Author's Profile Photo

SarPhat Author

15/03/2024

လေ့လာခြင်း၊သင်ယူခြင်းနှင့် စာကျက်ခြင်း

1 min read
Personal Development
Education
General Knowledge

"စာ"လုပ်တယ် လို့ပြောလိုက်တာနဲ့ စားပွဲမှာထိုင်
A4 တစ်မျက်နှာမကရှိတဲ့စာတွေ အခေါက်ခေါက်အခါခါ အော် ဝရူးဝရူးနဲ့ပေါ့ဗျာ...။သဒ္ဒါလည်းကျက် ကဗျာလည်းကျက် သင်္ချာလည်းကျက် ပထဝီလည်းကျက် သမိုင်းလည်းကျက် စာရိတ္တပါကျက် အကုန်ကျက်။
မကောင်းဘူးလားလို့မေးရင် ဘယ်ကောင်းမလဲဗျ။
ဘာတစ်ခုမှလည်း နားမလည်လိုက်ဘူး။စာကျက်တာကိုTrauma(စိတ်ဒဏ်ရာ) ရသွားတယ်။ အဆိုးဆုံးက
Trauma(စိတ်ဒဏ်ရာ)ရပြီးတဲ့နောက် အကျိုးဆက်ဖြစ်တဲ့ စာဆို ဝေးဝေးရှောင်ချင်ပြီး ဘာမှ မလေ့လာတော့တာပဲ။ လောကမှလူရယ်လို့ဖြစ်လာရင် သင်ယူစရာတွေ အများကြီးရှိတာတော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ ​ဘယ်လိုသင်ယူရမလဲဆိုတာကိုတော့ မသင်ပေးကြဘူး။တကယ်တော့ ဆရာလုပ်သူတွေလည်း ဘွဲ့လေးရပြီး ဝမ်းမဝလို့ လမ်းပျောက်ပြီး ကြုံရာ ဆရာအလုပ် ဝင်လုပ်လိုက်တဲ့လူတွေ များတာလည်း ပါတာပေါ့။ အဲ့တော့ သူတို့လည်း ဒီလိုပဲ ဝရူးဝရူးနဲ့ကျက်ပြီး မင်းတို့လည်း ဝရူးဝရူးနဲ့ကျက်။ အချိန်တန်ရင် အောင်မယ်။ ဖတ်စာအုပ်ထဲက
စာကို ပြန်ဖတ်ပြပြီးပြီ။ နောက်နေ့အလွတ်ကျက်ခဲ့ မင်းတို့အလွတ်ဆိုနေတာကို ငါဖတ်စာအုပ်ကြည့်ပြီး နားထောင်မယ်။မင်းတို့အလွတ်ရေးတာကို ငါတိုက်စစ်မယ်။ ဘာလာလာ ကျက်တဲ့အကျင့်က စွဲလာတယ်။အင်္ဂလိပ်စာသင်တယ် ထိုင်ကျက်တယ်။ ဂျပန်စာသင်တယ် ထိုင်ကျက်တယ် ဘာသာစကား(Language)လည်း ထိုင်ကျက်ကြတာပဲဗျ။ မတတ်နိုင်ဘူးလေ။
ဟိုးကတည်းက ကျက်လာတာ အခုထိ ကျက်တာကလွဲရင် ဘာမှမလုပ်တတ်ဘူး။ ဘာသာစကားကို ဘယ်လိုလေ့လာရမလဲ နည်း မသိဘူး။အဆိုးဆုံးက ကျက်ပြီးတော့ စဥ်းတောင်မစဥ်းစားတတ်တော့တဲ့ လူတွေပါ
ရှိတာပါပဲ။ဒေါက်တာသန်းထွန်းက သမိုင်း မ"အ"အောင် သင်တယ်လို့ပြောတယ်။ကျနော်တို့ ကဘာပြန်ပြောလဲ "ဟာ...သမိုင်းတွေထိုင်မကျက်ချင်တော့ဘူး ပိုက်ဆံလည်းမရဘူး" ဟုတ်တယ်လေ။ မြန်မာ့သမိုင်းရော ကမ္ဘာသမိုင်းရော ကျက်ခဲ့တာပဲ။ တော်ပြီပေါ့။ "ရာဇကုမာရ်က ကျန်စစ်သား သား ဟုတ်ဟုတ်မဟုတ်ဟုတ် ဘာအရေးလဲ" "စာမလုပ်ချင်တော့ပါဘူး" "ဒုတိယအရွယ်မှာ စီးပွာရှာရမယ်" ဘွဲ့ရပြီးတဲ့အထိ စာကျက်တဲ့အလုပ်ကို ကျိတ်မှိတ်ပြီး လုပ်လာပြီးပြီ။ စာမကျက်ချင်တော့ဘူးလေ။ ပြသနာက ဘာမှကို မလေ့လာတော့ဘူး။
စိတ်နာနာနဲ့ ဒီလူတစ်ယောက်ရဲ့ ပညာလမ်းဟာဆုံးသွားတယ်။စာအော်ကျက်တာနဲ့လေ့လာသင်ယူခြင်း
(Learning/studying)ကို ရောသွားတယ်။
(Understanding is better than memorization)

အပိုင်း(၂) ဆက်ရန်ရှိပါသည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု