Sandi Cho
လေရူးသုန်သုန်_မြသန်းတင့်
ချိုဘ၀မှာပထမဆုံး စိတ်၀င်တစားနဲ့ စွဲစွဲလမ်းလမ်းဖတ်ခဲ့ရတဲ့ စာအုပ်လေးပါ။အဲစာအုပ်ဖတ်တုန်းက ချိုအတော်ငယ်သေးတယ်။အဲဒါကြောင့် စာအုပ်ထဲက အမေရိကန်ပြည်တွင်းစစ်တွေ၊လူမျိုးရေးခွဲခြားခြင်းတွေထက် စကားလက်အိုဟာရာဆိုတဲ့ အမျိုးသမီးလေးရဲ့ဘ၀ကို ပိုစိတ်၀င်စားခဲ့တယ်။စကားလက်က ချိုဘ၀ကို အတော်လွှမ်းမိုးနိုင်ခဲ့သူပါ။ချိုအကြိုက်ဆုံး ဇာတ်ကောင်လို့လည်းပြောလို့ရတယ်။
တစ်ချို့သူတွေအတွက် စကားလက်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့မိန်းမ၊မာယာများတဲ့မိန်းမ၊အတ္တကြီးတဲ့ မိန်းမ စသဖြင့် ထင်ကောင်းထင်နိုင်ပေမယ့် ချိုအတွက်တော့ စကားလက်ဟာ သတ္တိရှိတဲ့မိန်းမပဲ။ဘ၀မှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေပေါ် ငြီးငြူမနေပဲနဲ့ မိန်းမတစ်ယောက်ရဲ့ တာ၀န်တွေထက်ကျော်လွန်ပြီးတော့ သူမိသားစုကို ကာကွယ် စောင့်ရှောက်ခဲ့တယ်။
မျက်ရည်တွေကို သိမ်းဆည်းပြီးတော့ လောကဓံကို အံတုနေရတဲ့ မိန်းမတစ်ယောက်မို့ တစ်ကိုယ်ကောင်းဆန်တယ်လို့လည်း ထင်ချင်စရာပါပဲ။ဒါပေမယ့် ချိုအနေနဲ့ဆိုရင်တော့ စကားလက်ကို အပြည့်အ၀နားလည်ပေးနိုင်ပါတယ်။
မဖတ်ရ မြဲတတ်သည်_ရာဇာဝိဇယ
ဒီစာအုပ်ကိုတော့ ချိုဖတ်ထားတာ လပိုင်းပဲရှိပါသေးတယ်။စာအုပ်ထဲက အကြောင်းအရာတွေက တစ်ချို့သူတွေအတွက်တော့ လက်မခံနိုင်ချင်စရာတွေပါ။ဒါပေမယ့် ချိုအနေနဲ့တော့ ဒီစာအုပ်ကို သဘောကျတယ်။
ချိုမတွေးမိဖူးတဲ့ ရှုထောင့်အမြင်ကနေပြီးတော့ ကိစ္စတွေကို မြင်နိုင်လာတယ်။relationshipရှိတဲ့သူတွေအနေနဲ့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်ခုပါ။အဲဒါအမြင် ကိုယ့်ရဲ့MBTIကိုသေချာမသိတဲ့သူတွေ၊ကိုယ်မှာ ဘယ်လိုဉာဏ်ရည်မျိုးရှိနေတာလဲဆိုတာမသိတဲ့သူတွေ၊မတူညီမှုတွေကြားမှာ အားငယ်တတ်တဲ့သူတွေရောဖတ်ကြည့်သင့်ပါတယ်။
ချိုကတော့ ဆရာရဲ့အရေးအသားပုံစံကို ပိုသဘောကျတာပါ။ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်သူငယ်ချင်းတစ်ယောက်က ကိုယ်ကိုလာအကြံပေးနေသလိုခံစားရတာပါ။တကယ် စာအုပ်တစ်အုပ်ထက်ကျော်လွန်ပြီးတော့ ဗဟုသုတရစရာတွေ အများကြီးပါလို့ လက်မလွတ်သင့်တဲ့ စာအုပ်လေးပါ။
မေတ္တာရှင်မလေးပေါ်လီယာနာ-ထင်လင်း
ဒီစာအုပ်ကတော့ သုတ၊ရသ နှစ်မျိုးစလုံး ခံစားရတဲ့ ဘာသာပြန် ၀တ္ထုလေးပါ။ချိုပုံမှန်အားဖြင့် တက်ကျမ်းတွေကိုမကြိုက်ပါဘူး။ဘယ်ချိန်မှာ ဘာဖြစ်ရမယ်ဆိုပြီးတော့ပေါ့။အဲဒါတွေထက် လူတွေရဲ့ စိတ်ကို မသိမသာ ဆုံးမပြုပြင်ပေးတဲ့ စာအုပ်တွေဆိုရင်တော့ ပိုသဘောကျတယ်။ဒီစာအုပ်က အဲလိုစာအုပ်မျိုးပါ။
