Author's Profile Photo

May Wathone (ချမ်း)

14/08/2024

မြန်မာစကားပုံများ (၂)

6 mins read
General Knowledge
မြန်မာစကားပုံများ (၂)'s photo

ဒီနေ့မှာတော့ မြန်မာစကားပုံလေးတွေထပ်ပြီးတင်ပေးလိုက်ပါတယ်နော်..။

၃. "ကြိုးချင်းထား ကြိုးချင်းငြိ၊ အိုးချင်းထား အိုးချင်း
ထိ"
အဓိပ္ပာယ် - ကြိုးများကို စုပုံထားပါက ကြိုး
အချင်းချင်း ငြိတွယ် ရှုပ်ထွေးတတ်ပြီး
အိုးများကို စုပုံထားပါက အိုး
အချင်းချင်း ထိမိခိုက်မိ ရှိတတ်သည်။
ထို့အတူ ယောက်ျားနှင့် မိန်းမသည်
နီးစပ်လျှင် ငြိစွန်းသည်။

၄. "ကွန်လက်လေးသစ်နှင့် ငါးစင်းအုပ်၍ မမိနိုင်၊ ကွန်
လက်သည်းကွင်းနှင့် ငါးကြီးပစ်၍ မရနိုင်"
အဓိပ္ပာယ် - လက်လေးသစ်အကွက်ရှိသော ပိုက်ကျဲ
ဖြင့် ငါးစင်းကဲ့သို့ ငါးငယ်ကို အုပ်၍မရ
နိုင်။ လက်သည်းကွင်းခန့်အကွက်ရှိ
သော ကွန်စိပ်ဖြင့် ငါးကြင်းကဲ့သို့ ငါး
ကြီးကို ဖမ်း၍ မိသည့်တိုင်အောင်
မိမိရရ မဖမ်းနိုင်။ ထိုကဲ့သို့ပင်
အသေးအဖွဲကိစ္စကို ရေးကြီးခွင့်ကျယ်
ဆောင်ရွက်လျှင် အဆင်မပြေနိုင်
ကြီးကျယ်သော ကိစ္စကို ထိရောက်စွာ
မဆောင်ရွက်လျှင် မအောင်မြင်နိုင်။

၅. "ကြွက်နားရွက် ဝက်တပ်"
အဓိပ္ပာယ်- ကြွက်၏နားရွက်ကို ဝက်တွင် တပ်ဆင်
သကဲ့သို့ အမြင်မတော်လောက်အောင်
အရွယ်ပမာဏ မတူမမျှ ဆင်ယင်မွမ်းမံ
သည်။

၆. "ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး"
အဓိပ္ပာယ် - ခံတွင်းပျက်နေသောကြောင်သည်
အလွယ်တကူဖမ်းယူနိုင်မည့် တောင်ပံ
ကျိုးဆက်ရက်ကို အခန့်သားတွေ့
သကဲ့သို့ အိမ်ထောင်ရေးတွင် လိုအင်
ဆန္ဒမပြည့်ခိုက် မိမိဆန္ဒကို အလွယ်တစ်
ကူဖြည့်မိသူနှင့် အခန့်သင့်တွေ့သည်။

၇. "ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်း"
အဓိပ္ပာယ်- ကြောင်ရုပ်ပင် ဖြစ်စေကာမူ ကြွက်ငြိမ်
ခြင်းသာ ပဓာနဖြစ်သကဲ့သို့ မည်သည်
ကိုပင်သုံးသုံး ကိစ္စပြီးမြောက်ရေးသည်
ပဓာနဖြစ်သည်။

၈. "ကြောက်ပါတယ်ဆို ကြောင်နှင့်တို့"
အဓိပ္ပာယ် - ကြောက်ပါသည်ဆိုမှ ကြောင်နှင့် တို့
သကဲ့သို့ ကြောက်တတ်သူကို ပိုမို
ချောက်ချားအောင် ခြိမ်းခြောက်သည်။

၉. "ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း"
အဓိပ္ပာယ်- မိမိ၏ နောက်လိုက်တပည့်များကို ယုံမိ
လျှင် မျက်စိတစ်ဖက်ကန်းသူကဲ့သို့ ၎င်း
တို့၏ အပြစ်များကို အများအားဖြင့် မ
မြင်နိုင်၊ မိမိသားသမီးအရင်းကို ယုံမိ
လျှင်မူကား စုံလုံးကန်းသူသကဲ့သို့ လုံးဝ
အပြစ်မမြင်နိုင်။ ဤကဲ့သို့ပင် မိမိနှင့်
ရင်းနှီးမှုအတိုင်းအတာပေါ် မူတည်၍ သူ
တစ်ဦး၏ အပြစ်ကို မမြင်နိုင်ဘဲ ရှိသည်။

