Author's Profile Photo

စမ်းကြယ်

23/08/2024

ဆရာမ ဂျာနယ်‌ကျော်မမလေး ရေးသားထားသော "အဖြူ"

1 min read
Book Review
Art
History
ဆရာမ ဂျာနယ်‌ကျော်မမလေး ရေးသားထားသော "အဖြူ"'s photo

ချစ်ရတဲ့ စာဖတ်သူတို့ရေ...ဒီစာအုပ်ကတော့ တချို့အချက်တွေ အခုခေတ်နဲ့လည်း ကိုက်ညီနေဆဲဖြစ်တဲ့ ဂျာနယ်ကျော်မမလေးရဲ့ "အဖြူ" ဆိုတဲ့ ဝတ္ထုတိုလေးပါ။ စာအုပ်က တကယ့်ကို ပါးပါးလေးရယ်။ နေ့တစ်ပိုင်းနဲ့တင် အပြီးဖတ်လို့ရတယ်ဗျ။ ကဲ...ဒါဆိုရင် စလိုက်ကြရအောင်။

Fact: စာအုပ်အရွယ်အစားက (5" × 7") ဝန်းကျင် အရွယ်အစားရှိပြီး စာမျက်နှာစုစုပေါင်း (84) မျက်နှာ ပါရှိပါတယ်။ စမ်းကြယ် ဝယ်ထားတာက ၂၀၁၆ မေလမှာ ထုတ်ဝေခဲ့တဲ့ ပဉ္စမအကြိမ်ထုတ် စာအုပ်ပါ။ ထုတ်ဝေသူတွေရဲ့ အမှာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ရော။ သူတို့အနေနဲ့ ဂျပန်ခေတ်မှာ ဒီစာအုပ်ကို ထုတ်ဝေဖို့ အခက်အခဲရှိခဲ့တာကြောင့် ဒီ‌စာအုပ်နောက်မှ ထွက်ရှိဖို့ရှိတဲ့ "သူမ" လို့ခေါ်တဲ့ စာအုပ်ကို အရင်ထုတ်ဝေခဲ့ရကြောင်း ပြောပြထားတယ်။ အမှာစာကို အကုန်မပြောပြတော့ဘူး။ အကုန်သိသွားရင် အရသာပျက်လိမ့်မယ် ဟဲဟဲ။

နောက်တစ်ချက်က လူသားတွေ မျိုးဆက်အလိုက်၊ ခေတ်အလိုက် ပြောင်းလဲတိုးတက်လာခဲ့ကြပေမယ့် သမိုင်းတစ်ပတ်လည်တဲ့အခါ အရင်မျိုးဆက်၊ အရင်ခေတ်က အခြေ အနေတွေနဲ့ စမ်းကြယ်တို့ ပြန်ဆုံကြရတယ်။ ဒီစာအုပ်ကို ညွှန်းဆိုတဲ့အခါ တကယ်သတိထားရပါတယ်။ ဝတ္ထုတို ဖြစ်တာမို့ အကုန်အစင် ပြောပြပေးဖို့ အဆင်မပြေတဲ့အပြင် ဖတ်မကောင်းတော့မှာကိုလည်း ထည့်စဉ်းစားရတာမို့ပါ။

"သမိုင်းဆိုတာ မအအောင် သင်ကြရတာ" ဆိုရင် သမိုင်းတစ်ပတ်လည်တဲ့အခါ ရှေ့မျိုးဆက်က ကြုံခဲ့ကြရတဲ့ အမှားတွေကို စမ်းကြယ်တို့မျိုးဆက်မှာ ထပ်မလုပ်မိကြဖို့ လိုပါတယ်။ ဒီစာအုပ်က ဓမ္မဘက်က လူတွေပဲဖြစ်ဖြစ်၊ အဓမ္မဘက်က သူတွေပဲဖြစ်ဖြစ် ဖတ်သင့်တယ်လို့ မြင်မိတယ်။

ဇာတ်လမ်းကို နည်းနည်းပြောပြရရင် ရာဘာခြံသူဌေးမိသားစုက သားဖြစ်သူမြတ်စိုးနဲ့ ပြည်ထဲရေးဝန်ကြီးရဲ့သမီးဖြစ်သူ အဖြူတို့နှစ်ဦးရဲ့ နိုင်ငံရေးနောက်ခံ အ ကြောင်းအရာတွေကို အခြေခံထားတဲ့ အချစ်ဇာတ်လမ်းပါ။ နိုင်ငံရေးကို ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ မြတ်စိုးကို မိဘတွေက အမွေဖြတ်ထားတယ်။ (သမိုင်းတကျော့လည်ရင် ကြုံရတာတွေ ပြန်တူတယ်ဆိုတာ ဒါမျိုးပါ။)

မြတ်စိုးဟာ နိုင်ငံ့အရေး ထဲထဲဝင်ဝင် လှုပ်ရှားရတော့မှာမို့ အဖြူကို လူတွေ့နှုတ်ဆက်တယ်။ အဖြူပေးတဲ့ ရွှေလက်ဖွဲ့လေးကို တယုတယလက်ခံရင်း နှုတ်ဆက်သွားခဲ့တာပါ။

အဖြူရဲ့ဖခင်က အကြောင်းစုံသိသွားချိန်မှာ ပြည်ထဲရေးဝန်ကြီးနဲ့ တော်လှန်နိုင်ငံရေးသမားဆိုတဲ့ အခြေအနေဟာ လားရာဆန့်ကျင်ဘက်သမားတွေ ဖြစ်နေတာကြောင့် အတိုချုံ့ပြောရရင် သဘောမတူခဲ့ဘူး။ နောက်တော့ မြို့ပေါ်မှာ စစ်‌ရိပ်စစ်ငွေ့သန်းလာလို့ အဖြူဟာ အဒေါ်ရှိရာဒေသမှာ သွားရောက်တိမ်းရှောင်ခဲ့ရတယ်။ (ဒီအချက်ကတော့ မျက်မှောက်ခေတ်မှာ ပြောင်းပြန်ဖြစ်နေတာကို တွေ့ရတယ်။)

Info အများကြီးမပေးတော့ဘူး။ အဖြူနဲ့ မြတ်စိုး...မြတ်စိုးနဲ့အဖြူ ဘာတွေဆက်ဖြစ်ကြမှာလဲ။

ဂျာနယ်ကျော်မမလေးရဲ့ အရေးအသားဟာ တကယ့်ကို ကောင်းမွန်တဲ့အပြင် ဇာတ်လမ်းကလည်း ဆက်တိုက်ဖတ်ဖြစ်သွား‌စေတဲ့အထိ ခိုင်ခံ့တယ်လို့ ပြောရမှာပါ။

ပြင်ပက ဖြစ်ရပ်မှန်လို့တောင် ခံစားမိစေတဲ့အထိပါပဲ။ စမ်းကြယ်ကတော့ အဲဒီခေတ်ကာလကို သွားလည်ခဲ့ပြီးပြီ။ စာဖတ်သူတို့လည်း ဒီစာအုပ်ကောင်းလေးကို စီးမျောခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေဗျ။ မဂ်လာရှိသော
နေ့လေးတစ်နေ့ ဖြစ်ပါစေခင်ဗျာ။

#Bookreview
#ဆရာမဂျာနယ်ကျော်မမလေး
#အဖြူ
#စမ်းကြယ်

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်