Author's Profile Photo

May Wathone (ချမ်း)

11/08/2024

မြန်မာစကားပုံများ (၁)

1 min read
General Knowledge

ကျွန်မတို့ လူ့ဘဝခရီးကို ကျော်ဖြတ်သန်းဖို့အတွက်ဆို ဗဟုသုတတွေစုဆောင်းဖို့လိုပါတယ်။ တနည်းအားဖြင့် စကားပုံတွေ၊ အဆိုအမိန့်တွေကို ဂရုတစိုက်မှတ်သားဖို့ဖြစ်ပါတယ်။ စကားပုံ​တွေ အဆိုအမိန့်​တွေက စိတ်ကူးယဥ်ပြီးဖြစ်လာတာမျိုး မဟုတ်ပါဘူး။ 'စကားပုံ​တွေ အဆိုအမိန့်​တွေဟာ ​​ခေတ်က​နေလည်း ​မွေး​ပေးတယ်၊ဖြစ်လာတယ်၊​ပြောဆိုလာကြတယ်။ အ​တွေ့အကြုံက​နေ ​ပေးလာတာပါပဲ' တဲ့စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။

ထို့​ကြောင့် ဒီစကားပုံ​​လေး​​တွေကို စာဖတ်သူမိတ်​ဆွေတို့သိရှိ​စေရန် စု​​ဆောင်းရေးလိုက်တာဖြစ်ပါတယ်ရှင်။

၁. "က ချင်လျက် လက်ကျိုး"
အဓိပ္ပာယ် - က ချင်သူသည် ကခါနီးမှ လက်ကျိုး
သဖြင့် မကလိုက်ရ ဖြစ်သကဲ့သို့ မိမိ
အစွမ်းအစကို ပြမည်ဟုအားခဲထားသူ
သည် အစွမ်းအစကို ပြခါနီးမှ
အကြောင်းမညီညွတ်​သော​ကြောင့်
မပြလိုက်ရဖြစ်သည်။

၂. "က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ"
အဓိပ္ပာယ် - ကချေသည်သည် ကနေကျအတိုင်း မက
ဘဲ ဆန်းပြားစွာ ကမိသောကြောင့်
ပရိသတ်၏ ကိုယ်ထိလက်ရောက် ရှုတ်ချ
ခြင်း ခံရသကဲ့သို့ မိမိအလုပ်ကို မိမိလုပ်
နေကျအတိုင်း မလုပ်ဘဲ မဆင်မခြင်
ဆန်းပြားစွာ ပြုလုပ်မိသောကြောင့် ပြစ်
တင်ရှုတ်ချခြင်းခံရသည်။

၃. "ကိုယ့်ငါးချဉ် ကိုယ်ချဉ်"
အဓိပ္ပာယ် - သူတစ်ပါး၏ ငါးချဉ်သည် မချဉ်၊ မိမိ
ငါးချဉ်မှသာ ချဉ်သည်ဟု ထုတ်ဖော်
ပြောဆိုသကဲ့သို့ မိမိနှင့်စပ်ဆိုင်သည့်
အရာကိုမှ ကောင်းသည်ဟု မှတ်ယူ
ပြောဆိုသည်။

၄. "ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့"
အဓိပ္ပာယ် - ကံကောင်းသော ကျားသည် သွားရင်း
လာရင်း မမျှော်လင့်ဘဲ သမင်နှင့်
ပက်ပင်းတိုး၍ သမင်သားစားရသ
ကဲ့သို့ ကံကောင်းသူသည် မမျှော်လင့်
ဘဲ အခွင့်ကောင်းနှင့် ကြုံတွေ့ရသည်
ကို ဆိုလိုသည်။

၅. "ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ"
အဓိပ္ပာယ် - ကံဆိုးမသွားလေရာ အရပ်တိုင်း မိုး
လိုက်၍ရွာ ဆိုသကဲ့သို့ ကံဆိုးသူအား
ဒုက္ခမျိုးစုံက ထပ်ကြပ်မကွာ လိုက်လံ
ဒုက္ခပေးသည်ကို ဆိုလိုသည်။

