Author's Profile Photo

အဲလစ်

21/08/2024

အချိန်ရဲ့တန်ဖိုး

3 mins read
Book Review
General Knowledge


အားလုံးပဲမင်္ဂလာပါရှင့်။ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းကတော့ " အချိန်ရဲ့တန်ဖိုး " ပဲဖြစ်ပါတယ်။အချိန်ရဲ့တန်ဖိုးဆိုတာကဘာလဲဆိုတာသိရဲ့လား။အလကာားရတဲ့အချိန်ကိုတချို့တွေကတန်ဖိုးမထားဘဲအပျော်တွေနဲ့ပဲကုန်ဆုံးနေတယ်။သူတို့အတွက်အကျိုးရှိမဲ့အရာတွေကိုမလုပ်ပဲ အကျိုးမရှိတဲ့အရာတွေသာလုပ်ပြီးကုန်ဆုံးနေတာကိုခုခေတ်မှာအများအပြားတွေ့ရတယ်။တချို့အချိန်ကိုတန်ဖိုးထားတဲ့သူကြ သူတို့ဘဝအတွက်ရတဲ့အချိန်တွေကတိုလွန်းလိုက်တာနော်။ကံကြမ္မာကြီးကတခါတလေကြ မတရားဘူးနော်။အခုခေတ်လူတော်တော်များများအလကားရတဲ့အရာတော်တော်များများကိုတန်ဖိုးမထားကြတာအမှန်ပါပဲ။ဒါပေမဲ့သူတို့မသိတာက တချို့အလကားရတဲ့အရာတွေကတချို့တွေမရနိုင်တဲ့အရာတွေဆိုတာပါပဲ။ဥပမာ ချမ်းသာတဲ့ကလေးကျောင်းမတတ်ချင်ဘူး၊ဆင်းရဲတဲ့ကလေးကြကျောင်းတတ်ချင်တယ်အဲ့လိုလူတွေက ကိုယ့်မှာရနေတဲ့အရာတွေကိုမဖစ်စလောက်လေးလိုပဲတန်ဖိုးထားတတ်ကြတယ်။နံပါတ်တစ်အချက်တောင်းဆိုချင်တယ်၊ကိုယ့်မှာရှိတဲ့အရာကြိတန်ဖိုးထားပေးပါ၊နံပါတ်နှစ် ခုခေတ်မှာဆိုရင်တော့လူတွေရဲ့အသက်ဟာပိုတိုလာတာကိုတွေ့ရမှာပါ ဘာ့ကြောင့်လဲဆိုတော့လေထုညစ်ညမ်းမှုတွေ၊အစားစာတွေ စတဲ့ခုခေတ်ထုတ်ကုန်ပစ္စည်းတွေကြောင့်ဖြစ်တယ် ဒါ့ကြောင့်ကိုယ်ရဲ့အသက်ရှင်သန်နေတဲ့ အချိန် မှာ ကိုယ်နောက်သေရင်ပါမဲ့အရာတွေကိုလုပ်စေချင်တယ်။ငါကတော့ပိုက်ဆံတွေရှယ်စုတာ ပိုက်ဆံဆိုတာက သေရင်က်ုယ့နောက်ပါမဲ့အရာမဟုတ်ပါဘူး၊ မဟုတ်ဘူးငါကတော့ မိတ်ကပ်တွေဝယ်တာာ၊ဖုန်းဝယ်တာ အခုလိုအရာတွေကသေရင်ကိုယ့်နောက်မပါဘူးဆိုတာမှတ်ထားပါ သေရင်ကိုယ့်နောက်ပါမဲ့အရာတွေကဘာတွေလဲ။ဘယ်အရာတွေကသင်သေရင်အကျိုးဘလောက်အရေးပါကြောင်းပြလာမလဲ။

၁။ လူမှုဆက်ဆံရေး

၂။ ‌အသက်ရှင်နေတဲ့အချိန်လုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်

ပါမဲ့အဓိက အချက်တွေကိုကြည့်ရရင်ဒီအချက် နှစ် ချက် ကိုတွေ့ရလိမ့်မယ်ရှင့်။တစ်ကြောင်းြခင်းကိုသေချာရှင်းပြပေးပါ့မယ်။

