Aung Thu Ya Kyaw
ရွှေက တက်သွားပြီး အခုပဲ ပြေးဝယ်သင့်နေပြီနော်… ရှိတဲ့ ရွှေတွေ ဆက်သိမ်းထားဦး… ရွှေတွေ ရောင်းလိုက်တော့ မြတ်တုန်းလေး… မြေဝယ်ထားဟေ့… မြေမဝယ်နဲ့ ရွှေပဲဝယ်။ ဒါတွေ က အခု အချိန်မှာ အကြားရဆုံး စကားလုံးတွေ ဖြစ်ပါတယ်။ ဒီတော့ ရွှေဝယ်သင့်လား မြေဝယ်သင့်လားဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မြေဝယ်သင့်လား ရွှေဝယ်သင့်လားဆိုတာကို မပြောခင် ရွှေနဲ့ မြေဆိုတာက ယှဉ်လို့ မရနနိုင်တဲ့ Assets..ပိုင်ဆိုင်မှု တွေ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုရင် အမြတ်ကြမ်းတာချင်းလည်းမတူသလို ငွေဖော်လိုမှုလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့်မို့ ဒီနှစ်ခု ယှဉ်မပြောသင့်ပေမယ့် အခုက အမေးများနေလို့ ဖြေပေးလိုက်ရခြင်း ဖြစ်ပါတယ်။
ပထပိုင်း အနေနဲ့ ရွှေဈေးအကြောင်း
_________________________________
ရွှေကို 2023–2024 ကာလ အတွင်း သုံးသပ်ချက်
ရွှေအကြောင်းကို ပြေမယ်ဆိုရင်တော့ မြန်မာ့ရွှေနဲ့ ကမ္ဘာ့ရွှေကြား ဆိုပြီး (၂) ပိုင်းခွဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာရွှေဈေး (2023–2024)
မြန်မာ့ ရွှေဈေးဟာ 2023 လောက်မှာ တကယ်တော့ 41 သိန်း ဝန်းကျင်ခန့်သာ ရှိပြီးတော့… 2023 နှစ်ကုန် 2024 ထိကို 43 သိန်း ဝန်းကျင်ထိကို ရောက်သွားတာကို တွေ့ရပါတယ်။
ကမ္ဘာရွှေဈေး
ကမ္ဘာရွှေဈေးဟာ 2023 လောက်မှာ တကယ်တော့ $ 1900 ဝန်းကျင်ခန့်သာ ရှိပြီးတော့… 2023 နှစ်ကုန် 2024 ထိကို $ 2000 ဝန်းကျင်ထိကို ရောက်သွားတာကို တွေ့ရပါတယ်။
ရွှေဈေး ဘယ်အချိန်မှာ စတင် အတက်ဈေးကို ရောက်ရှိခဲ့ပါသလဲ?
2024 ဖေဖော်ဝါရီကနေ စတင်တက်သွားတဲ့ မြန်မာ့ ရွှေဈေးဟာ 2024 May လ 20 ရက်နေ့မှာ အမြင့်ဆုံးဈေး 52 သိန်း ဝန်းကျင်ထိ တက်သွားပြီးတော့ ကမ္ဘာ့ရွှေဈေး အနေနဲ့ 20 May လလောက်မှာ အမြင့်ဆုံးဈေး $ 2400 ထိတက်သွားတာကိုတွေ့ရပါတယ်။
အမြင့်ဆုံးဈေးမှာ မြန်မာ့ရွှေနဲ့ ကမ္ဘာရွှေ သုံးသပ်ချက်
May 20 ဝန်းကျင်မှာ မြန်မာနဲ့ ကမ္ဘာ့ရွှေဈေးကွက် တွက်ချက်ကြည့်ရအောင်။
May 20 မှာ မြန်မာ့ရွှေက 52 သိန်း ဝန်းကျင်
May 20 မှာ ကမ္ဘာ့ရွှေက $ 2400 ဝန်းကျင်
May 29 မှာ မြန်မာ့ရွှေက 57 သိန်း ဝန်းကျင်
May 29 မှာ ကမ္ဘာ့ရွှေက $ 2300 ဝန်းကျင်
