Author's Profile Photo

Mya Chan Myae

20/08/2024

နယူတန်ရဲ့ဆုံးမစာ

1 min read
Book Review
Education
18 Again

ဘဝထဲက ဆင်းရဲဒုက္ခအခက်အခဲဆိုတာ ကြောက်ဖို့ မကောင်းပါဘူး။
အခက်အခဲနဲ့ကြုံချိန် မရှောင်လွှဲနဲ့၊ မပုန်းအောင်းနဲ့၊ မလွတ်စတမ်း တင်းတင်းကြီးလည်း ဆုပ်ကိုင်မထားပါနဲ့။

ဖြစ်လာပြီဖြစ်တဲ့အခက်အခဲကို ရင်ဆိုင်လိုက်၊ဖြေရှင်းလိုက်တာဟာ အကောင်းဆုံးနည်းပါ။မဖြေရှင်းဘဲ မလွတ်တမ်းဆုပ်ကိုင်ထားရင် သူဟာ နွံလိုပဲ ကိုယ့်ကို ပိုပြီးနစ်ဝင်စေတတ်တယ်။ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်ရစေ၊ဒီလိုယုံကြည်မှုတစ်ခုကို ကျွန်တော်တို့ လက်ကိုင်ထားသင့်တယ်။

မိုးသက်လေပြင်းမကျရောက်ခဲ့ရင် လှပတဲ့ သက်တံ့ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ဒီအမှောင်ကို ကျော်လွန်ပြီးရင် အလင်းဆိုတာရောက်လာစမြဲပဲ။ရှေ့ဆက်မယ့်လမ်းက အရာရာအဆင်ပြေချောမွေ့နေမှာ မဟုတ်ဘူး။အခက်အခဲတစ်မျိုးမဟုတ်တစ်မျိုးက စောင့်နေဦးမှာပဲ။

ဒီလိုအချိန်မျိုးမှာ နာကျင်မှုကို အင်အားအဖြစ်ပြောင်းပြီး ကြံခိုင်သန်မာဖို့၊ ဇွဲလုံ့လရှိဖို့ကို ကျွန်တော်တို့ ရွေးချယ်ရပါလိမ့်မယ်။

Isaac Newton(1642-1727)

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