Author's Profile Photo

SarPhat Author

16/03/2024

လေ့လာခြင်း၊သင်ယူခြင်းနှင့် စာကျက်ခြင်း (အပိုင်း ၂)

1 min read
Personal Development
Education
General Knowledge

ကျောင်းမှာ အခြေခံအားဖြင့် မြန်မာ၊အင်္ဂလိပ်၊သင်္ချာ၊
ဇီဝ၊ဓါတု၊ရူပ၊ပထဝီ၊သမိုင်း ဘာသာရပ်တွေသင်ကြားရတယ်။ဘာလုပ်ဖို့သင်တာလဲ။၁၀တန်းအောင်ဖို့လား။သင်ကြားရတဲ့ရည်ရွယ်ချက်ကောင်းတစ်ခုရှိတာမှန်ပါတယ်။လိုအပ်တယ်။ဒါဖြင့်ရင် အဲ့ဒီရည်ရွယ်ချက် ဖြစ်မြောက်အောင် ဘယ်လိုလုပ်မလဲ။
ဒါတွေတတ်ဖို့လိုတယ်ဆိုရင် တတ်အောင်ဘယ်လို
လုပ်မလဲ။ကျက်လိုက်ရင်တတ်ပြီလား။အမည်ဟူသမျှကို နာမ်ဟုခေါ်သည်ကနေ စ ကျက်ပြီး အပြင်မှာ အခြားဘာသာစကား အင်္ဂလိပ်စာ၊ဂျပန်စာ... သင်တော့ နာမ် ဘာလည်းမသိဘူး။နာမဝိသေသန ဘာလဲမသိဘူး။ကတ္တား မသိဘူး။ ကံ မသိဘူး။ ကြိယာ မသိဘူး။
ကျက်တော့ကျက်ခဲ့တာပဲ။ သာဓက လူ၊ခွေး၊ကြောင် က စလို့...။ဒါတောင်တိုင်ပတ်နေရင် သိပ္ပံဘာသာရပ်တွေ ဘယ်လိုများလုပ်ကြလဲ။တကယ်ရတဲ့ လူကရပါတယ်။ဒါပေမဲ့လည်း ကျောင်းလေဗျာ တတ်တဲ့လူတိုင်းမှာ
မကြိုးစားပါဘူး ဆိုတဲ့လူ အနည်းစုလောက်မရရင် ထားပါတော့။ ကျက်တယ် ကြိုးစားတယ်ပေါ့ ဘာမှတော့မတတ်ဘူး။မတတ်တော့ဘာဖြစ်လဲ။လူတော်တွေ ဆရာဝန်ကောင်းတွေ၊အင်ဂျင်နီယာကောင်းတွေ ရှားကုန်တာပါပဲ။ဒါဖြင့်ရင် ဘယ်လိုလုပ်ရမလဲ။မင်းလို အာချောင်တာလောက်တော့ တတ်တာပေါ့။ဟုတ်ပါတယ် တကယ်တော့ ဘာမှတတ်နိုင်တာမရှိပါဘူး။ နိုင်ငံအခြေအနေအရတော့ ဒါကြီးကိုပြင်ဖို့ တော်တော်ဝေးသေးတယ်။နှစ်အတော်ကြာ အနည်ထိုင်နေတဲ့ ဒီ ကျက်System တစ်ခုလုံးကိုပြင်ဖို့ကမလွယ်ဘူးပေါ့။ဒါပေမဲ့ ဒီတိုင်းထိုင်နေလို့လည်းမရဘူး။ဆရာအောင်သင်း ပြောသလို ညံ့တဲ့လူအတွက်နေရာမရှိဘူး။တော်ဖို့အတွက် ထိုင်နေလို့လည်းမရဘူး။ကျက်ပဲကျက်နေလို့လည်းမရဘူး။ ရှိသင့်တဲ့အရည်အချင်း ရှိဖို့အတွက် သင်ယူစရာရှိတာ သင်ရမယ်။လေ့လာရမှာကို လေ့လာရမယ်။ဖတ်စရာရှိတာလည်း ဖတ်ရမယ်။လမ်းပျောက်တာလည်း ဒါပါပဲ။ ဘာကောင်လဲလို့ မေးရင် ဘာကောင်မှမဟုတ်ဘူး ကျောင်းမှာ ၁၀နှစ်မက အချိန်ပေးပြီး ဘာမှမတတ်တဲ့ကောင်လို့ပဲ ဖြေရတော့မယ်…။လောကကြီးထဲလည်းရောက်ရော ဒစ်ပါမကဘူး အကုန်လည်တာပါပဲ…။ လူတော်တွေ မရှိဘူးလားလို့ မေးရင် ရှိပါတယ်။ သန်း၅၀ အနေအထားနဲ့ယှဥ်ရင်တော့ အထွက်နှုန်း နည်းတယ်လို့ ပြောရမှာပါပဲ။ကြေကွဲလူငယ် အထွက်နှုန်းကိုတောင် မမှီပါဘူး။ ဘယ်ကလေးမှတော့
လေးဘက်ပဲထောက်နေမယ် မတ်တပ်မရပ်ဘူးကွာ
လမ်းမလျှောက်ဘူးကွာလို့ မတွေးဘူး။ကျနော်တို့ကျောင်းတုန်းကလည်း အဲ့ဒီလိုပါပဲ မတွေးမိခဲ့ဘူး။
ပြသနာက ရှေ့က ဒီ ကျက်လမ်းကို လျှောက်သွားခဲ့ကြတဲ့ လူတွေပါ ဘာမှမတွေးဘဲ ဘာမှမလုပ်သွားတာပဲ။
ငါတို့လည်းကျက်ခဲ့တာပဲ မင်းတို့လည်းကျက်ပေါ့။
ဘယ် သူငယ်တန်းကလေးကတော့ မကျက်ဘူးကွာ ဒီနည်းကြီးမဟုတ်သေးဘူး၊ပညာတတ်အောင်သင်မယ် ပညာ တကယ်ရမဲ့ နည်း ရှာမယ်လို့တော့ တွေးမှာလဲ။ဆိုက်ကားမနင်းချင်ရင် စာကျက်ဆိုတော့ ဟိုကောင်က မနင်းချင်တော့ ကျက်ပြီလေ။ အချုပ်အနေနဲ့ ကျနော်တို့
အားလုံးသိကြတဲ့အတိုင်း လောကကြီးမှာအရည်အချင်းရှိဖို့လိုတယ်။ဒါပေမဲ့ ဘယ်လိုရှိအောင်လုပ်မလဲတော့ အားလုံးသိတာမဟုတ်ပါဘူး။ စာအုပ်အကြောင်းပြောတဲ့လူငယ်တွေ ပြောလက်စနဲ့ လေ့လာခြင်း၊သင်ယူခြင်း၊တတ်မြောက်ခြင်း၊ကျွမ်းကျင်ခြင်းအကြောင်းတွေ နဲ့နောင်လာမဲ့ သူငယ်တန်းကလေးတွေအတွက် ကျက်လမ်းကြီး ၁၀နှစ်လောက်လျှောက်ပြီး တစ်ချိန် လမ်းပျောက်မဲ့ သမိုင်းကြီး တစ်ကျော့မက အကျော့ကျော့ပြန်နေခြင်းမှ ရပ်တန့်စေကြောင်းတွေ လူတော် လူတတ်များ ပိုမို တိုးပွားဖို့ အကြောင်းတွေပါ ထည့်ပြောကြရန် လိုအပ်ပါသည်...။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်