၆. "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်
ဆိုး"
အဓိပ္ပာယ် - ကျားကို ကြောက်သဖြင့် တောစောင့်နတ်
ကို ကိုးခါမှ နတ်က ကျားထက်ပင်ဆိုး
သကဲ့သို့ တစ်ဦး၏ရန်က လွတ်မြောက်
ရန် အခြားတစ်ဦးကို အားကိုးမိခါမှ မိမိ
အားကိုးသူက မိမိကို ဒုက္ခပိုရောက်
အောင် ပြုလုပ်သည်။

၇. "ကိုယ့်လှေ့ ကိုယ်ထိုး ပဲခူးရောက်ရောက်"
အဓိပ္ပာယ် - ကိုယ့်လှေကို ကိုယ်တိုင် ထိုးဝါးထိုး၍
ခရီးသွားရာတွင် ပဲခူးသို့ပင်ရောက်
ရောက်၊ မည်သည့်နေရာသို့ပင်ရောက်
ရောက် မမှုသကဲ့သို့ မိမိလုပ်လိုရာကို
ဖြစ်ချင်ရာဖြစ် တစ်ဇွတ်ထိုး
ပြုလုပ်သည်။ 'ငါ့လှေငါထိုး ပဲခူး
ရောက်ရောက်'ဟူ၍လည်းအသုံးရှိသည်။

၈. "ကိုယ့်မျက်ချေး ကိုယ်မမြင်၊ သူများမျက်ချေး ကိုယ်
မြင်"
အဓိပ္ပာယ် - မိမိ မျက်ချေးကိုမူ မမြင်ဘဲ အခြား
ပုဂ္ဂိုလ်၏ မျက်ချေးကိုမူ မြင်တတ်
သကဲ့သို့ မိမိအပြစ်ကို မမြင်ဘဲ အခြား
ပုဂ္ဂိုလ်၏ အပြစ်ကိုမှု မြင်တတ်သည်။

၉. "ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်"
အဓိပ္ပာယ် - ကိုယ့်မြင်းနှင့် ကိုယ်စိုင်းရာတွင် စစ်
ကိုင်းသို့ပင်ရောက်ရောက်၊ မည်သည့်
နေရာသို့ပင် ရောက်ရောက် မမှုသကဲ့သို့
မိမိလုပ်လိုရာကို ဖြစ်ချင်ရာဖြစ်
တစ်ဇွတ်ထိုး ပြုလုပ်သည်။
( ကိုယ့်လှေ့ ကိုယ်ထိုး ပဲခူးရောက်ရောက် နှင့်
အဓိပ္ပာယ် တူသည်)

10. "ကိုယ့်ဝမ်းနာ ကိုယ်သာသိ"
အဓိပ္ပာယ် - မိမိ၏ ဝမ်းနာဝေဒနာ မည်မျှ ပြင်းပြ
သည်ကို မိမိသာ သိနိုင်သကဲ့သို့
အခက်အခဲ မည်မျှရှိသည်ကို အခြား
သူများထက် ကာယကံရှင်ကသာ
ပိုသိရှိနိုင်သည်။

၁၁. "ကိုယ်တင်သည့်စစ်ကဲ ကိုယ်ချ၍မရ"
အဓိပ္ပာယ် - မိမိ တင်မြှောက်ခဲ့သည် စစ်ကဲကို
ရာထူး ပြန်ချ၍ မရသကဲ့ မိမိက
မြှောက်စား ကျေးဇူးပြုထားသူကို မိမိ
ကိုယ်တိုင် ပြောဆိုဆုံးမ၍ မရနိုင်
ဖြစ်သည်။

၁၂. "ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့်"
အဓိပ္ပာယ် - ကုသိုလ်ကံ ဖန်တီးပေးသူအဖို့ ဘုံ
ဗိမာန်အသင့် ဖြစ်နေသကဲ့သို့
ကံကောင်းသူအဖို့ အရာရာမှာ
အဆင်သင့် ဖြစ်နေတတ်သည်ကို
ဆိုလိုသည်။

- မေဝသုန်(ချမ်း)

၂ ရှိ​သေးတယ်​နော်စာဖတ်သူမိတ်​ဆွေတို့.....

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း