ဇာတ်လမ်းအနေနဲ့လည်း စိတ်၀င်စားဖို့ကောင်းသလို ကိုယ်ရဲ့ စိတ်ထဲကိုလည်း တွေးစရာလေးတွေ မသိမသာထည့်ပေးလိုက်ပါတယ်။ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရတွေ၊ရိုးရှင်းတဲ့ ဘ၀နေနည်းတွေကိုပါ လေ့လာရမှာပါ။
ဒီစာအုပ်ဖတ်ပြီးတော့ ပေါ်လီယာနာလို ကောင်မလေးဖြစ်ချင်မိတယ်။လောကဓံတွေကို အပြုံးလေးနဲ့ရင်ဆိုင်ပြီး ကိုယ်မှာရှိနေတဲ့အရာတွေကနေမှ ပျော်ရွှင်နေတတ်လာတယ်။တကယ် ချိုဘ၀ကို ပြောင်းလဲစေခဲ့တဲ့ စာအုပ်လေးပါ။
အမှတ်တရ_ဂျုး
ဒီစာအုပ်ကိုတော့ ချိုထူးပြီးပြောစရာလိုမယ်မထင်ပါဘူး။သူကျ တွေးစရာတွေဆိုတာထက် ခံစာချက်ကို လွှမ်းမိုးနိုင်ခဲ့တာပါ။ဒီစာအုပ် စစဖတ်ပြီးချင်းတုန်းက ကိုယ်အထားခဲ့ခံရသလို၊သစ္စာဖောက်ခံရသလို ခံစားခဲ့ရတာပါ။ငယ်ငယ်တုန်းက ဖတ်တုန်းကတော့ မောင်ကို စိတ်နာတယ်။လုပ်ရက်လေခြင်းဆိုပြီး အပြစ်တင်မိတယ်။
ခုနောက်ပိုင်း ပြန်ဖတ်တော့ကျတော့ မောင်ကို စိတ်မနာတော့ဘူး။အဲဒါ လူသဘော၊လူသဘော၀လို့ပဲနှလုံးသွင်းလာနိုင်တယ်။မောင်နဲ့စုစုထွေးဇာတ်လမ်းမှာ နှစ်ယောက်လုံးမမှန်ဘူးလို့ထင်တယ်။မောင်အနေနဲ့လည်း ကိုယ်ပေါ်တကယ်ကောင်းပြီး နားလည်ပေးနိုင်တဲ့သူကိုရွေးချယ်သင့်သလို စုစုထွေးအနေနဲ့လည်း ကိုယ်ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟခဲ့သင့်တယ်။ဒါပေမယ့် happy ending မဖြစ်တာကပဲ ဒီစာအုပ်ရဲ့ ရသလို့ပြောလို့ရပါတယ်။ဖတ်လိုက်တိုင်း သုံးရက်လောက်ကတော့ တစိမ့်စိမ့် ခံစားရတဲ့ထိ ပြောင်မြောက်တဲ့ ဆရာမဂျူးရဲ့လက်ရာတစ်ခုပါ။
မအိမ်ကံ-ခင်ခင်ထူး
ချိုစာဖတ်ခြင်းကို နှစ်သက်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့ စာအုပ်လေးပါ။ချိုအဲစာအုပ်လေးကို ၀န်ဇင်းမှာ အမြည်းဖတ်ပြီး မအိမ်ကံအကြောင်းကို တအားစိတ်၀င်စားလာတယ်။အဲဒါကြောင့် နောက်ဆုံးတော့၀ယ်ပြီး ဖတ်ခဲ့တယ်။
သုံးရက်၊သုံးညတိတိ စာအုပ်မပြီးမချင်း ချိုလက်ကနေချလို့မရခဲ့ပါဘူး။ဖတ်နေရင်းနဲ့မှ မအိမ်ကံ ကွမ်းတောင်ကိုင်ရပါ့မလား ဆိုတဲ့စိတ်ဟာ ချိုအတွေးထဲမှာ အရမ်းကို လွှမ်းမိုးခဲ့တယ်။ရူးရူးမူးမူးစွဲလမ်းခဲ့တဲ့ အဲဒီဖတ်စိမ်းကွမ်းတောင်ကိုင်လေးကို လက်လွတ်ခဲ့ရတဲ့အချိန်မှာ မအိမ်ကံ ခံစားရတဲ့နာကျင်မှုကို ချိုပါခံစားခဲ့ရတယ်။
နောက်ဆုံးမှာတော့ အစွဲအလမ်းကြီးလိုက်တာ မအိမ်ကံရယ်ဆိုပြီးတော့သာ အောက်မေ့မိတယ်။ဒီစာအုပ်လေးကို ဖတ်ရင်းနဲ့မှ ချိုသင်ခန်းစာယူလိုက်ရတာက တစ်ချို့အရာတွေက ချိုတို့ပြောင်းလဲလို့ရမယ့်အရာတွေမဟုတ်ဘူး။အဲဒီအရာတွေကို လက်လွတ်နိုင်ခြင်းဟာလည်း ဘ၀ရဲ့ကံကောင်းခြင်းတစ်ခုပါပဲ။
Review by Sandi Cho?
ဒီစာအုပ်လေးတွေဖတ်ကြည့်ချင်ရင် ဒီချန်နယ်လေးကိုjoinထားလို့ရပါတယ်။
https://t.me/tips_by_bee_J
Keep Reading