SarPhat Author
ငွေရဲ့အနောက်ကို မလိုက်နဲ့။
ပြဿနာရှာခိုင်းတယ်ဆိုတာ လူတကာကို ရန်ရှာခိုင်းတာမဟုတ်ဘူး။
ကိုယ့်ပြဿနာတွေကို ကိုယ်ပြန်ရှာခိုင်းတာ။
မင်းဘဝမှာ ပြဿနာတွေနဲ့ပြည့်နေရင် ငွေလည်းကောင်းကောင်း ရှာနိူင်မှာမဟုတ်ဘူး။
မင်းမှာ ပြဿနာတွေ ပေါင်းစုံအောင် ရှိနေနိုင်တယ်။
မင်းရဲ့ ပြဿနာတွေဟာ ဘာ တွေလဲဆိုတာ မင်းအနေနဲ့ ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ဖို့လိုတယ်။
မင်းရဲ့ ပြဿနာဟာ မင်းရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ပတ်သတ်နေလား။
မင်းရဲ့ပြဿနာက မင်းရဲ့ relationship နဲ့ပတ်သတ်နေတာလား။
ဒါမှမဟုတ် မင်းရဲ့ ပြဿနာက စွဲလန်းမူတွေနှင့် ပတ်သတ်နေလား။
မင်းရဲ့ ပြဿနာတွေကို မင်း အရင်ဖြေရှင်း။
ပြဿနာ တွေကို မင်းဘယ်လို ဖြေရှင်းခဲ့လဲဆိုတာ မှတ်တမ်းတင်ထား။
မင်းရဲ့ ဖြေရှင်းနည်းကို လူတွေကို Social Media တွေ ပေါ်မှာ ပြန်မျှဝေ။
ပြန်မျှဝေရင်းပရိတ်သတ် တွေတည်ဆောက်။
မင်းမှာ ပရိတ်သတ်တွေ များလာတဲ့အခါ ပရိတ်သတ်တွေရဲ့ လိုအပ်ချက်အရ မင်း ရောင်းချင်တာ ရောင်းလို့ရလာလိမ့်မယ်။
မင်းမှာ ရှိတဲ့ပြဿနာ အများစုဟာ တစ်ခြားလူတွေမှာလည်း ရှိနေနိုင်တယ်။
အဲ့ဒီအခါ မင်းရဲ့ အနောက်ကို ငွေက အလိုလိုလိုက်လာလိမ့်မယ်။
Aung Paing Phyo
Keep Reading