၁၀. "ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား"
အဓိပ္ပာယ်- လှေသူကြီးနှင့် ယူတော့မည်ဟု
ကျော်ကြားနေသော်လည်း လှေထိုး
သားနဲ့သာ ညားသွားသကဲ့သို့
အလားအလာတစ်ခုအတွက် သတင်း
ပြေးသူကတစ်ဦး တကယ်ဖြစ်သူက
တစ်ဦး ဖြစ်သည်။

၁၁. "ကျီးတစ်ကောင်အတွက် ကျီးအများပျက်"
အဓိပ္ပာယ်- ကျီးတစ်ကောင်ကြောင့် ကျီးများ
ပျက်စီးရသကဲ့သို့ တစ်ယောက်
မကောင်းသောကြောင့် အများ
ပျက်စီးဆုံးရှုံးရသည်။

၁၂. "ကျောက သားလည်း သား၊ ရင်က သားလည်း သား"
အဓိပ္ပာယ်- ကိတ္တိမသား၊ သားရင်းဟူ၍ မခွဲခြားဘဲ
မျှတစွာ ဆက်ဆံသကဲ့သို့
လက်အောက်ငယ်သာတို့ကို စိမ်းသည်
ကျက်သည် မခွဲခြားဘဲ မျှတစွာ
ဆက်ဆံသည်။

၁၃. "ကျီးကန်း သူကောင်းမြှောက် ချေးခြောက်
ကောက်စား"
အဓိပ္ပာယ် - ကျီးကန်းသည် သူကောင်းအဖြစ်
ချီးမြှင့်မြှောက်စား ခံရစေကာမူ ပင်ကို
သဘောကို မစွန့်နိုင်ဘဲ မစင်ခြောက်ကို
ကောက်စားသကဲ့သို့ စိတ်ထား
အောက်တန်းကျသူသည် ချီးမြှင့်
မြှောက်စား ခံရစေကာမူ မိမိပင်ကို
သဘောကို မစွန့်လွှတ်နိုင်ဘဲ နိမ့်ကျ
သော အမှုမျိုးကို ပြုလုပ်သည်။

၁၄. "ကျားသေမှ လူစွမ်းကောင်းပေါ်"
အဓိပ္ပာယ်- အန္တရာယ်ပြုနေသော ကျားကို
ကြောက်၍ ထွက်ပြေးပုန်းရှောင်နေကြ
ပြီး ထိုကျားသေမှ လူစွမ်းကောင်းလုပ်
လိုသူ ပေါ်ပေါက်သကဲ့သို့ အန္တရာယ်
ပေါ်ပေါက်စဉ် ရှောင်နေကြပြီး
အန္တရာယ်မရှိတော့သောအခါမှ ဖြေ
ရှင်းမည်ဆိုသူ ထွက်ပေါ်လာသည်။

၁၅. "ကျားလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်
ရ"
အဓိပ္ပာယ်- ကျားကိုသာ ကြောက်ရသည်မဟုတ်၊
ကျားချေးကိုပင်လျှင် ကြောက်
သကဲ့သို့ မိမိအား နှိပ်စက်နိုင်သော
အရှိန်အဝါရှိသူကိုသာ ကြောက်ရ
သည်မဟုတ်၊ အရှိန်အဝါကို မှီပြီး
အာဏာပြနေသော နောက်လိုက်
အသိုင်းအဝိုင်းများကိုပါ ကြောက်ရ
သည်။

၁၇. " ကြမ္မာဆောင် သားကောင် ဆိတ်ဖြစ်"
အဓိပ္ပာယ် - ကြမ္မာငင်လာလျှင် သားကောင်ကိုပင်
ဆိတ်ဟု ထင်မှားမိသကဲ့သို့ ကံမ
ကောင်းလျှင် အန္တရာယ်ကိုပင်
အန္တရာယ်ဟု မထင်မှတ်ဘဲ ရှိ
တတ်သည်။

၁၈. "ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ်"
အဓိပ္ပာယ်- ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်း
ဖြစ် ဆိုသကဲ့သို့ ကြောက်ရွံ့တွန့်ဆုတ်
နေလျှင် ရသင့်ရထိုက်သော
အကျိုးကျေးဇူးကို မရရှိဘဲ မကြောက်
မရွံ့ စွန့်စားအားထုတ်လျှင် အကျိုးထူး
ကိုရရှိခံစားနိုင်သည်။

၁၉. "ကြောင်တစ်သက် ကြက်တစ်မြုံ"
အဓိပ္ပာယ်- ကြောင်တစ်ကောင်ကြောင့် ကြက်တစ်
မြုံလုံး ပျက်စီးရသကဲ့သို့
အနိုင်အထက်ပြုသူတစ်ဦးကြောင့် အား
မဲ့သူများ ပျက်စီးဆုံးရှုံးသည်။

၂၀. "ကြောင်မရှိ ကြွက်ထ"
အဓိပ္ပာယ်- ကြောင်မရှိခိုက် ကြွက်တို့ ထကြွ
မြူးထူးသကဲ့သို့ ကြောက်ရွံ့ရမည့်သူ
မရှိခိုက် ထင်သလို ပြောဆို ပြုမူ
နေထိုင်သည်။

၂၁. "ကြွက်သေတစ်ခု အရင်းပြု"
အဓိပ္ပာယ် - ကြွက်သေတစ်ကောင်ကို အရင်းအနှီး
ပြု၍ ချမ်းသာလာသကဲ့သို့
အနည်းငယ်မျှသော အရင်းအနှီးကို
အမှီပြုလျက် တစတစတိုးပွားလာ
အောင်ပြုကာ ချမ်းသာကြွယ်ဝခြင်း
အဖြစ်သို့ရောက်ရှိလာသော
အဖြစ်အပျက်ကို တင်စားပြောဆို
ရာတွင် သုံးသည်။

၂၂. "ကြာကြာ ဝါးမည့်သွား အရိုး ကြည့်ရှောင်"
အဓိပ္ပာယ် - မိမိ၏သွား ကြာရှည်စွာ ဝါးနိုင်စေရန်
အရိုးကို ဂရုတစိုက် ရှောင်ကြဉ်ရ
သကဲ့သို့ မိမိဘဝ ကြည်ရှည်စွာ
ရပ်တည်နိုင်ရန် ထိခိုက်နစ်နာ
စေမည့် အမှုမှန်သမျှကို ဂရုတစိုက်
ရှောင်ကြဉ်ရမည်။

၂၃. "ကြာကြာ ဝါးမှ ခါးမှန်းသိ"
အဓိပ္ပာယ်- ကြာကြာ ဝါးကြည့်ပြီးခါမှ ခါးမှန်းသိ
လာရသကဲ့သို့ အချိန်ကြာကြာ
ထိတွေ့ဆက်ဆံကြည့်ခါမှ တကယ်
မကောင်းမှန်းသိလာရသည်။

၂၄. "ကြောင်သူတော်ဆို ယိုတော့ ကြွက်မွေး"
အဓိပ္ပာယ်- သူတော်ကောင်းကြောင်ဟု အမည်ခံနေ
သော်လည်း သူ၏မစင်တွင်မူ ကြွက်
မွေးများ တွေ့ရသကဲ့သို့
သူတော်ကောင်း အမည်ခံနေ
သော်လည်း လုပ်ရပ်များ၌ မရိုးသား
သော လက္ခဏာများ တစ်စွန်းတစ်စ
တွေ့ရသည်။

၂၅. "ကြောင်အို ကြွက် မလေး"
အဓိပ္ပာယ် - ကြောင်အိုကို ကြွက်များ မလေးမခန့်
သကဲ့သို့ အသက်အရွယ်ကြီးရင့်သော
မိဘဆရာသမားတို့ကို သားသမီး
တပည့်တို့က မခန့်ညားကြချေ။

၂၆. " ကြွက်မနိုင် ကျီမီးရှို့"
အဓိပ္ပာယ်- ကြွက်များကို မနိုင်သဖြင့် ကြွက်ခို
အောင်းသည့် ကျီကို မီးရှို့သကဲ့သို့ တစ်
ဦးတစ်ယောက်ကို မနိုင်၍ ထိုသူနှင့်
ပတ်သက်သည့် နိုင်ရာကို
အနိုင်အထက် ပြမူသည်။

၂၇. "ကြွေတစ်လက်၊ ကြက်တစ်ခုန်"
အဓိပ္ပာယ်- ကြွေအန်ကစားသူ၊ ကြက်တိုက်သူ
တို့သည် အရှုံးပင်ပေါ်နေစေကာမူ
ကြွေတစ်လက်ပစ်၊ ခွပ်ကြက် တစ်ခါ
ခုန်ဖြင့် အနိုင်ပေါ်နိုင်သကဲ့သို့ ချက်
ကောင်းတစ်ချက်ကြုံလျှင် ချမ်းသာ
ကြီးပွားနိုင်သည်။

၂၈. "ကွမ်းသီးကြိုက် တောင်ငူပို့"
အဓိပ္ပာယ်- ကွမ်းသီးကြိုက်တတ်သူကို ကွမ်းသီး
ကောင်း ထွက်သော တောင်ငူသို့ ပို့
လိုက်သကဲ့သို့ စိတ်ကြိုက်အနေအထား
ဖြစ်အောင် ဖန်တီးပေးလိုက်သည်။

၂၉. "ကြိုးကြာဆို ဘာငှက်လဲမေး"
အဓိပ္ပာယ်- ကြိုးကြာငှက်ဖြစ်သည်ဟု ပြောပြီးပါ
လျက် ဘာငှက်လဲဟု မေးသကဲ့သို့
အကြောင်းအရာကိစ္စကို ရှင်းလင်းစွာ
ပြောပြီးပါလျက် မလိုအပ်ဘဲ ထပ်
မေးသည်။

၃၀. "ကြက်ကန်း ဆန်အိုးတိုး"
အဓိပ္ပာယ်- ကြက်ကန်းသည် စားရကံကြုံသဖြင့်
မထင်မှတ်ထားဘဲ ဆန်အိုးကို
တန်းတန်းမတ်မတ် ဝင်တိုးမိသကဲ့သို့
အစွမ်းအစမရှိသူသည် ကံစွပ်သဖြင့်
မထင်မှတ်ဘဲ အပေါက်အလမ်းတည့်
သွားသည်။

၃၁."ကြက်ဥပြုတ် သံတုတ်နှင့်ချ"
အဓိပ္ပာယ်- ကြက်ဥပြုတ်ကို သံတုတ်နှင့် ရိုက်၍
ခွဲသည်ဆိုသကဲ့သို့ အင်အားကို အရာ
ဌာနနှင့် မလိုက်အောင် အသုံးပြုသည်။

၃၂. "ကြပ်ပူထိုးလေ ရောင်လေ"
အဓိပ္ပာယ်- အရောင်လျော့စေရန် ကြပ်ပူထိုးပေး
ရာတွင် အရောင်မလျော့ဘဲ ကြပ်ပူထိုး
လေလေ ပို၍ ရောင်လေလေဖြစ်
သကဲ့သို့ ကောင်းမွန်စေရန် ပြုပြင်
ပေးရာတွင် ကောင်းမလာဘဲ ပြုပြင်
လေလေ ပို၍ ဆိုးလေလေ ဖြစ်သည်။

၃၄. " ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ"
အဓိပ္ပာယ်- ကြက်တူရွေးသည် တော်ရုံတန်ရုံမျှသာ
စကားပြောတတ်သော်လည်း
မယ်ဘော်က သူ့ကြက်တူရွေး စကား
တတ်ကြောင်း အမွှမ်းတင်ရာတွင် လွန်
ကဲ့သကဲ့သို့ တစ်စုံတစ်ယောက်၏ ဂုဏ်
အရည်အချင်းမှာ တော်ရုံမျှသာ ဖြစ်
သော်လည်း သူ့အား လိုလားသူ၏
အမွှမ်းတင်မှုမှာ လွန်ကဲလှသည်။

၃၅. "ကြက်မတွန်လို့ မိုးမလင်း"
အဓိပ္ပာယ်- ကြက်မသည် သဘာဝအလျောက်
တွန်လေ့တွန်ထ မရှိသဖြင့် ကြက်ဖ
ကဲ့သို့ အချိန်မှန်မှန် တွန်၍
မိုးလင်းချိန်ကို ညွှန်ပြခြင်း မပြုနိုင်
သကဲ့သို့ မိန်းမသားတို့သည် သဘာဝ
အလျှောက် အချို့ကိစ္စများ၌ ယောက်ျား
ကဲ့သို့ အောင်မြင်အောင်
မစွမ်းဆောင်နိုင်ချေ။

