
My Life's Corner

ကျွန်မဘဝမှာ
ရင်တစ်ဆစီ အကွဲခံပြီး
နှလုံးသားတစ်ဆစီ ကျေမွခံပြီး
ရွေးချယ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တစ်ခု
ချစ်ရသူတွေရဲ့ ရင်ဘတ်ကို ထက်ခြမ်းခွဲပြီး တစ်ကိုယ်ကောင်းဆန်စွာ ကိုယ်လွတ်ရုန်းဖို့ ရွေးချယ်ခဲ့တဲ့ လမ်းတစ်ခု
ကိုယ့်တက်လမ်းတစ်ခုအတွက်နဲ့
ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ အသည်းကို ဟက်တက်ခွဲပြီး
ရင်နာနာနဲ့ ရွေးချယ်ခဲ့တဲ့လမ်းတစ်ခု...
ကျွန်မ ဒီလမ်းကို မနက်ဖြန်ကစပြီး ဆက်လျှောက်ရတော့မယ်။
ကျွန်မ တစ်ကိုယ်ကောင်းဆန်လား မှားသွားလားဆိုတာ ကျမ မသိပါ။
ဘဝပုစ္ဆာတွေဟာ အဖြေမှန်ကို ရှာတွေ့ဖို့ သိပ်ကိုခက်ခဲတယ်။
ကိုယ်က စိတ်လှုပ်ရှားနေပြီး ကိုယ့်ရဲ့ အကောင်အထည်ဖော်တော့မယ့် အိပ်မက်တွေကို ဘော့ပင်လေးနဲ့ ချရေးနေစဉ်
တစ်ဖက်မှာတော့
ကိုယ့်ကိုချစ်ရသူတွေဟာ ကိုယ့်ကို မခွဲနိုင် မခွာနိုင်မလို့ မျက်ရည်နဲ့မျက်ခွက်။
စိတ်အားငယ်နေသူတွေဟာ ပိုအားငယ်ရ
စိတ်ဓာတ်ကျသူတွေဟာ ပိုစိတ်ဓာတ်ကျရနဲ့
ကျမ သိပ်ကို တစ်ကိုယ်ကောင်းဆန်သွားတယ်ထင်ပါတယ်။
တကယ်ပါ။
ရင်နာနာနဲ့ ကျောခိုင်းခဲ့ရတဲ့အဖြစ်တွေဟာ
ဒီကမ္ဘာမှာ ဘယ်လောက်တောင်များပြားနေပြီလဲ?
သေကွဲကြောင့်ရတဲ့အပူက ရှင်ကွဲကွဲရခြင်းရဲ့ အပူကို တစ်ထစ်ချ မှီပါတယ်။
ထိုအပူတွေကို လူတွေက မျက်ရည်ပူတွေကျလျက်နဲ့ပဲ ဖြေဖျောက်ရပါတယ်။
နှလုံးသားကိုသာ တကယ်မြင်ရမယ်ဆိုရင် အစိတ်စိတ်အမွမွ ကျေမွနေရောပေါ့။
ဘယ်လိုဖြစ်ဖြစ် ကျမ မကြည့်ရက်ပါ...။
ကျမရဲ့ ရင်တွေလဲ သူတို့နည်းတူ ဟက်တက်ကွဲရပါတယ်။
ဒီစာကိုဖတ်နေတဲ့သူရော
ကျမကို ချစ်တဲ့သူတွေရော အေးချမ်းနိုင်ပါစေ။
ကျမရဲ့ချစ်ရတဲ့သူတွေလဲ ပျော်ရွှင်နိုင်ပါစေ။
ဘဝမှာ မေတ္တာဓာတ် သံယောဇဉ်ကြိုးတွေရဲ့ ပူလောင်မှုများမှ ကင်းဝေးနိုင်ကြပါစေ။
သင့်ဘဝမှာ သင်ခု ဆုံနေရတဲ့သူတွေဟာ
တစ်နေ့သင့်ဘဝထဲကနေ သေကွဲသော်လည်းကောင်း ရှင်ကွဲသော်လည်းကောင်း တစ်နေနေ့ ထွက်သွားကြမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
နောင်တတွေ နောင်မှမရခင် အခုတည်းက သင့်အနားက သင်ချစ်တဲ့သူတွေကို ပျော်ရွှင်အောင်ထားပါ၊
သင့်ကြောင့် သူတစ်ပါး ပြုံးရယ်နိုင်အောင်သာ အားထုတ်ပါ။
သင့်ကြောင့် သူတစ်ပါး မျက်ရည်မကျပါစေနဲ့။
#MyLifeCorner
#SPPZ
Keep Reading