မိုးနှောင်းအလင်္ကာ
"စကားတောင်စားမွေးဖွားတဲ့သားလိုလို"
"ကြားသူမှာ ဖရာဏာ ပီတိဘ၀င်စည်တီးသလို တအိအိစို၊"
"စေတနာသဒ္ဓါတရား၊တကယ်ရိုးသားရဲ့လားကို"
"ကဗျာလား၊တာသွား၊လျှာဖျား စကားတက္ကသိုလ်"
ဒီသီချင်းလေးထဲက "စကားတောင်စား"ဆိုတဲ့ အဓိပ္ပာယ်လေး ကိုပြောပြပေးချင်ပါတယ်။စကားတောင်စား ဆိုတာ အင်း၀ ခေတ်မှာပေါ်ပေါက်ခဲ့တဲ့ စကားဖြစ်ပါတယ်။ခရစ်နှစ် ၁၉၀၆ ကနေ ၁၉၁၀ အတွင်းမှာ စကားတောင်စား ဆိုတဲ့ ၀တ္ထုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ပြုစုရေးသားသူကတော့ သံရွာမင်းကြီးရဲ့မြေး ၀န်စာရေးကြီး ဖြစ်တဲ့ ဦးကြီးက စကားတောင်စား ဆိုတဲ့နာမည်နဲ့ ၀တ္ထုရေးသားခဲ့တာဖြစ်ပါတယ်။
စာရေးဆရာဦးကြီးဟာ ဆိုရင် "မောင်ရင်မောင်၊မမယ်မ" "မောင်မှိုင်း" "မမြကလေး" "မစိန်ကလေး" စတဲ့ကျော်ကြားတဲ့၀တ္ထုတွေ ကိုရေးသားတဲ့ နန်းတွင်းအတွင်း၀န်စာရေးဆရာကြီးဘဲဖြစ်ပါတယ်။စကားတောင်စား ဆိုတဲ့ ၀တ္ထုဟာ ဆိုရင် နန်းတွင်းထဲမှာ ဖြစ်ပျက်နေတဲ့ဟာသကလေးတွေကိုရေးဖွဲ့ထားတာဖြစ်ပါတယ်။စကားအရာမှာ လှည့်ပတ်ပြီး ပြောတတ်တဲ့ သူကိုအဲ့ဒီခေတ်က "စကားတောင်စား" လို့ခေါ်ကြပါတယ်။
အဲ့ဒီခေတ်က စကားတောင်စား၊ချည်ပါသား၊ပခန်းသား၊ ဆိုပြီးရှိကြပါတယ်။ စကားတောင်စားကတော့ စကားကို အကော်အကပ် နဲ့ ဆင်ေ၀ှ့ရန်ရှောင်လိုစကားမျိုး ေ၀ှ့၀ိုက်ပြီးပြောတတ်တဲ့သူကို စကားတောင်စားလို့ခေါ်ပါတယ်။ချည်ပါသား၊ပခန်းသား ကတော့ စကားကို အာဘောင်အာရင်း သန်သန်နဲ့ သူတို့လိုချင်တဲ့စကားကို ဆွဲထည့်ပြီးပြောတတ်တဲ့သူကိုခေါ်ပါတယ်။
စကားတောင်စားဆိုတာ စကားအင်မတန်ကြွယ်၀သူတွေကို တင်စားခေါ်ေ၀ါ်တဲ့ စကားလုံးဘဲဖြစ်ပါတယ်။စကားအင်မတန်တတ်လာတယ်၊စကားကို ကပ်သပ်ပြီးပြောတတ်လာတယ်၊ဆင်ေ၀ှ့ရန်ရှောင် ေ၀ှ့၀ိုက်ပြီးထိထိမိမိပြောတတ်လာတဲ့သူကိုစကားတောင်စား "စကားကိုတောင်လောက်ကြီးကျယ်စွာရှိတဲ့သူ အဲ့ဒီစကားတွေကို မိမိအသုံးလိုရာ လှည့်ပတ်ပြီးစားတတ်သူ၊အသုံးပြုတတ်သူကို စကားတောင်စားလို့ ခေါ်ပါတယ်"။
#မိုးနှောင်းအလင်္ကာ
Keep Reading