ဒီ ဈေးတန်းနှစ်ခုကို ယှဉ်ပြီးတော့ ကြည့်ရမယ်ဆိုရင် ကမ္ဘာရွှေဈေး $2400 အမြင့်ဆုံးမှာ မြန်မာရွှေဈေး 52 သိန်း ဝန်းကျင်ဟာ အခု $ 2300 မှာ 57 သိန်း ကြည့်ခြင်းအားဖြင့် မြန်မာ့ငွေကြေး ဖောင်းပွမှု ဘယ်လောက်ထိ ရှိသလဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ ကမ္ဘာ့ရွှေဈေး ဟာ $ 2400 တန်းထိ ပြန်ရောက်လာရင်တော့ မြန်မာ့ရွှေဈေးဟာ ပိုတက်လာနိုင်ချေ ရှိပါတယ်။ ဒါကြောင့်မို့ ရွှေဈေးဟာ ထက်တက်လာနိုင်ဖို့ ဖြစ်နိုင်ချေ များပါတယ်။
ဒုတိယ အပိုင်းအနေဖြင့် အိမ်ခြံမြေဈေး
_________________________________
အိမ်ခြံမြေ ဈေးတန်းတစ်ခု ပြောဖို့ရာက မြို့နယ်တစ်ခုရဲ့ ရပ်ကွက်တစ်ခုမှာအရောင်း အဝယ် ဖြစ်သွားတဲ့ ဈေးနှုန်းတွေ နဲ့ ယှဉ်ပြီးပြောပြပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလို တိကျတဲ့ ဒေတာ မရှိပါ။ အရောင်းအဝယ်လုပ်နေတဲ့ အကျိုးဆောင်တွေသာ ပိုပြီး သိနိုင်ပါလိမ့်မယ်။
သို့သော်လည်း မြင်သာအောင် တော့ ပြောပြပေးပါ့မယ်။
မြေကြီးဟာ ရွှေလို တစ်နှစ် တည်းယှဉ်ပြောရတာ လက်တွေ မဆန်လှပါဘူး။ ဘာကြောင့်လည်း ဆိုရင် ရွှေလို Liquidity… ငွေပြန်ဖော်လို မှု မတူသလို Lucrative… ငွေဝင်ကြမ်း တာတွေလည်းမတူလို့ဖြစ်ပါတယ်။ မြောက်ဒဂုံ ၃၄ ရပ်ကွက် နဲ့ ယှဉ်ပြီးပြောပြပေးသွားပါ့မယ်။ 2020 လောက်က မြောက်ဒဂုံ 34 ရပ်ကွက်မှာ 40*60 မြေကွက်တစ်ကွက် ဟာ 1400–1500 ပတ်ချာလည်လောက်နဲ့ ရနိုင်ပြီးတော့ အခု 2024 May လမှာတော့ အနည်းဆုံး သိန်း 7500 အထက်မှာကနေပဲ ရနိုင်တော့ မှာ ဖြစ်ပါတယ်။
ဒါဆိုရင် 4 နှစ် မပြည့်တစ်ပြည့်လေးမှာ အနည်းဆုံး ၅၀၀၀ ဝန်းကျင်လောက်တက်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအချိန်မှာ ရွှေဈေး အနေနဲ့ 13 သိန်း ဝန်းကျင်မျှသာ ဖြစ်ပါတယ်။ ဆိုလိုတာက 2020 လောက်က ရွှေရောင်းပြီးတော့ 34 ရပ်ကွက်က မြေကွက်ကို ဝယ်မယ်ဆိုရင်တော့ ရွှေ 115 ကျပ်သားနဲ့ ဝယ်လို့ရမှာ ဖြစ်ပါတယ်။ ထို 115 ကျပ်သားဟာ အခုဈေး (57 သိန်း) နဲ့ ယှဉ်ပြီးတော့ တွက်မယ်ဆိုရင်တောင် ရွှေဈေးဟာ 6500 လောက်ပဲ ရှိဦးမှာ ဖြစ်ပါဝယ်။
ရွှေရဲ့ 2020 ကနေ 2024 အမြတ်ဟာ ရွှေ 115 ကျပ်သားဟာ အခုဈေးနဲ့ ယှဉ်ရင်တောင် သိန်း 5000 လောက်တော့ ပျမ်းမျှ မြတ်နိုင်ချေ ရှိပါတယ်။ အိမ်ခြံမြေကတော့ 2020 ကနေ 2024 အမြတ်ဟာ (2020 မှာ 1500 အခု 2024 May 7500) သိန်း 6000 လောက် အနည်းဆုံးမြတ်ပါတယ်။ ဒီထက်မက ပိုပြီးလည်း မြတ်နိုင်ပါတယ်။ ဒါတွေကိုတော့ အမှန်တကယ် အရောင်းအဝယ်လုပ်ပေးတဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေ က သိမြဲ ဖြစ်ပါတယ်။