လူမှုဆက်ဆံရေး

လူတစ်ယောက်မှာလူမှုဆက်ဆံရေးဆိုတာအတော်အရေးကြီးပါတယ်။လူမှုဆက်ဆံရေးကောင်းတဲ့သူတွေနဲ့မကောင်းတဲ့သူတွေရဲ့နောက်ဆုံးနေ့မှာတောင်ဘလောက်အရေးပါကြောင်းတွေ့ရတယ်။ဥပမာ အနေနဲ့ဆိုထွန်းထွန်းကလူမှုဆက်ဆံရေးကောင်းတယ်သူကအသက် ၃၀ နဲ့သေသွားတယ် ။သူ့ နာရေး မှာကြည့်လိုက် လူမှုဆက်ဆံရေးကောင်းတဲ့သူဆိုအမြဲ သူတို့နာရေးမှာ လူတွေပြည့်လျှံနေတာကိုတွေ့ရမှာပါ။ ဆွေဆွေလည်းအသက် ၃၀ မှာပဲ သေသွားတယ်သူကလူမှုဆက်ဆံရေးသိပ်မကောင်းပူးအပေါင်းအသင်းနည်းတယ်၊သူ့နာရေးကိုမျက်လုံးထဲမြင်ကြည့် ခြောက်ကပ်နေတဲ့အခန်းမှာလူလေးနှစ်ယောက်သုံးယောက် အဲ့အခုပြောတာကလည်း နံပါတ် ၂ အချက်နဲ့နည်းနည်းချိန်တယ်ပေါ့နော်

အသက်ရှင်နေတဲ့အချိန်လုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်

ဥပမာ အနေနဲ့ပထမဆုံးရှင်းပြရမယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဂ‌ဠုန်ဦးစော တို့နှစ်ယောက်ကြည့်ပြီးပြောရမယ်ဆို။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်အတွက်အကျိုးပြုခဲ့တဲ့သူ ဂ‌ဠုန်ဦးစော က တိုင်းပြည်ကိုမကြည့်သူ့ကောင်ကျိုးကိုသာကြည့်တဲ့သူ ခုလိုပြောတာကြည့်တာနဲ့သူတို့ထဲဘသူကလူကောင်းဘသူကလူဆိုးသိမှာပေါ့နော်။ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတော့ သူ့ရဲ့ နာရေးမှာ လူတွေပြည့်လျှံနေတာကိုတွေ့ရမှာပါ၊ ဂ‌ဠုန်ဦးစော ကတော့ ကြိုးစင်မှာကြိုးပေးသတ်ခံခဲ့ရတယ် သူ့ကိုသတ်တဲ့နေရာမှာလူတွေများတာပေါ့ဘာကွာလဲဆိုတော့ သူ့သေတာကိုပျော်ပျော်နဲ့လာက်ြည့တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုကျဝမ်းနည်းပြီးလာကြတာကွာတယ်အဲ့တာကအသက်ရှင်နေတဲ့အချိန်လုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်လို့ပြောရမှာပေါ့။

ဒါကတော့အချိန်ကိုကောင်းကောင်းအသုံးချတတ်ဖို့ပြောတာပါ။အချိန်ရဲ့တန်ဖိုးကိုကြဖတ်ဖူးတဲ့ဥပမာတစ်ခုနဲ့ပြောပြပေးပါ့မယ်။

