Assets ဆိုတာ ကိုယ့်အိပ်ကပ်ထဲ ငွေဝင်လာစေမဲ့ ပစ္စည်း ( ဥပမာ - အိမ်ခြံမြေ )၊ Liabilities ဆိုတာကတော့ ကိုယ့်အိပ်ကပ်ထဲကနေ ငွေထွက်သွားစေမဲ့ ပစ္စည်း ( ဥပမာ - အိမ်ခြံမြေ)။
နှစ်ခုလုံးက အိမ်ခြံမြေ ကြီးပဲလားဆိုပြီးတော့ မှားနေလားဆိုပြီးတော့ ထင်ကောင်းထင်နိုင်ပါတယ်။ ကိုယ့်လက်ထဲမှာ ရှိတဲ့ ပစ္စည်းဟာ ကိုယ့်ကို ငွေရှာပေးနိုင်ရင် Assets၊ ကိုယ့်လက်ထဲမှ ရှိတဲ့ ပစ္စည်းဟာ ငွေထွက်သွားစေမဲ့ ပစ္စည်းဟာ Liabilities ဖြစ်ပါတယ်။ နည်းနည်း ရှုပ်သလို ဖြစ်သွားရင် ဥပမာလေးနဲ့ ရှင်းပြပေးပါ့မယ်။
စာရေးသူ လွန်ခဲ့သော 2023 December လောက်က ကွန်ပျူတာလေး တစ်လုံးကိုဝယ်လိုက်ပါတယ်။ ဝယ်လိုက်တယ် ဆိုတာထက် သူငယ်ချင်းက ငွေလိုလို့ ပြန်ရောင်းချင်နေတာပါ။ သူငယ်ချင်း ချင်းချင်းပဲ ဆိုတော့ ကိုယ်လဲ လို၊ သူလဲ လို ဆိုတော့ ကျွန်တော် ယူလိုက်ပါတယ်။ ထိုကွန်ပျူတာလေးဟာ သူငယ်ချင်းလက်ထဲမှာတော့ video ကြည့်တာလောက်နဲ့ Website တွေထဲဝင် ဟိုကလိ၊ ဒီကလိ လောက်ပဲ အသုံးဝင်နေပါတယ်။ သို့ပေမယ့် စာရေးသူ လက်ထဲ ရောက်သွားတဲ့ အခါမှာတော့ စာရေးသူ ထိုကွန်ပျူတာလေးနဲ့ ဆောင်းပါးတွေ ရေးတယ်။ Design တွေ ဆွဲတယ်။ အလုပ်အတွက် လိုအပ်တာမှန်သမျှ ကျွန်တော် လုပ်ပါတယ်။ ထိုမှ တစ်ဆင့် ဝင်ငွေတွေ အနေနဲ့ သိန်း ဆယ်ချီ ရှာနိုင်ပြီးသွားပါပြီ။
ပြောချင်တာကတော့ စာရေးသူ က သူငယ်ချင်းရဲ့ Liabilities ကို ကျွန်တော့ လက်ထဲ ရောက်တဲ့ အခါမှာ Assets အဖြစ် ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ဒါက Assets နဲ့ Liabilities တို့ရဲ့ ကွာဟချက်လေးတွေ ဖြစ်ပါတယ်။
ROI ဘက်မှာလည်း ဒီလိုပါပဲ ကျွန်တော်က သူငယ်ချင်း ကွန်ပျူတာ ကိုဝယ်လိုက်တဲ့ တန်ဖိုးဟာ အခု စာရေးသူ ကွန်ပျူတာလေးကို သုံးပြီး ငွေရှာတဲ့ တန်ဖိုးတို့နဲ့ ပြန်ယှဉ်မယ် ဆိုရင် ROI အရ တော်တော်လေးကို မြတ်နေ (Profit) ထွက်နေပြီ ဖြစ်ပါတယ်။ ဒါက ROI ဆိုတ ဘာလဲ ပြောပြတာဖြစ်ပါတယ်။
၂။ ROI ဘာကြောင့် အရေးကြီးသလဲ?
