Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

12/03/2024

‼️ဖခင်ဖြစ်သူက သမီးကို အခန်းထဲမှာ(၁၃)နှစ်ကြာ ပိတ်လှောင်ထားတဲ့နောက်မှာတော့..

1 min read
General Knowledge
History
‼️ဖခင်ဖြစ်သူက သမီးကို အခန်းထဲမှာ(၁၃)နှစ်ကြာ ပိတ်လှောင်ထားတဲ့နောက်မှာတော့..'s photo


? ၁၉၇၀ခုနှစ် အောင်တိုဘာလမှာ အမျိုးသမီးတစ်ဦးဟာ ကလေးမလေးတစ်ဦးရဲ့လက်ကိုကိုင်ပြီးတော့ Los Angeles မှာရှိတဲ့ လူမှုဖူလုံရေးရုံးတစ်ခုအတွင်းကို ဝင်လာခဲ့ပါတယ်။ သူမရှာဖွေနေတာက မျက်မမြင်တွေကို ဝန်ဆောင်မှုပေးတဲ့ နေရဖြစ်‌ေပမယ့် သူဟာအခန်းမှားပြီးတော့ ဝင်သွားပါတယ်။ ဘာလို့အခန်းမှားလဲဆိုတော့ သူမကိုယ်တိုင်က မျက်မမြင်တစ်ဦးဖြစ်နေလို့ပါ။ သူမနဲ့အတူပါလာတဲ့ ကလေးမလေးကတော့ သူမရဲ့သမီးလေးဖြစ်ပါတယ်။ သူမှားဝင်သွားတဲ့ အခန်းထဲမှာရှိတဲ့ဝန်ထမ်းတွေက အဲဒီ့ကလေးမလေးကို ထူးထူးခြားခြားသတိထားမိသွားကြပါတယ်။ ဒါမယ့် အဲ့ဝန်ထမ်းတွေက ဒီကလေးဟာ အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးညှင်းပန်းခြင်းခံခဲ့ရတဲ့ ကလေးဆိုတာကိုတော့ သူတို့သတိထားမိခဲ့ကြမှာမဟုတ်ပါဘူး။

?ဒီမိန်းကလေးရဲ့နာမည်ကတော့ Genie Wiley လို့ခေါ်ပြီးတော့ သူ့ရဲ့အသက်ကတော့ (၁၃)နှစ်ပါ။ ဒါမယ့် သူ့ရဲ့ပုံစံကိုကြည့်ရင် အသက်(၇)နှစ်၊(၈)နှစ်အရွယ် ခန္ဓာကိုယ်အချိုးစားသာရှိပြီးတော့ သိသိသာသာကို အာဟာရချို့တဲ့လို့ သေးငယ်နေပါတယ်။ နေပုံထိုင်ပုံကလည်း ဂနာမငြိမ်ပဲနဲ့ လမ်း‌ကောင်းကောင်းမလျှောက်နိုင်ပဲ စကားဆိုလည်း မပြောနိုင်ပါဘူး။ တကယ်တော့ .. ဒါတွေအားလုံးရဲ့သံယခံက ကလေးမလေးရဲ့အဖေကိုယ်တိုင်ပဲဖြစ်ပါတယ်။ သူဟာ ကလေးကို ငယ်ငယ်ကတည်းက စိတ်ပိုင်းဆိုင်ရာမသန်စွမ်းလို့ တခြားသူတွေနဲ့မထိတွေ့စေချင်ဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အပြင်ထွက်ဖို့မပေးဘဲ အခန်းထဲမှာနှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့ပါတယ်။