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ရွာတစ်ရွာမှာ မောင်ထွန်းဆိုတဲ့လူဆစ်ယောက်ရှိတယ်။သူက အသက် ၄၀ လူပျိုးကြီးပေါ့။ကပ်စီးလည်းအရမ်းကုတ်တယ်။သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်အဲ့တာငယ်ငယ်တတည်းကပိုက်ဆံစုတာပါမိန်းမယူပြီးသူဉေးကြီးဖြစ်ဖို့သူ့အသက်၅နှစ်တတည်းကစုတာခုဆိုပိုက်ဆံတော်တော်ကိုရနေရောပေါ့။သူစိတ်ဝင်စားတဲ့ကောင်မလေးကို ပိုက်ဆံတွေများလာတော့သွားတောင်တာပေါ့ကောင်မလေးမိဘတွေကလည်းသဘောတူလိုက်ကြတယ်။ကောင်မလေးကလည်းသဘောတူတာကြောင့်လက်ထပ်ဖို့ပြင်ဆင်ကြတာပေါ့။လက်မထပ်ခင် နေ့ရဲ့ညမှာသူအိပ်နေတဲ့အချိန် မျက်နှာက အရိုး‌ခြောက်ကြီးနဲ့ ခန္တာကိုယ်မှာလည်းပဝါအမဲကြီးခြုံထားပြီးလက်မှာ ပေါက်စိန်ကြီးကိုင်ထားတဲ့သူကိုတွေ့လို့ မောင်ထွန်းဟာလန့်သွားလေတော့တယ်။သူကသရဲထင်ပြီးကျနော့်ကိုမသတ်ပါနဲ့ဆိုပြီးပါးစပ်ကပြောနေတယ်ခေါင်းမာလဲချွေးတွေစီးကျနေပြီးတော့ဘုရားစာတွေလည်းရွတ်နေတယ်။သေမင်းကပြောတယ်ငါ့ကိုမကြောက်ပါနဲ့ငါမင်းကိုဘာမှမခုပ်ပါဘူးငါမင်းကိုခေါ်သွားရုံပဲလို့ပြောတယ်။မောင်ထွန်းက ခဗျားဘသူလဲလို့မေးလိုက်တော့ သေမင်း က ငါကသေမင်းပါလို့ပြောတယ်။မောင်ထွန်းကပိုလန့်သွားပြီးခုလိုပြောတယ်ကျနော်ခုထိလက်မထပ်ရသေးဘူးလေကျနော့်ကိုအချိန်လေးနည်းနည်းပေးပါဗျာ။ကျနော့်မှာလက်ထပ်ဖို့အတွက် သူ့အသက်ဘလောက်ကနေဘလောက်ထိစုလာရကြောင်းပြောပြတယ်။နောက်ပြီးသူကသူ့ပိုက်ဆံထဲက သုံးပုံပုံ တစ်ပုံကိုခွဲပေးမယ် ၃လ အချိန်ပေးလို့ပြောတယ်။သေမင်းကဘာမှပြန်မပြောဘဲနေတယ်။မောင်ထွန်းကပိုက်ဆံနည်းတယ်ထင်ပြီး သုံးပုံပုံနှစ်ပုံပေးမယ်လို့ပြောတော့ သေမင်းဆီကစကားသံကိုကြားလိုက်ရတယ် ငါကအဲ့စက္ကူတွေကိုဘာလုပ်ရမှာလဲတဲ့။မောင်ထွန်းကလက်တွေပါတုန်လာပြီးနောက်ဆုံးအနေနဲ့ သူ့ပိုက်ဆံအကုန်ယူပါ သူ့ကိုတစ်ရက်ပဲနေခွင့်ပြုပါမိန်းမယူရအုန်းမယ်လို့ပြောတော့ာသေမင်းက မရဘူးလို့ပဲပြန်ဖြေလိုက်တယ်။နောက်မနက်ကြမောင်ထွန်းသေနေတာကိုလူတွေတွေ့လိုက်ရတယ်။သူ့ဘေးမှာစာတစ်စောင်ကိုတွေ့လို့ဖတ်က်ြည့်လိုက်တော့ လူ့ဘဝမာအချိန်ဆိုတာအရမ်းတန်ဖိုးရှိတယ်သူ့လိုမျိုးဘဝမှာငွေနောက်ပဲမလိုက်နေပဲဘဝရဲ့အချိန်တွေကိုကောင်းကောင်းအသုံးချပါဆိုပြီးရေးထားလေတယ်။မောင်ထွန်းကနောက်ဆုံးမှာသေမင်းကို‌ေတာင်းလို့ရတာဆိုလို့စာတစ်စောင်ရေးဖို့မိနစ်အနည်းပဲရလိုက်တာပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့အချိန်ဟာဘလောက်လူ့ဘဝမာတန်ဖိုးရှိကြောင့်ကိုသိလိုက်ရပြီလို့မျှော်လင့်ပါတယ်။ခုလို အသိပညာဗဟုသုတရတဲ့စာပေတွေကိုရှာလို့မတွေ့ဘူးဆိုရင်တော့ Lu စာပေ "ကို followလေးလုပ် အသဲလေးပေးခဲ့ပေးပါ။နောက်လည်းခုလိုဗဟုသုတ ဖြစ်စရာတွေတင်ပေးပါ့မယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင့်။

Lu စာပေ

Keep Reading

တစ်ကျွန်းစံ၏အပြန်လမ်းအဆိပ်ညဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လား𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေတိမ်နဲ့ချည်တဲ့ကြိုး-ဂျူး🏔️မိစ္ဆာကျွန်း𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