Author's Profile Photo

SarPhat Author

12/03/2024

စာဖတ်ရပြင်းတဲ့သူတွေအတွက် ဘယ်လို Learning လုပ်မလဲ?

1 min read
Personal Development
Education
General Knowledge

စာဖတ်ခြင်းကနေ လေ့လာစရာမကုန်နိုင်အောင်ရနိုင်တာကိုသိကြပေမဲ့ စာဖတ်ဖို့ပြင်းပြီး စာများများမဖတ်ရဘဲ learning ရချင်တဲ့သူတွေ "ငါကစာအရှည်ကြီးဖတ်ရတာအရမ်းပြင်းတယ်"ဆိုတဲ့ ဖိတ်ဆွေတွေကိုခဏခဏတွေ့ရပါတယ်။

ကျွန်မက စာတွေ့ learning လုပ်ရတာတော်တော်ကို အားနည်းတဲ့ထဲမှာပါပြီး အလွတ်မှတ်ရတာဆို ဘာတစ်ခုမှမမှတ်မိတတ်တယ်။ သူငယ်ချင်းတွေနာမည်ကစ ခဏခဏကြားနေတာမဟုတ်ရင် မေ့သွားတာမျိုးကြောင့်မာနကြီးသလိုထင်ပြီး အထင်လွဲစိတ်ဆိုးခံရတာခဏခဏပါ။

ဒါဆိုကျွန်မကဘယ်လို Learning လုပ်လဲဆိုတာကို sharing လေးလုပ်ချင်ပါတယ်။

ဆယ်တန်းကနေ အခုလုပ်ငန်းခွင်၀င်တဲ့အထိ နင် learning လုပ်တာအရမ်းမြန်တယ်။ နင်အရမ်း‌တော်တယ်ဘဲလို့ခဏခဏချီးကျူးခံရလေ့ရှိပေမဲ့ ကျွန်မမှတ်ဉာဏ်မကောင်းတာကတစ်ခုခုဆိုအရမ်း‌မေ့လွယ်တာကို အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ မိဘတွေ ကိုယ့်အိမ်ထောင်ဖက်ကလွဲပြီး ဘယ်သူမှမယုံကြပါဘူး။

ကျွန်မဟာ တကယ်ကိုမေ့တတ်လွန်းလို့ ကိုယ့်ရဲ့မေ့တတ်တာက လုပ်ငန်းတွေမထိခိုက်အောင် Note တွေ To do list တွေ မျိုးစုံနဲ့ဖြေရှင်းရတာပါ။

ဒါပေမဲ့ ဒီလိုမေ့တတ်တိုင်း English ဆို vocabulary တွေမကျက်မှတ်နိုင်တိုင်း၊ Theory တွေကိုအလွတ်မမှတ်နိုင်တိုင်း learning မှာညံ့တာတော့မဟုတ်တာကို ယုံကြည်ပြီး learning ကို ကိုယ့် Style နဲ့ကိုက်ညီမယ့် learning နဲ့လုပ်တတ်ဖို့ ကိုယ့် learning styles ကို ကိုယ်တိုင်သိအောင်လုပ်ဖို့ အားပေးချင်တာဘဲဖြစ်တယ်။

၁. နေ့စဉ်အကြားအမြင်တွေကသင်ယူပါတယ်။
နေ့စဉ်ဘ၀ Lifestyle တွေ၊ လုပ်ငန်းခွင်တွေ၊ ထိနေရတွေ့နေရတဲ့ပုံဥပမာတွေဟာလည်း ဖတ်စာအုပ်တွေထဲကအကြောင်းအရာတွေထက်စုံလင်လှပါတယ်။ ဥပမာ- ကိုယ်ဟာ Sales & Marketing ပညာကိုလေ့လာချင်ရင် သူများ ကိုယ်ဈေး၀ယ်တဲ့အခါ အရောင်းသမားတစ်ယောက်ဘယ်လိုစကားပြောလဲ၊ ဘယ်လိုစကားလုံးတွေက ကိုယ့်ကိုပို၀ယ်ချင်အောင်ပိုစွဲဆောင်နိုင်သလဲ၊ လူတွေဘယ်လိုနေရာမှာဘယ်လိုပစ္စည်းတွေကိုရောင်းကြသလဲ၊ ဘာလိုခင်းကြင်းကြသလဲ၊ ငါသာသူတို့နေရာမှာဆို ဒီထက်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ၊ Product တစ်ခုကို လူတွေဘယ်ကနေသိကြသလဲ? အဲလိုသိအောင် ဘာတွေလုပ်ဖို့လိုလဲ စသဖြင့်ပုံဥပမာများစွာ လေ့လာလို့မကုန်အောင် Failed ဖြစ်တဲ့ Sale & marketing, successfully ဖြစ်တဲ့ Sales& marketing စတာတွေကို နေ့စဉ်မြင်နေရာကနေသုံးသပ်လေ့လာတတ်မယ်ဆိုရင် စာအုပ်တွေထက်စုံပါတယ်။

၂. ကိုယ်သိချင်တဲ့အကြောင်းအရာကိုသာ သီးသန့်ရေရွယ်ပြီးဖတ်ရှူလေ့လာပါတယ်။

ဒုတိယတစ်ချက်ကတော့ အခုလိုခေတ်ကြီးမှာ စာအုပ်တွေရှာ၀ယ်နေဖို့ လက်လှမ်းမှီတာ အကုန်ကျမခံချင်တာတွေအကုန်ဘေးချိတ်ပြီး ကိုယ်အလုပ်လုပ်နေရင်းဖြစ်ဖြစ် စဉ်းစားမိလို့မသိတာဖြစ်ဖြစ် ကိုယ်သိချင်တဲ့အကြောင်းအရာကို Internet သာရနေသ၍ အကုန်နီးနီး Google မှာအလွယ်တကူခေါက်ရှာလိုက်ပြီး တိုတိုတောက်တောက်ဖတ်ရှူ့ရင်း apply လေးလုပ်ရင်း စာအရှည်ကြီးမဖတ်ရဘဲလေ့လာလို့ရပါတယ်။ ဒီနေရာမှာ ငါက English မှမတတ်တာဘယ်လိုရှာရမလဲဆိုရင် လည်း Google translate ကိုတစ်ခါပြန်သုံးလို့ရပြန်ပါတယ်။တစ်ချိူ့အကြောင်းအရာတွေဟာ မြန်မာလို direct ရှာလို့လည်းရနေပါပြီ။ မြန်မာလိုရှာမရတာဆိုရင် Myanmar to English Translation လို့ရိုက်ထည့်ပြီး၊ Myanmar ဘက်ကအကွက်မှာ ကိုယ်ရှာချင်တြဲအကြောင်းအရာကို ရိုက်ထည့်ပြီး၊ English လိုဘာသာပြန်ပေးထားတဲ့ဟာကို ပြန် Copy ယူပြီး Google Search မှာရိုက်ထည့်လိုက်ပါ။ အဲကရလာတဲ့ result စာတွေကိုလည်း copy ယူပြီး အခုဏက Google translate မှာ ပြန် English to Myanmar ပြန်လုပ်ပြီး ပြန်ဖတ်လို့ရပါတယ်။

ချစ်ခင်စွာဖြင့်
#JD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်