SarPhat Author
ဖြစ်ဖူးကြမလား ? ကိုယ်က တစုံတဦးကို တဖက်သတ် အရမ်း မဟားတရားတွေ crushကိုကြိတ်ခိုက်/ကြိတ်ကြွေ/ကြိတ်ကြိုက်မိပီး ခေါင်းထဲ အတွေးထဲ မျက်စိ ၂ လုံး ပွင့်ထဲကနေ ညအိပ်ချိန်ထိ သူ့ပဲ တွေးမိတာ မျိုး ..
ဆယ်ကျော်သက်မှ မဟုတ်ဘူး ၊ အသက်ကြီးနေလည်း မထင်ထားတဲ့ အချိန်မှာ မထင်ထားတဲ့ လူအပေါ်လည်း အဲ့လိုမျိုး ကိုယ့်ဖက်က ဖြစ်မိတတ်တယ် ..
စိတ်ကစားတာလည်း မဟုတ်သလို၊ အပစ်လည်း မဟုတ်ပါဘူး ဒါက .. လူ့သဘာဝ ရင်ခုန်မိတာ ၊ စွဲလမ်းမိတာ မျိုးပါ ။ အဲ့ထက်ဆိုး လာရင်သာ / စိတ်ရောဂါ အခံရှိရင်ကတော့ အရမ်း ပြင်းထန်လာပီး ထင်ယောင်ထင်မှား( imaginary) ထဲ သူကပဲ ကိုယ့်ရည်းစား လို / ကိုယ်နဲ့ တကယ် relationship ရှိနေသလို ထင်လာတာ / ကိုယ်က သူ့ stalker ဖြစ်သွားတာ မျိုး ကတော့ အန္တရာယ် ရှိတယ် ..
စိတ်ပညာ ဆေးပညာပိုင်းတွေကတော့ ပျင်းစရာကြီး ဖြစ်နေမှာမို့ ဆက်မပြောတော့ပဲ လိုရင်းက အဲ့လို ကိုယ်က ဖြစ်နေရင် ဘာလုပ်ကြမလဲ ❓
⚠️ ပထမဆုံးက ⚠️ လူတယောက်ကို စွဲလမ်းပီး အဲ့လူကို လိုချင် သဘောကျ တယ် ဆိုတာ ကိုယ်လိုချင်တာ တခုခု သူ့မှာ ရှိနေလို့ တဲ့ ..
ဥပမာ - ကိုယ်က အရမ်းကို ဘဝမှာ ဒုက္ခသုက္ခတွေ ကြုံနေချိန် တဦးတယောက်ကများ နဲနဲလေး attention ပေးပီး ကူညီရင် အဲ့လူကို ကိုယ့်ရဲ့ ကယ်တင်ရှင် အဖြစ် စိတ်ကူးယဉ် မိရာကနေ ကျိတ် crush မိတာမျိုး ပေါ့ ..
ဒါမှမဟုတ် ကိုယ်က အရမ်း introvert ဖြစ်တာမျိုးကိုမှ ကိုယ်ကြွေတဲ့နေတဲ့ လူက အရမ်း social ကောင်း ပီး extrovert ဖြစ်လို့ ကြွေတာမျိုး ..
ဒါမှ မဟုတ် ကိုယ်က ငွေရေးကြေးရေး ခက်ခဲ နေချိန် ကိုယ်စွဲလမ်းနေတဲ့လူက သူ့ဘဝ သူ့စီးပွါး အလုပ် အစစ အရမ်း အောင်မြင်နေလို့ အဲ့ financial securityကိုယ့်ကို ပေးနိုင်မယ်လို့ ယူဆ လို့ စွဲလမ်းတာမျိုး ..
ဥပမာ ပေးတာနော် .. အခြား အများကြီး ရှိတယ် ..
? ကိုယ့်ကိုယ်ကို မေးပါ ၊ သူ့မှာ ကိုယ်လိုချင်တာ ဘာ ရှိနေလို့ ကိုယ်က သူ့ကို စွဲလမ်း နေတာလဲ ဆိုတာ ..
နောက်တချက် ကိုယ့်စိတ်ထဲ သူနဲ့ စကားတွေ ပြောပြောဖြစ်နေတာမျိုး ကနေ ကိုယ်က သူ့ social media အကောင့်တွေ လိုက်ကြည့်ပီး သူဘာတွေ လုပ်လဲ ဘာတွေ ကြိုက်တတ်လဲ စသဖြင့် stalk မိပီး စိတ်ထဲ စကားတွေ ပြောတာလုပ်မိရာကနေ ကိုယ်က အလိုလို သူ့ကို အရမ်း မိုက်တယ် လို့ ထင်လာမိတတ် တယ် တကယ်က အဲ့လူတွေက ကိုယ်ထင် သလောက် မဟုတ်နေဘူးနော် အပြင်မှာက ။ ကိုယ့်စိတ်ထဲ ကိုယ့်ဘာသာ သူတို့ကို အရမ်း အမွှန်းတင် ပစ်လို့သာ ။
( Law of attraction အရကကျ ကိုယ်က အဲ့လို သူ့ကို စိတ်ထဲ ကိုယ့်အတွေးနဲ့ကိုယ် အရမ်းအထင်တွေကြီး စွဲလမ်း စိတ်ထဲစကားတွေပြောနဲ့ ဖြစ်လေ တကယ့်လက်တွေ့ဘဝမှာက ပိုပီး ဝေးကွာအောင် တွန်းကန်သလိုလည်း ဖြစ်တယ်နော် ၊ ဒါက သူရော ကိုယ်ရော လူလွတ် ၊ ဖြစ်နိုင်ရက် နဲ့ ဝေးရမှာမျိုး မကြုံရအောင် သတိပေးတာ ပါ ၊ လိုချင်လေ မရလေပါပဲ ၊ ကိုယ့် energy က သူ့ကို တွန်းထုတ်သလို ဖြစ်လို့ပါ )
အပေါ်က ဟာကို ပြန်ဆက်ရရင် ကိုယ်အထင်ကြီး သလောက်လည်း တကယ်က မဟုတ်နေတာများတယ်နော် ။ ဥပမာ ကိုယ်အရမ်း crush နေတ
Unlock to read this premium article with 10 points.