Author's Profile Photo

Reviews by Benevolent

7/03/2024

'တသိမ့်သိမ့်ဒွန်

4 mins read
Book Review
'တသိမ့်သိမ့်ဒွန်'s photo

စာမျက်နှာ ၁၂၃၈ နဲ့ မဂ္ဂဇင်းဆိုဒ်‌ကြီး လောက်ထူထည်လှတဲ့ ဒီဝတ္ထုအကြောင်းတွေးမိရင် ဆရာနတ်နွယ်ကို ပြေးမြင်မိတယ်၊ 'မြန်မာပြည် မြောက်ပိုင်း' စာအုပ်ကို ဒီဝတ္ထုနဲ့ မြစ်ဖျားခံခဲ့တယ်လို့ ပြောဖူးတယ်။ ပထမဆုံး ဘာသာပြန်ပေးခဲ့တဲ့ ဆရာကြီး တက္ကသိုလ်နန္ဒမိတ်က ဒီမဟာစာပေကြီးဘာသာပြန်နေချိန် ကွယ်လွန်သွားတယ်၊ နောက် ဆရာကြီး မြတ်ငြိမ်း ဘာသာပြန် တာဝန်ကို ဆက်ယူခဲ့သော်လည်း ဝတ္ထုအဆုံးမသတ်ခင် ကွယ်လွန်ခဲ့တယ်၊ အဲ့အချိန်ကင်ဆာဝေဒနာခံစားနေရတဲ့ ဆရာကြီး တင်မောင်မြင့်က စာပေအပေါ် တန်ဖိုးထား မြတ်နိုးမှုနဲ့ ဒီဂန္တဝင်စာအုပ်ကြီးကို ကီမိုသွင်းရင်းနဲ့ ပြန်ဆိုခဲ့ရတာဖြစ်တယ်။

စာအုပ်ရဲ့ မူလပိုင်ရှင် မစ်ခေးရှိုလိုခေါ့ဗ် က
ရုရှားပြည်ရဲ့ အကြီးကျယ်ဆုံး လီနင်စာပေဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင်လည်း ကမ္ဘာ့အမြင့်ဆုံး စာပေဆုကြီးဖြစ်သော နိုဗယ်ဆုကိုလည်း စာပေမီးရှူးတန်ဆောင်ကြီးဖြစ်လာမည် တသိမ့်သိမ့်ဒွန်ဖြင့်ဆွတ်ခူးနိုင်ခဲ့တယ်။
ပထမကမ္ဘာစစ်အတွင်း ရုရှားတို့၏ ပြည်တွင်းစစ်နဲ့ တော်လှန်ရေးကာလများကို နောက်ခံထားကာ ဇာတ်ကောင် (၆၀)တို့ဖြင့်
ဗော်လ်ဂါချိုင့်ဝှမ်းနှင့် ဒွန်မြစ်ဝှမ်းတလျှောက်ရှိ ကော့ဆက်လူမျိုးများ၏ လှုပ်ရှားမှုများဖြင့် ထုဆစ်ထားသော ဝတ္ထုကြီး ဖြစ်တယ်။ဇာတ်ကြောင်းအရ ဝတ္ထုထဲတွင် အနုပညာဆန်ရုံသာမက လက်တွေ့ဆန်မှုနှင့်ပတ်ဝန်းကျင်၏ သနားစရာကောင်းသော မှားယွင်းမှုတို့ကို ပေါင်းစပ်ထားတဲ့ ဒွန်ဒေသရှိ ကော့ဆက်ဘဝကို ပုံဖော်ထားတယ်။ရုရှားပြည်တွင်းစစ်ကာလရှိုလိုခေါ့ဗ် ကိုယ်တိုင်လည်း ဒွန်ကော့ဆက် တပ်နီတပ်သားတဦး။မြန်မာပြည်က ဧရာဝတီ ဆိုရင် ရုရှားပြည်က ဒွန် ၊အဓိက‌အသက်‌ သွေးကြောမြစ်တခုသာမက စစ်ပွဲတွေကြောင့် သွေးအရသာကို သောက်သုံးခဲ့တဲ့ မြစ်တဆင်းလည်းဖြစ်တယ်။