၃၆. "ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင် မခံနိုင်"
အဓိပ္ပာယ် - ကျွဲနှစ်ကောင် ခတ်ရာတွင် ကြားက
မြေစာပင်များ ပျက်စီးရသကဲ့သို့
အင်အားကြီးသူနှစ်ဦး ခိုက်ရန်ဖြစ်ပွား
ရာတွင် ကြားက အင်အားငယ်သူများ
ဒုက္ခရောက်ရသည်။

၃၇. "ကင်းခြေများ ခြေတစ်ချောင်းကျိုး၍ အသွားမ
ပျက်"
အဓိပ္ပာယ်- ကင်းခြေများသည် ခြေတစ်ချောင်း
ကျိုးရုံမျှဖြင့် အသွားမပျက်သကဲ့သို့
ပြည့်စုံသူအဖို့ အနည်းငယ် ဆုံးရှုံး
ယုတ်လျော့ရုံမျှဖြင့် အခြေအနေမပျက်
ချေဟု ဆိုလိုသည်။

၃၈. "ကတ်မည့်ကတ် အပ် ဦးပဲ့ထမ်း"
အဓိပ္ပာယ်- အပ်ကလေးကို ယူဆောင်ရာတွင်ပင်
ဦးကတစ်ယောက် ပဲ့ကတစ်ယောက်
ထမ်း၍ ယူဆောင်သယ်ပိုးသကဲ့သို့
တစ်ယောက်နှင့်တစ်ယောက်
တွက်ကတ်ကာ တစ်ယောက်တည်းဖြင့်
ပြီးနိုင်သောအလုပ်ကို နှစ်ယောက်သုံး
ယောက်စသည် လုပ်ဆောင်ကြသည်
ကို ဆိုလိုသည်။

၃၉. "ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အလကား
ကျောင်း"
အဓိပ္ပာယ်- အဖိုးအခ မရဘဲ ကြီးတော်၏နွားကို
ကိုယ့်စရိတ်နှင့်ကိုယ် ကျောင်းသကဲ့သို့
မိမိအလုပ်ကို လျစ်လျရှု၍ မိမိအတွက်
အကျိုးမရနိုင်သော သူတစ်ပါးအလုပ်
ကို လုပ်ပေးသည်။

၄၀. "ကြက်ကောင်း ကြိုးမကွာ"
အဓိပ္ပာယ်- တိုက်ကြက်ကောင်းကို ကြိုးနှင့်
အမြဲမကွာ ချည်နှောင် စောင့်ရှောက်
ထားရသကဲ့သို့ အလားအလာကောင်း
သူကို ဂရုစိုက်၍ စည်းကမ်းနှင့်
မကင်းမကွာ ထိန်းကွပ်ကြပ်မတ်
ထားရသည်။

၄၁. "ကြက်က စပါးစား၊ ထရံက ဒဏ်သင့်"
အဓိပ္ပာယ် - စပါးလာစားသည်က ကြက်၊ ခံမှန်ခံရ
သည်က ထရံ ဖြစ်သကဲ့သို့ အပြစ်
ကျူးလွန်သူကတစ်ဦး၊ မဆီမဆိုင် ခံရ
သူက တစ်ဦးဖြစ်သည်။

၄၂. "ကျွဲပါး စောင်းတီး"
အဓိပ္ပာယ်- ကျွဲ၏အနားတွင် စောင်းကို မည်မျှပင်
သာယာစွာ တီးစေကာမူ ကျွဲအဖို့
အချည်းနှီးသာ ဖြစ်သကဲ့သို့ အကောင်း
အဆိုး မသိသူအား တန်ဖိုးရှိသော
စကားကို နားဝင်အောင် မည်မျှပင်
ပြောကြားစေကာမူ ထိုသူအဖို့
အချည်းနှီးသာဖြစ်သည်။

၄၃. "ကျွန်း ကိုင်းမှီ၊ ကိုင်း ကျွန်းမှီ"
အဓိပ္ပာယ်- ကိုင်းပင်များ ပေါက်ရောက်နေသဖြင့်
လည်း သောင်ကျွန်းသည် ရေတိုက်စား
မှုကို ခံနိုင်ပြီး ရပ်တည်နေနိုင်သည်။
သောင်ကျွန်းတည်ရှိနေသဖြင့်လည်း
ကိုင်းပင်များ ပေါက်ရောက်ရှင်သန်
ရပ်တည်နိုင်သကဲ့သို့ တစ်ဦးနှင့်တစ်ဦး
သည်လည်း အပြန်အလှန် အကျိုးပြု၍
အမှီသဟဲပြုကာ ရပ်တည်ကြရသည်ကို
ဆိုလိုသည်။