?ကလေးမလေးခမျာ တကယ်ကိုသနားစရာကောင်းပါတယ်။ သူ့အဖေကိုယ်တိုင်က သူ့ကို တိရိစ္ဆာန်တစ်ကောင်လို လှောင်အိမ်သာသာအခန်းထဲမှာ ပိတ်လှောင်ထားတဲ့အပြင် တစ်ခါတစ်လေဆိုရင် ကြိုးတွေနဲ့တောင် ချည်နှောင်ထားပါသေးတယ်။ ဒါ့ကြောင့်မို့ Genieလေးဟာ သူ့ဘဝရဲ့အစောပိုင်းကာလတွေကို အထီးကျန်စွာဖြတ်သန်းခဲ့ရပါတယ်။ အဖေဖြစ်သူဆိုတဲ့လူဟာ အဲ့လိုအခန်းထဲမှာရက်ရက်စက်စက် ပစ်ထားရက်တဲ့အပြင် ညှင်းပန်းနှိပ်စက်မှုတွေကိုပါ သူမအပေါ်ကျူးလွန်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ့လူကြီးက Genieလေးကို သစ်သားပြားကြီးတွေနဲ့ရိုက်ပြီးတော့ အစာကျွေးရင်လည်း အာဟာရမျှတမှုရှိအောင် မကျွေးခဲ့ပါဘူး။ ဘာတွေကျွေးလဲဆိုတော့ ကလေးပိစိလေးတွေအတွက်ပြုလုပ်ထားတဲ့မုန့်မျိုးနဲ့ နို့တွေပဲတိုက်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း Genie လေးက ဖွံ့ဖြိုးသင့်သ‌ေလာက် မဖွုံဖြိုးနိုင်ခဲ့တာပါ။ သူမရဲ့အမေဖြစ်သူကတော့ မျက်မမြင်တစ်ဦးဖြစ်နေလို့ ဒါတွေကို ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

?နောက်ဆုံးမှာတော့ ကလေးငယ်လေးဒီလိုနှိပ်စက်ခံရတာတွေကို လူမှုဖူလုံရေးလုပ်သားတွေက တွေ့ရှိသွားပြီး ကယ်ဆယ်ခဲ့ကြပါတယ်။ အစပိုင်းမှာ ခပ်ရိုင်းရိုင်းဖြစ်နေတဲ့ Genieလေးဟာ ကယ်တင်ခံရပြီးနောက်မှာတော့ ယဉ်ပါးမှုရှိလာခဲ့ပါတယ်။ ဒါ့အပြင် သူ့အဖေလုပ်ရပ်တွေကိုလည်း ငိုယိုပြီးတော့ အခုလိုမျိုးပြောပါတယ်။ "ဖေဖေ ရိုက်တယ် မျက်နှာကို တုတ်ကြီးနဲ့" စသဖြင့် မပီမသပြောဆိုခဲ့ပါတယ်။

?ဒီလိုမျိုးကလေးသူငယ် အကြမ်းဖက်ခြင်းခံခဲ့ရတဲ့ Genie Wileyဟာ အခုဆိုရင် ဘယ်ရောက်လို့ဘယ်ပေါက်နေလဲဆိုတာကို မီဒီယာတွေကြားမှာ တိတိကျကျ မသိကြတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီဇာတ်လမ်းလေးက ကလေးငယ်ထုတစ်ခုလုံးသာမက မိဘတွေကြားမှာပါ တုန်လှုပ်စေခဲ့ပါတယ်။ ကမ္ဘာ့ကလေးများနေ့ဆိုတာ အလကားသက်သက်ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့ ကျွန်မတို့အားလုံးက ဒီလိုမျိုးအနာဂတ်ရဲ့ မျိုးဆက်သစ် အဖူးငုံလေးတွေကို ကာကွယ်ပေးပြီးတော့ အလှပဆုံးတောက်ပစေသင့်တယ် မဟုတ်လားရှင်။

Keep Reading

ဖိုမ ပညာပေး သင်ကြားရေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၆)Victor Hugo ဘဝအမောပြေမီးလောင်မြေအတ္တအမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအထက်တန်းစားနှင့်အောက်တန်းစားအတ္တမာန အမွေအနှစ်လား လံကြုပ်လား အပိုင်းလေး