စာရေးသူတို့ ငွေရှာတယ် ♻︎ သုံးတယ် ♻︎ ကုန်တယ် ဒီသုံးခုထဲက တစ်ခုမဟုတ်တစ်ခု ကို လုပ်ဆောင်နေရင်းနဲ့ ဘဝကို အချိန်တွေ ဖြုန်းနေတဲ့ ကာလတွေဟာ ဘယ်လောက်ထိကြာနေဦးမှာလဲ? ဒါကို ရပ်တန့်ဖို့ရော စဉ်းစားဖူးပါသလား? ဒါ့မှမဟုတ် လုံးဝမစဉ်းစားဖူးတဲ့ ကာလတွေရော ရောက်ခဲ့ဖူးသလား? တကယ်ကိုမှ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒီလိုတွေကို ရပ်တန့်ဖို့ဆိုရင် ROI ကို နားလည်ထားဖို့ အရေးကြီးပါတယ်။
စာရေးသူကိုယ်တိုင်လည်း အရင်းတုန်းက လုံးဝမတွေးခဲ့ဖူးပါဘူး။
ROI ဘာကြောင့် အရေးကြီးသလဲ ဆိုတာ မပြောခင် အပေါ်က စာရေးသူ က သူငယ်ချင်းစီကနေ ကွန်ပျူတာလေးဝယ်ခဲ့တာလေးနဲ့ ပက်သက်ပြီး ရှင်းပြပေးသွားချင်ပါတယ်။ တကယ်လို့ စာရေးသူက သူငယ်ချင်းစီကနေ ယူခဲ့တဲ့ ကွန်ပျူတာက ၅ သိန်း လောက်နဲ့ ယူခဲ့လို့ ထို ၅ သိန်း ထက်မက မရှာနိုင်ဘူးဆိုရင် ROI အရ ကြည့်ရမယ် ဆိုရင်စာရေးသူ အနေနဲ့ မတန်ဘူးလို့ပြောရမှာဖြစ်ပါတယ်။ အခုလို သိန်း ဆယ်နဲ့ချီပြီးတော့ ရှာနိုင်မယ် ဆိုရင်တော့ ROI အရ တန်နေပြီလို့ပြောရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ROI ကိုနားလည်ထားခြင်းဟာ ကိုယ်ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံရမလဲ ဆိုတာကို သိလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး သိသာလာပြီဆိုလျင် မည်သည့်နေရာမှာဆို ကိုယ်က ချိန်ဆတတ်မှာ ဖြစ်ပါတယ်။
စာရေးသူက အိမ်ခြံမြေ အကျိုးဆောင် ဖြစ်သင်တန်းတွေဖွင့်တဲ့အခါ သင်တန်းသား/သူတွေ က သင်တန်းကြေးဘယ်လောက်ဆိုတာကို လာမေးလေ့ရှိပါတယ်။ သို့သောလည်း အကောင်း ဖြစ်သင့်ပုံကတော့ မေးတဲ့အခါမှာ ဒီသင်တန်းကို တက်လိုက်လို့ မည့်သည့် အကျိုးဇူးတွေ ရနိုင်သလဲ ဆိုတာကို မေးစေချင်ပါတယ်။ သို့သော်လည်း ဒီလို မေးတယ် ဆိုတာလည်း ခရှားရှား ဖြစ်ပါတယ်။
၃။ ROI ကို သိရင် ဘာတွေ ဖြစ်လာနိုင်လဲ?
ROI ကိုသိတဲ့ သူတစ်ယောက်အနေနဲ့ အရင်းဆုံးခံစားရမှာကတော့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ပစ္စည်း၊ ပညာရပ်တွေပေါ်ကနေ ကိုယ်က ပြန်လည်အသုံးချပြီးတော့ ရလာတဲ့ ရလာဒ်ကောင်း (ဥပမာ - ငွေကြေး၊ ပျော်ရွှင်မှု) တွေ ပိုင်ဆိုင်လာရမှာ ဖြစ်ပါတယ်။
ROI ကို ခွဲခြားသိမြင်နေခြင်းဟာ ကိုယ်က အများနဲ့ ကွဲထွက်နေပြီးတော့ ရလာဒ်ကောင်းတွေကိုပဲ ရရှိစေဖို့ အခွင့်အရေးကောင်း ရရှိလာမှာ ဖြစ်ပါတယ်။
၄။ မှားခဲ့တယ် ဆိုတာဘာလဲ?
ဘဝကြီးက အချိန်တွေ အများကြီးကျန်သေးတယ် လို ထင်ခဲ့တာကနေ စတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က အချိန်တွေ အများကြီးရှိခဲ့သည်ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်တွေကို ဆွဲပြီးတော့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုမျိုးအချိန်တွေ ဆွဲခဲ့တာတွေကြောင့် ဘဝမှာ အောင်မြင်မှု ရှိသင့်သလောက် မရှိခဲ့သလို ဘဝရဲ့ Level က နေရာတစ်ခုမှာပဲ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုမျိုး မမှားဖိုဆိုရင် အချိန်တွေ ကိုတန်ဖိုးထားပါ။ အချိန်တွေကို တန်ဖိုးထားတဲ့အခါမှာလည်း ကိုယ့်အတွက် အလုပ်ဖြစ်တာတွေပဲ ရွေးလုပ်ေစချင်ပါတယ်။ တစ်ခါတစ်လေ ရွေးလုပ်ရင်းနဲ့ ရင်းနဲ့ အလုပ်မဖြစ်တဲ့ အခါမှာလည်း အချိန်တိုတိုနဲ့ နောက်ဆုတ်သင့်တာတွေ နောက်ဆုတ်ရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုးရွေးလုပ်တဲ့ ကိစ္စတွေမှာ ဆိုရင်လည်း ကိုယ်ရင်းလုက်လို့ ဘယ်လောက်ရမလဲ (ROI) ကို ကောင်းကောင်းနားလည်ထားမယ်ဆိုရင် အချိန်လည်း သက်သာနိုင်သလို ရလာဒ်ကောင်းတွေရေစမှာ ဖြစ်ပါတယ်။
၅။ စာဖတ်သူတွေအနေနဲ့ ဘာတွေ ပညာရသွားမလဲ?
စာဖတ်သူအနေနဲ့ ROI နဲ့ ပက်သက်တဲ့ အကြောင်းအရင်းကို သိသွားပြီဆိုရင်တော့ ကိုယ်က ကုန်ပစ္စည်းတစ်ခုကိုပဲ ဝယ်ဝယ်၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပဲ လုပ်လုပ်၊ သင်တန်းတွေပဲ တက်တက် ဘယ်လောက်ပေးလိုက်ရသလဲ ဆိုတာထက် ကိုယ်ပေးလိုက်လို့ ကိုယ်ပြန်ရမဲ့ ရလာဒ်ကို ပဲ ဦးစားပေးပြီးတော့ ထည့်သွင်းစဉ်းစားစေချင်ပါတယ်။
#ROI
#အိမ်ခြံမြေကြောင်းလေ့လာပါ
Keep Reading