ကြားထဲမှာ အိမ်ခြံမြေဆိုတာက နေလို့ရမယ်၊ ငှားလို့ရမယ် စတဲ့ အခွင့်အလမ်းတွေ ငွေရပေါက် လမ်းကြောင်းတွေ မပါသေးပါဘူး။ ဒါတွေပါ ထက်တွက်မယ်ဆိုရင် ပိုပြီး အမြတ်ရနိုင်ချေ ရှိပါတယ်။
အကျဉ်းချုပ် အနေနဲ့ ပြောရရင်တော့ မိတ်ဆွေ အနေနဲ့ ရွှေမှာ ရင်းနှိးမြှုပ်နှံသင့်သလား? အိမ်ခြံမြေ မှာ ရင်းနှိးမြှုပ်နှံသင့်သလားဆိုရင် ရေရှည်လား? ရေတိုလား? ငွေပြန်ဖော်လို့ လွယ်တာကို ကြိုက်တာလား? အေးအေးဆေးဆေးနဲ့ ငွေဖြစ်ကြမ်းတာကို လိုချင်တာလား ဆိုတဲ့ အချက်ကို သိနေအောင် အရင်ကြိုးစားသင့်ပါတယ်။
ပြီးတော့ တစ်ခုချင်းစီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပက်သက်ပြီးတော့ အသေးစိတ် လေ့လာထားသင့်ပါတယ်။ ဒါတွေကို သေသေချာချာ လေးသိပြီးသွားရင်လည်း ကိုယ်ကိုတိုင်က risk ယူနိုင်ဖို့ လည်းအရေးကြီးပါတယ်။ ကမ္ဘာပေါ်က ဘယ်လို လူကမှ ရွှေဈေး တက်မယ် ကျမယ်၊ အိမ်ခြံမြေ ဈေးတက်မယ်ကျ အတိအကျ မသိနိုင်ပါဘူး။ အားလုံးက ခန့်မှန်းချည်းမျှသာ ဖြစ်ပါတယ်။ ရေရှည်မှာ ပြောရရင်တော့ ရွှေရော၊ အိမ်ခြံမြေရော အတက်ချည်းမျှသာ ဖြစ်ပါတယ်။
ဒါက ဘာကြောင့်လည်းဆိုရင် လူဦးရေတိုးပွားလာမှု၊ ငွေကြေးဖောင်းပွမှု တို့ကြောင့်ဖြစ်ပါတယ်။ ရွှေဈေး အတက်မှာ ရွှေရောင်းပြီး မြေဝယ်သင့်သလား ဆိုရင်တော့ ရွှေရောင်းပြီး မြေဝယ် (ခိုင်မာပြီး အရှုပ်ရှင်းကင်း နေရာကောင်းဖို့လို) ထားရင်တော့ ဒီအချိန်က အကောင်းဆုံး အချိန်ဖြစ်ပါတယ်။
ကျွန်တော့အနေနဲ့ ရွှေနဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေကို တွက်ချက်ရာမှာ လိုအပ်ချက်ရှိသွားရင် မိတ်ဆွေ သိသည့် အမှန် Data တိုင်း ပြန်တွက်ကြည့်ပြီးတော့ ဖြည့်စွက်ပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခုပြောတာတွေက ခန့်မှန်းချေ တွေကို တွက်ချက် ပေးထားကြောင့်ဖြစ်ပါတယ်။ တိကျတဲ့ Data တွေ ဖော်ပြပေးထားတဲ့ နေရာတွေ မရှိတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
အားလုံးပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဆောင်းပါးတွေမှာ တွေ့စုံချင်ပါသေးတယ်။
#ရွှေဈေး #အိမ်ခြံမြေအကြောင်းလေ့လာပါ #atkblog #ATK #အကျိုးဆောင် #realestatebroker #realestatetips #realestateagent #realestategoals #realestatelife #realestate #အိမ်ခြံမြေ
Keep Reading