Author's Profile Photo

Phoenix

18/08/2024

လောကသဘာဝ

1 min read
Personal Development

လူဆိုတာကလဲ ကိုယ်ပြောတဲ့အတိုင်းလုပ် ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုပီးခေါင်းညိတ်တတ်တဲ့သူများ‌‌ေတွ့ရင်သဘောခွေ့သလားမမေးနဲ့ ငါပြောတဲ့အတိုင်းနေ ခိုင်းတာလုပ် ပြန်မပြော အထွန့်မတက်တဲ့သူဆိုပိုသဘောကျလေပဲ ဖီးတွေကိုတက်လို့ ဒါကြောင့်လဲအာဏာပါဝါဆိုတာသည်းခြေကြိုက်ကြတာ
EQမကောင်း စိတ်ဓါတ်မကောင်းတဲ့သူလက်ထဲရောက်သွားတဲ့အာဏာပါဝါကသိပ်ကြောက်ဖို့ကောင်းတယ် အဲလိုလူတွေကဘာဖြစ်လို့ထိပ်ရောက်ပီးလုပ်ချင်တိုင်းလုပ်လို့ရနေတာလဲ ကိုယ့်အမြင်ပေါ့လေ စိတ်ဓါတ်မကောင်းတာကမကောင်းတာပဲ သူတို့ကလောဘကြီးတယ် ကြိုးစားကြတယ် ကံ ဉာဏ် ဝီရိယမှာ ကံလေးကလဲပါလာဉာဏ်ကလဲကောင်း ဝီရိယရှိရှိနဲ့ကိုယ်အောင်မြင်ဖို့အရေးဘာမဆိုလုပ်တော့တာပဲ ကျော်ခွသင့်တာလဲလက်မနှေးဘူး လောကနိယာမအရ(ဟီးအကြီးကြီးတွေပြောပီ?)လျှေက်တဲ့လူကရွေ့နေမှာပဲလေ ခုခေတ်မှာအဲလိုလူတွေအများကြီး
ဒါဆိုစိတ်ဓါတ်ကောင်းသဘောထားကြီးရက်နဲ့ထိပ်တန်းမရောက်တာလဲ တချို့တွေကလဲလောဘမကြီး ရောင့်ရဲလွယ်တာပေါ့ဗျာ ဒီလောက်ဆိုတော်ပီ ကံတရားအတိုင်းပဲဆိုပီးနေလိုက်ကြတယ် သဘောထားယုတ်တဲ့သူ ကိုယ့်ကိုကျော်ခွသွားတဲ့သူတွေ့ရင်လဲ သူ့အကုသိုလ်နဲ့တနေ့နေ့တော့ပြန်ခံရမှာပါဆိုပီး လမ်းဘေးရှောင်လိုက်ကြရော အဲတော့ဟိုလူတွေကျော်တက်သွား လုပ်ချင်ရာလုပ်ခွင့်ရနေတာပဲ
နောက်ဆိုရင်ဗျာ သဘောထားပြည့်တဲ့သူများနေရာတစ်နေရာ အာဏာပါဝါကိုရအောင်ယူထားသင့်တယ် အာဏာပြဖို့မဟုတ်ဘူးနိုင်ရာစားတွေလက်က ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ရယ် ကိုယ့်လက်အောက်ငယ်သားအပြစ်မရှိတဲ့သူတွေကာကွယ်ဖို့ရယ် လုပ်ယူစရာမလိုပဲလူတွေကလေးစားချစ်ခင် ဩဇာရှိလာမှာပါ
မှားတာအမြင်မတူတာရှိရင်တောင်းပန်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်