Author's Profile Photo

Myaing Hay Won

12/03/2024

Follow your dream

4 mins read
Personal Development
Follow your dream's photo

မင်းရဲ့ အိပ်မက်နောက်ကို လိုက်ပါ။

၂၀၂၀ခုနှစ် Start-Up ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ ကြည့်ပြီးတဲ့နောက် ကျွန်မရဲ့ စာကြည့်စားပွဲနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ အခန်းနံရံပေါ်မှာ သစ်ရွက်ပုံစံအဝါရောင်နုတ်စာရွက်လေးထဲ "Follow your dream" ဆိုတဲ့ စကားလုံးကို ခပ်ကြီးကြီးရေးပြီး ကပ်ထားလိုက်တယ်။ စာကြည့်စားပွဲရှေ့ ရောက်တိုင်း ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အနေနဲ့ပေါ့။ ရေးပြီးသာ ကပ်ထားရတယ်။ အိပ်မက်ဆိုတာက ဝိုးတဝါး။ 'ငါ့အိပ်မက်က ဘာလဲ၊ ငါတကယ် ဝါသနာပါတာက ဘာလဲ၊ ငါဖြစ်ချင်တာက ဘာလဲ' ဆိုတာကို အချိန်ပေး မတွေးမိခဲ့တာ ကြာပါပြီ။

ဘယ်လောက်တောင်ကြာခဲ့လဲဆို ကျွန်မဟာ နည်းပညာတက္ကသိုလ် ပထမနှစ် တက်ပါပြီဆိုကတည်းက အိပ်မက်တွေအကြောင်း မေ့ထားခဲ့တယ်။ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်တဲ့။ ဘယ်အချိန် ပြန်တွေးမလဲ....တွေးတဲ့ အချိန်တိုင်း စိမ်းသက်နေသလို ခံစားနေရဆဲ...။ ခြောက်နှစ်တက်ရတဲ့ တက္ကသိုလ်မှာ တစ်နှစ် ကျရင် အလဟဿ ဖြစ်မဲ့ အရာတွေကို စိုးရိမ်စိတ်၊ ကြောက်စိတ်တွေနဲ့ ကြိုးစားခဲ့တယ်။ ဝါသနာ အရင်းမခံလေတော့ ဘယ်သောအခါမှ ခုံနံပါတ်ရှေ့ပိုင်းတွေထဲ မဝင်။ ဒါပေမဲ့ ကျမှာ ကြောက်တဲ့စိတ်၊ နောက်ကျကျန်ခဲ့မှာ ကြောက်တဲ့စိတ်ကြောင့် စာကို ဖိကြည့်တော့ အလယ်အလတ်ပိုင်းထဲ ဝင်တဲ့ ကျောင်းသူဘဝကို ပိုင်ဆိုင်ခဲ့တယ်။ ဒီလိုနဲ့ ကျောင်းပြီးတော့ အလုပ်ခွင်ထဲရောက် အင်ဂျင်နီယာလုပ်။ လုပ်ငန်းခွင်ထဲရောက်မှ ကျွန်မကိုယ်နဲ့ ကျွန်မစိတ်ဟာ အင်ဂျင်နီယာအလုပ်ကို ဘယ်လိုမှ အောင့်အည်းသည်းခံပြီး လုပ်လို့မရဘူးဆိုတာ တဖြည်းဖြည်း နားလည် သဘောပေါက်လာတယ်။

ကျွန်မစိတ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာကနေပြီး တစ်စုံတစ်ခုက ကျွန်မကို ဆွဲခေါ်နေတယ်။ ဒါနဲ့ ဆုံးဖြတ်ချက် တစ်ခုကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ချလိုက်တယ်။ အင်ဂျင်နီယာအလုပ်ကို ကျွန်မစွန့်ခွာခဲ့ပါတယ်။ အင်ဂျင်နီယာမလုပ်ချင်တဲ့ ကောင်မလေးဟာ ဘာကို လုပ်ချင်နေတာလဲလို့ ခုချိန်မှာ တစ်စုံတစ်ယောက်က အရေးတယူမေးလာခဲ့ရင်တော့ ကျွန်မပြန်ဖြေဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။
"စာရေးဆရာလုပ်မှာပါ"
ဒီလို ပက်ခနဲ ပြန်ဖြေလိုက်နိုင်ဖို့က အခုမှ သတ္တိတွေရလာတာပါ။ ငယ်ငယ်ကတော့ ကျွန်မဟာ ကိုယ်ဖြစ်ချင်တာကို ပြောဖို့ ကြိုးစားတိုင်း အာစေးမိသူတစ်ယောက်လိုပါပဲ။

မှတ်မှတ်ထင်ထင် အဖြစ်အပျက်တစ်ခုကို ပြောရရင် ကျွန်မ ကိုးတန်းနှစ်ကပေါ့။ မြန်မာစာဆရာမက ကျောင်းသားကျောင်းသူတစ်ယောက်ချင်းစီကို အတန်းရှေ့စတိတ်စင်ပေါ် ခေါ်ပြီး ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အရာကို ပြောပြခိုင်းပါတယ်။ နောက်ဆုံးတန်းကနေ အတန်းလိုက်ခေါ်ပြီး ပြောခိုင်းတာပေါ့။ တော်တော်များများက ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာပညာရှင်၊ ပါမောက္ခ၊ ကထိက အစရှိသဖြင့် ပြောကြပါတယ်။ တချို့ကလည်း စင်ပေါ်မှာ ကြောက်ကြောက်နဲ့ သူများပြောသလို ပြောလိုက်တယ်နဲ့ တူပါတယ်။ ကောင်မလေးတစ်ယောက်ဆိုလည်း စင်ပေါ်မှာ အင်း...အဲ...လုပ်နေပြီး ကြံရာမရတော့ လောလောဆယ် ရည်မှန်းချက်က ဆယ်တန်းကို ဂုဏ်ထူးတွေ အများကြီး ပါချင်တာပါတဲ့။ ရွှတ်ရွှတ်နောက်နောက် နေတတ်တဲ့ အတန်းခေါင်းဆောင်ကတော့ ကျွန်တော်ကြီးလာရင် ဆိုက်ကားဆရာလုပ်မှာပါတဲ့လေ။ တစ်ခန်းလုံးက သူ့အပြောမှာ ဝိုင်းရယ်ကြ။ ကျွန်မလည်း လိုက်ရယ်မိသလား မမှတ်မိတော့ပေမယ့် ကျွန်မအလှည့်ရောက်ရင် ဖြေရမယ့်စကားကို အပူတပြင်း တွေးတောနေခဲ့မိတာကိုတော့ မှတ်မိပါတယ်။

ဒီလိုနဲ့ ကျွန်မ စင်ပေါ်ရောက်သွားတယ်။ ကျွန်မပြောမယ့်စကားကို လူတွေ ဝိုင်းဟားလိုက်မှာ စိုးရိမ်တယ်။ "သူငယ်ချင်းတို့ရေ...ငါ့ရဲ့ ရည်မှန်းချက်က စာရေးဆရာပါ" ဆိုတဲ့ စကားကို ပြောလို့ မထွက်ခဲ့ပါဘူး။ ဒါပေမယ့် ဒီစကား ပြောမထွက်တိုင်း တခြားတစ်ခုခုကို ပြီးစလွယ် ပြောပစ်လိုက်ချင််စိတ်က ကျွန်မမှာ ရှိမနေခဲ့ပါဘူး။ အဲ့ဒါနဲ့ ကျွန်မဟာ ဆရာမကို ကြည့်ပြီး 'သမီးရဲ့ ရည်မှန်းချက်က လျှို့ဝှက်ချက်ပါ' လို့ ပြောလိုက်တဲ့အခါ ဆရာမက ကျွန်မအဖြေကို လက်ခံပေးပြီး စင်ပေါ်က ဆင်းခွင့်ပေးပါတယ်။

အခုတော့ ကျွန်မဟာ ဘယ်သူမေးမေး ရည်မှန်းချက်က စာရေးဆရာပါလို့ ပြောရဲခဲ့ပါပြီ။ တချို့ကတော့ ကျွန်မကို ပြောပါတယ်။ အင်ဂျင်နီယာလုပ်ရင်း စာရေးလို့ရတာပဲပေါ့။ သူများတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲဆိုပြီး ဥပမာပြစရာ စာရေးဆရာနာမည်တွေကို ရွတ်ပြပါတယ်။ 'ဟုတ်ကဲ့၊ ကျွန်မလည်း လက်ခံပါတယ်၊ အဲ့လိုလုပ်နိုင်တဲ့သူတွေကို ကျွန်မ လေးစားအားကျရပါတယ်။ ဒါပေမယ့် ကျွန်မကတော့ စာရေးဆရာဆိုတဲ့ အမည်ကိုပဲ ခံယူချင်ပြီး စာရေးတဲ့အလုပ်ကိုပဲ စိုက်လိုက်မတ်တတ် လုပ်ချင်ပါတယ်' လို့ ပြန်ပြောမိပါတယ်။

ဒီနေရာမှာ ဆရာကြီးမြသန်းတင့်ရဲ့ စကားကို ကိုးကားပါရစေ။
"

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်

Unlock to read this premium article with 10 points.