Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

17/08/2024

အာကာသမှူးတွေ အာကာသထဲရောက်ရင် အိမ်သာဘယ်လိုတက်ကြမယ်လို့ထင်လဲ??

1 min read
Personal Development
Education
General Knowledge
အာကာသမှူးတွေ အာကာသထဲရောက်ရင် အိမ်သာဘယ်လိုတက်ကြမယ်လို့ထင်လဲ??'s photo

?အာကာသမှူးတွေဆိုတာ သူတို့တစ်ခါတစ်ခါ မစ်ရှင်လုပ်ရပြီဆိုရင် အာကာသဟင်းလင်းပြင်ကြီးထဲမှာ လနဲ့ချီပြီးနေထိုင်ရတာမျိုးတွေရှိပါတယ်။ အာကာသဟင်းလင်းပြင်ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာမြေကြီးရဲ့ဆွဲအားမရှိတာကြောင့် အရာအားလုံးက လွှင့်မြောနေတတ်ပါတယ်။

? ဒီနေရာမှာ ပေါက်ပေါက်ရှာရှာမေးခွန်းတစ်ခုလောက်မေးရမယ်ဆိုရင် သူတို့အိမ်သာသွားတဲ့အခါကြတော့ရော ဘယ်လိုပုံစံဖြစ်နေမလဲ? အိမ်သာတက်တာအပြင် ရေချိုးတာတို့၊ ရေသောက်တာတို့ဆိုရင်ရော သူတို့ဘယ်လိုလုပ်ကြမလဲ? စတာတွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

?ဒါဆိုရင် အာကာသထဲမှာ ရေဘယ်လိုသောက်ကြသလဲဆိုတာနဲ့ပတ်သတ်ပြီး စတင်လိုက်ပါမယ်။ အရှေ့မှာပြောခဲ့သလိုပဲ အာကာသယာဉ်ကြီးနဲ့ အာကာသထဲကိုသွားတဲ့အခါမှာ ကမ္ဘာမြေဆွဲအားမရှိတာကြောင့် ယာဉ်ထဲကလူတွေရော၊ အစားအစာတွေရော ရှိရှိသမျှအရာအားလုံးက လွှင့်မျောနေကြတာဖြစ်ပါတယ်။

?လက်နဲ့မကိုင်ထားသ၍တော့ သူ့ဟာသူ တအိအိနဲ့လွှင့်မြောနေမှာပါ။ ဆံပင်တွေဆိုရင်လည်း အခုလိုမျိုး ထိုးထိုးထောင်ထောင်ဖြစ်နေတတ်ပါတ‌ယ်။ ရေဆိုရင်လည်း ဒီအတိုင်းပါပဲ။ ကမ္ဘာမြေဆွဲအားမရှိတော့ အောက်ကိုမကျဘဲ ရေဘောလုံးလေးတွေလို ပျံဝဲနေတတ်ပါတယ်။

? ဒါမယ့် အာကာသယာဉ်ထဲမှာက ဝိုင်ယာကြိုးတွေအများကြီးရှိနေတတ်တာကြောင့် ရေနဲ့သွားထိရင် ရှော့ခ်ဖြစ်ပြီးအန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ရေသောက်ဖို့အတွက် အခုလိုသီးသန့်ထုတ်လုပ်ထားတဲ့ ပိုက်တပ်သောက်စရာအိတ်မျိုးကိုသာ အသုံးပြုကြတယ်လို့သိရပါတယ်။

?နောက်တစ်ခု အာကာသထဲမှာ ရေချိုးတဲ့ကိစ္စကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါမယ့် အခုပြထားတဲ့ အာကာသမှူးတစ်ယောက်ကတော့ သူအာကာသထဲမှာ ဘယ်လိုခေါင်းလျှော်သလဲဆိုတာကို နမူနာလုပ်ပြနေတာပဲဖြစ်ပါတယ်။ ဒါမယ့် ဆံပင်မရှိရင်တော့ သူ့လိုပဲ လုပ်ရကိုင်ရတာ ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။

?ဒါဆိုရင် နောက်ဆုံးအနေနဲ့ အားလုံးအဓိကသိချင်နေကြတဲ့ အာကာသထဲမှာ အိမ်သာဘယ်လိုသုံးကြသလဲဆိုတဲ့ မေးခွန်းလေးနဲ့ပတ်သတ်ပြီးပြောပြပေးပါမယ်။ တစ်ချို့လူတွေထင်နေကြသလို အဝါတုံးလေးတွေ လေပေါ်မှာလွှင့်နေတာမျိုးမဖြစ်ရအောင် ပညာရှင်တွေက သေသေချာချာစီမံထားပြီးသားဖြစ်ပါတယ်။

? ဒီလိုကျန်းမာရေးကိစ္စအတွက် အဓိက အပိုင်း(၂)ပိုင်းခွဲထားပါတယ်။ အဲ့တာကတော့ အပေါ့သွားတဲ့ကိရိယာတစ်မျိုးနဲ့ အလေးသွားတဲ့ကိရိယာတစ်မျိုးတို့ပဲဖြစ်ပါတယ်။ ဒီစက်တွေက လေစုပ်စက်လိုဖန်တီးထားတာကြောင့် လေပေါ်မှာ မမျောပါခင်မှာပဲ အညစ်ကြေးတွေကိုဆွဲစုပ်သွားမှာပဲဖြစ်ပါတယ်။

?အပေါ့အပါးသွားရုံပဲဆိုရင် ဒီမှာပြထားတဲ့ ပိုက်သဏ္ဍာန်ခွက်ရှည်လေးကို အသုံးပြုနိုင်ပါတယ်။ အလေးသွားတာပဲဖြစ်ဖြစ်၊ အပေါ့အလေးတွဲသွားချင်တာပဲဖြစ်ဖြစ် ဒါမျိုးဆိုရင်တော့ အထူးသီးသန့်ပြုလုပ်ထားတဲ့ ဒီလိုအာကာသအိမ်သာအသေးစားလေးကို အသုံးပြုပေးရမှာပဲဖြစ်ပါတယ်။

?သူ့ကို အသုံးပြုမယ်ဆိုရင်လည်း ရိုးရိုးအိမ်သာတွေလိုမျိုး ရေဆွဲချတာတို့၊ ရေလောင်းချတာတို့ သွားလုပ်လို့မရပါဘူး။ သူ့မှာလည်း စနစ်တကျအသုံးပြုနည်းစနစ်တွေရှိနေတာကြောင့်ဖြစ်ပါတယ်။ နည်းလမ်းတကျမလုပ်ဘူးဆိုရင်တော့ မတွေးရဲစရာပါပဲ။

?ဒီလောက်ဆိုရင်တော့ အာကာသမှူးတွေက အာကာသထဲရောက်ရင် ကိစ္စဘယ်လိုရှင်းကြသလဲဆိုတာကို အထိုက်အလျောက်နားလည်သဘောပေါက်သွားကြပြီထင်ပါတယ်။

မြသွန်း(တောင်ဒဂုံ)

Keep Reading

တန်ဆေးလွန်ဘေးစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ်