Author's Profile Photo

စာကြမ်းပိုး

13/03/2024

လှည်းယဉ်ကြော့ ၊ ရက်ကန်းလွန်း ၀တ္ထုတိုများ - ခင်ခင်ထူး

1 min read
Book Review
လှည်းယဉ်ကြော့ ၊ ရက်ကန်းလွန်း ၀တ္ထုတိုများ - ခင်ခင်ထူး's photo



လှည်းယဉ်ကြော့ ၀တ္ထုတိုများ
စာမျက်နှာ ၂၄၆၊ ပထမအကြိမ်၊ ပုဂံစာအုပ်တိုက် ၊ မျက်နှာဖုံး- မုတ်သုန်
ရက်ကန်းလွန်း ၀တ္ထုတိုများ
စာမျက်နှာ ၂၆၀ ၊ ပထမအကြိမ် ၊ ကံ့ကော်၀တ်ရည် ၊ မျက်နှာဖုံးပန်းချီ - မုတ်သုန်

ဆရာမ ခင်ခင်ထူးရဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်နှစ်အုပ်ဖြစ်ပါတယ်။ လှည်းယဉ်ကြော့၀တ္ထုတိုများမှာတော့ ၀တ္ထုတိုပေါင်း ၁၅ ပုဒ်ပါ၀င်ပြီး ဆရာမရဲ့ဆဋ္ဌမမြောက်၀တ္ထုတိုပေါင်းချုပ်စာအုပ်လည်း ဖြစ်ပါတယ်။လှည်းယဉ် ကဗျာလေးနဲ့ စဖွင့်ခဲ့တဲ့ အမှာစကားကို တော်တော်လေး သဘောကျမိခဲ့ပြီး ပုံတိုပတ်စ ဆိုတဲ့တစ်ပုဒ်ရဲ့ အမေကြီးပြောတဲ့ပုံတိုပတ်စလေး‌တွေကိုလည်း တော်တော်လေးချစ်မိခဲ့ပါတယ်။ ဒီစာအုပ်ကကျွန်မအတွက် ပြုံးချင်စရာလေး‌တွေနဲ့ အမှတ်တရဖြစ်ခဲ့တဲ့ စာအုပ်လေးပါ။ဥပမာ "ဂျီအိတ်" ဆိုတဲ့ ၀တ္ထု ပုံစံမျိုးလေးဆို နှိုင်းတတ်ခိုင်းတတ်လွန်းလို့ ဖတ်ရင်းနဲ့ တပြုံးပြုံးဖြစ်ခဲ့ရသေးတယ်။

ပြီးတော့ ဒီစာအုပ်က အရင်ကထုတ်ထားတဲ့ စာအုပ်ဆိုပေမယ့် "တောသူမယ်" ဆိုတဲ့ ၀တ္ထုက ကုန်ဈေးနှုန်းတွေက ကျွန်မကို အံ့အားသင့်စေခဲ့ပါတယ်။ ထမင်းထုပ် တစ်ထုပ် ၁၂ ကျပ် ၊ ဖရဲသီးတစ်လုံး ၁၅ ကျပ် ၊ ငှက်ပျောသီး တစ်ရာဖိုးသုံးဖီး တဲ့ ။ ဪ အနှစ်တစ်ရာ မကြာပေမယ့် အဆတစ်ရာလောက် ကွာသွားခဲ့ပေါ့ လို့တွေးမိခဲ့ပါတယ်

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 10 points.