Toe Paing Lin

ကျွန်တော်စဥ်းစားမိသမျှဆိုတဲ့အကြောင်းမပြောခင် ဒီခေါင်းစဥ်က ဘယ်လိုဖြစ်လာသလဲဆိုတာ နည်းနည်းပြောပါရစေ။အကြောင်းကတော့ ဆရာကြီးဦးအောင်သင်းက အောင်သင်းစဥ်းစားမိသမျှဆိုပြီး ခေါင်းစဥ်ပေးထားတဲ့ စာအုပ်ရဲ့ခေါင်းစဥ်ကို ကျနော်ကယူသုံးထားတာလို့ပဲ ဝန်ခံပါရစေ။နောက်ပြီးဆိုစရာတစ်ခုရှိတာက ဆရာက သူ့စာအုပ်မှာပါတဲ့ ဆောင်းပါးတချို့ပြီးတိုင်း စာဖတ်သူတွေလဲစဥ်းစားကြည့်ပါအုန်းဆိုလို့ ကျနော်အနေနဲ့စဥ်းစားကြည့်မိလို့ ဒီစာကိုရေးမိပါတယ်။
စဥ်းစားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်စကားပြောတယ်လို့ 'ဒေသကောလိပ်သုံး အသုံးချစိတ်ပညာ'မှာ ဆရာဒေါက်တာကျော်စိန်နဲ့ ဆရာဦးအုန်းဖေတို့က ရေးသားပြုစုထားတယ်လို့ 'အောင်သင်းစဥ်းစားမိသမျှ(၁)'မှာရေးသားဖော်ပြထားပါတယ်။ကျနော့်အနေနဲ့လည်း စဥ်းစားပါတယ်။ybsစီးရင်ဖြစ်ဖြစ်၊ထမင်းစားရင်ဖြစ်ဖြစ်၊စာအုပ်ဖတ်နေရင်းဖြစ်ဖြစ်၊ညအိပ်ယာဝင်ရင်ဖြစ်ဖြစ်၊အိမ်သာတက်နေရင်းဖြစ်ဖြစ်(စာဖတ်သူများကိုတော့အားနာပါတယ်) အမြဲစဥ်းစားနေမိတယ်။တစ်ခါတလေဆို ဝတ္ထုတိုဇာတ်လမ်းလေးတွေ၊အက်ဆေးအကြောင်းရာတွေ၊မိသားစုအကြောင်းတွေ မျိုးစုံလို့နေပါတယ်။ဒါတွေကိုလည်း အလျဥ်းသင့်သလိုရေးသွားပါအုန်းမယ်။
ဒီနေ့စဥ်းစားမိတာကတော့ 'အောင်သင်းစဥ်းစားမိသမျှ(၆)'ထဲကအကြောင်းအရာကိုပါ။ဆရာဖေမြင့်က ဆရာအောင်သင်းကို ရီးဒါးဒိုင်ဂျက်စ်လေး မိတ္တူဆွဲပြီးပေးတယ်။အဲ့ထဲကဆောင်းပါးလေးကို ဆရာကဘာသာပြန်ဆိုပြီး ပြန်ပြောပြထားတာနဲ့ပတ်သတ်ပြီးတော့ပါ။အကြောင်းကတော့ 'ကျွန်တော်ဆိုတဲ့ ဇာတ်ကောင်က စားသောက်ကုန်ဆိုင်က ၁၅နှစ်အရွယ် အလုပ်သမားတစ်ယောက်။သူက သီသဗေဒ ခေါင်းလက္ခဏာပညာရှင်နဲ့တွေ့တယ်။သူခေါင်းက စာကြီးပေကြီးတွေဖတ်သင့်တဲ့ခေါင်း၊စာကြီးပေကြီးဆိုတာကတော့ သမိုင်းတွေ၊အတ္ထုပ္ပတ္တိတွေလို့ဆိုတယ်။နောက်ပြီး ဝတ္ထုတိုလေးတွေမဖတ်သင့်တဲ့အကြောင်း ဟောပြောလိုက်တယ်။ဘာရယ်တော့ မဟုတ် ဒီလိုပြောတော့ ၁၅နှစ်ကောင်လေးက မြောက်ကြွပြီး စာကြီးပေကြီးတွေဖတ်တယ်။အင်္ဂလန်သမိုင်း၊အင်္ဂလိပ်ရာဇဝင်ဖတ်စာ၊စိတ်ပညာ ရှေးဦး ဥပဒေသ၊ချားလိစ် ဒါဝင်ရဲ့ သတ္တဝါတို့၏ ဖြစ်ပေါ်မှုသမိုင်းအစ ဒါမျိုးတွေပေါ့။သူက ဒီလိုတွေဖတ်တဲ့အတွက် ပြသနာမျိုးစုံဖြေရှင်းနိုင်လာတယ်။ဆွေးနွေးပွဲတွေ၊ဟောပြောပွဲတွေမှာလည်း ဝင်ရောက်ဆွေးနွေးနိုင်သွားတယ်လို့ပြောထားတယ်။နောက်ဆုံးအဆုံးသတ်မှာ စာကြီးပေကြီး ဖတ်တဲ့အလေ့ကိုထူထောင်စမ်းပါဆိုပြီး' အဆုံးသတ်ထားတယ်။
ဆရာအောင်သင်းက လူငယ်တွေ ဒီလိုစာအုပ်တွေမဖတ်နိုင်တဲ့အကြောင်းရင်းက စာအုပ်စျေးကြီးလွန်းတာနဲ့ စာကြည့်တိုက်ရှားပါးတာတွေကြောင့်လို့ ပြောပါတယ်။ဒါက အဲဒီ ခေတ်အခြေနေပဲရှိပါသေးတယ်။ဒီနေ့ခေတ်မှာတော့ စာအုပ်ဖတ်ချင်ရင် ပိုက်ဆံ ၅ထောင်၊၁သောင်းလောက်က ရှိဖို့လိုပါတယ်။ဆက်ပြောရရင်တော့
Unlock to read this premium article with 10 points.