၄၅. "ကျွဲကူး ရေပါ"
အဓိပ္ပာယ် - ကျွဲ ရေကူးလျှင် ကျွဲနောက်မှ
ရေအလျဉ် လိုက်ပါသကဲ့သို့ ကိစ္စ
တစ်ခု ဆောင်ရွက်ရာ၌ ထိုကိစ္စနှင့်
အကျုံးဝင်ရာ ကိစ္စများပါ
တစ်ပါတည်း ပြီးစီးသွားသည်။

၄၆. "ကျွန်ဝယ်ရာ အဆစ်ပါ"
အဓိပ္ပာယ်- ကျွန်ဝယ်ရာတွင် ဝယ်သည့်ကျွန်အပြင်
နောက်ထပ်လူပို အဆစ်ပါသွားသကဲ့သို့
တစ်ဦးတစ်ယောက်၏ကိစ္စတွင်
တိုက်ရိုက် မပတ်သက်ဘဲနှင့် ပတ်သက်
သူကို အကြောင်းပြု၍ ပါဝင်ဆောင်
ရွက်ပေးရသည်။

၄၇. "ကမ္ဘာမီးလောင် သားကောင်ချနင်း"
အဓိပ္ပာယ်- ကမ္ဘာမြေကြီး မီးလောင်သကဲ့သို့
အလွန် ပူပြင်းသောအခါ မိခင်ဖြစ်သူ
သည် မိမိသက်သာရာရစေရန် မိမိ
သားသမီးကိုပင် မြေတွင် ချ၍
နင်းသည်ဆိုသကဲ့သို့ ကြီးမားသော
ဘေးနှင့် ကြုံတွေ့ရလျှင် မည်သူ့ကိုမျှ
မငဲ့ကွက်နိုင်၊ မိမိလွတ်မြောက်ရာ
လွတ်မြောက်ကြောင်းကိုသာ
လုပ်ဆောင်သည်ကို ဆိုလိုသည်။

၄၈. "ကတွက်ပေါက် ဗျိုင်းစောင့်"
အဓိပ္ပာယ်- ဗျိုင်းသည် ကတွတ်ပေါက်မှ ထွက်လာ
မည့် ငါးကို ဖမ်းရန် စောင့်မျှော်နေ
သကဲ့သို့ အခွင့်အလမ်းတစ်စုံတစ်ရာကို
မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ကြည့်
နေသည်။

၄၉. "ကလိမ်စေ့ ငြမ်းဆင်"
အဓိပ္ပာယ်- စေတီပုထိုး အဆောက်အအုံများကို
သာ ငြမ်းဆင်ရမြဲဖြစ်သည်။ ကလိမ်
စေ့သည် ငြမ်းဆင်ရသော အရာမဟုတ်။
ထိုသို့မဟုတ်ပါဘဲလျက် ကလိမ်စေ့ကို
ငြမ်းဆင်သည်ဟု ဆိုသကဲ့သို့ ယုတ္တိ
မတန်သော စကားကို လှည့်ပတ်ပြောဆို
ခြင်းကို ရည်ညွှန်းသည်။

၅၀. "ကောက်သော် မစားလောက်၊ ဖြောင့်သော် စား
နိုင်"
အဓိပ္ပာယ်-တံငါသည်သည် ကောက်သော
ငါးမျှားချိတ်ဖြင့် တစ်နေကုန် ငါးမျှား
သည့်တိုင်အောင် လှေတစ်စင်းစာ
ငါးမရနိုင်၊ မုဆိုးသည် ဖြောင့်သော
မြားမြင့် သားကောင်ကို ပစ်ခတ်လျှင်
တစ်နေ့တည်း လှေတစ်စင်းစာမက
ရနိုင်သကဲ့သို့ ကောက်ကျစ်သော
နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်း
ပြုသော် ဝဝလင်လင် မစားရ၊
ဖြောင့်မှန်သော နည်းလမ်းဖြင့်
အသက်မွေးဝမ်းကျောင်းပြုပါက
စားမကုန်နိုင်အောင် ကြွယ်ဝမည်ဟု
ဆိုလိုသည်။

-မေဝသုန်(ချမ်း)

(၃) လေးကိုလည်းစောင့်မျှော်ဖတ်ရှု့ပေးကြပါအုံးရှင့်...

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။