ရုရှားတောင်ပိုင်းသား ကော့ဆက်ဆိုတဲ့နာမည်က တူရကီဘာသာကနေ ဆင်းသက်လာပြီးမြင်းတွေစီးနင်းကာ တိုက်ခိုက်‌ ရေးမှာ ကျွမ်းကျင်တဲ့ လွတ်လပ်စွာသွားလာ နေထိုင်တတ်သူတွေသာဖြစ်တယ်။ဇာဘုရင်လက်ထက်ကတည်းကစပြီး လယ်ထွန်၊ငါးရှာကာ လိုအပ်ရင် မဖြစ်မနေအသက်ကြီးရင့်သူ‌ပါမကျန်စစ်မှုထမ်းရတဲ့ ဒွန်ကော့ဆက်တွေက လယ်သမားဘဝက‌နေ၊စစ်သားတွေဖြစ်လာတယ်။စစ်ဒဏ်တွေကြောင့် စိတ်ပိုင်းကိုယ်ပိုင်းဆိုင်ရာရိုင်းစိုင်းယုတ်မာမှုတွေနဲ့ပြည့်လာခဲ့ပြီး သွေးသားရင်းချာ ၊ ညီအစ်ကို ၊ သားအဖ အချင်းချင်း ပြန်သ တ်ကြ၊ တိုက်ကြ၊ စတေးဖို့ ဖြစ်လာခဲ့တယ်။သူပုန်ကော့ဆက် နဲ့ တပ်နီကော့ဆက်အတွေ့မှာ ဆော့အတူတူ စားအတူတူ ငယ်ပေါင်းကြီး‌ဖော်တွေဖြစ်ခဲ့ကြ‌သော်လည်း တဖက် သူပုန်ကော့ဆက်ဖြစ်‌နေ၊ အခြားတဖက် တပ်နီ အဖြစ် နေပြန် ရှုံးသူက အသ တ်ခံရပြီး နိုင်သူကရင်ထဲဆို့နင်ရတယ်။ပစ်သ တ်သူမှာလည်း တာဝန်အရ အခုသူကိုမသ တ်ရင် နောက်တချိန်ငါ့ကို လည်စင်းသွားနိုင်တဲ့ဆိုတဲ့ ဝါဒရေးရာ တွေကလူတယောက်ကို သတ်ရတာ သန်းတကောင် သတ်ရတာလောက် မခက်ဘူးဆိုတဲ့ အတွေးဆီရောက်အောင် တွန်းပို့ထားကြတယ်။ ဝါဒတွေ ၊ ခံယူချက်တွေမတူပြန်တော့လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြတဲ့သဘောထားမျိုးတွေပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဆွေမျိုးအကုန်နီးပါး မီးရှို့ကြတာက လူသားစိတ်ကင်းမဲ့လွန်တယ်။ကော့ဆက်တိုင်းရင်းသား‌တွေက ရုရှားစစ်ပွဲကာလ‌တွေမှာ နှစ်ဖက်လုံးဘက်ကနေ တိုက်ခိုက်ပေးခဲ့တဲ့လူမျိုးတွေဖြစ်ခဲ့တယ်။

ဒွန်မြစ်ကမ်းနံဘေး တာတရက်စ်ရွာတွင်
တူရကီသွေးပါတဲ့မီလက်ကော့မိသားစုမှာသားနှစ်ယောက်၊သမီးငယ်တယောက်ရှိတယ်။ဒုတိယသားကအဓိက ဇာတ်ဆောင် ဂရီဂိုမီလက်ကော့ဗ် ၊ သူ့ရဲ့ သာမန်နီတိမဟုတ်တဲ့ အချစ်ရေးတွေက ရင်မောစေတယ်၊ တဖြည်းဖြည်းပြောင်းလဲလာတဲ့ အမြင်၊ အယူအဆတွေက ကောင်းလွန်းလာတယ်။ဂရီဂိုဟာ နာတာလီယာဆိုသော မိန်းမပျိုလေးနဲ့အိမ်ထောင်ကျခဲ့သော်လည်းရှုပ်ထွေးတဲ့သူ့အချစ်ဇာတ်လမ်းဟာ ခေါင်းကိုက်စရာပါ။အသက်တွေကြီးလာတဲ့အထိ မပြီးနိုင် လောက်အောင် ငယ်ကချစ်အနှစ်တစ်ရာ မမေ့သာဆိုတဲ့အတိုင်း အချစ်ဦးသာ သူ့ဘဝအတွက် သူ့အချစ်ဦးဆိုတဲ့ အက်စီနီယာ၊ အစ်ကိုသူငယ်ချင်းရဲ့မိန်းမ ၊ဆယ့်ခြောက်နှစ်သမီးအရွယ်မှာအဖေအရင်းက ကြိုးနဲ့တုပ်ပြီးမုဒိမ်းကျင့်တာ ခံရရှာသူ ၊ လင်ကံမကောင်းသူ အချိန်အများစုက အနိုင်ကျင့် နှိပ်စက်ခံရ လေ့ရှိသူလည်းဖြစ်တယ်။စာမတတ်တောသားစစ်သားလူရိုးကြီး ဂရီဂိုအတွက်ကြုံခဲ့ရတဲ့လောကဓံဟာခန္ဓာကိုယ်ရော၊စိတ်မှာပါဒဏ်ရာများစွာကိုသာ ဖြစ်စေခဲ့တယ်။စာဖတ်ရင်း ဇာတ်လိုက်ဂရီဂိုတရိပ်ရိပ်အသက်ကြီးလာကာ စာဖတ်သူလည်းဂရီဂိုလို အသက်ကြီးလာနေသလို ခံစားရလောက်အောင် အရေးအသားကမိုက်တယ်။

ဒါဗီဒေါ့ ၊ ရတ်ဇမျော့နော့၊ နာဂူနော့ ဆိုတဲ့ ဇာတ်ကောင်တွေကြောင့် လူ့စရိုက်တွေ အဖြူအမဲ ကွဲလာတယ် ။စာရွက်ပေါ်က စီမံကိန်းတွေကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကြုံရတဲ့ပြသနာတွေ ရိုးသားသော်လည်း ဝါဒစွဲလွန်ကဲမှုကြောင့် မှားတဲ့အမှားတွေ ၊လုပ်ငန်းမကျွမ်းကျင်မှုကြောင့် လစ်ဟင်းသွားရတဲ့ စီမံခန့်ခွဲမှုတွေ ၊စုန်းပြူးပါတီဝင်တွေ ဒါ့ကြောင့် ကွန်မြူနစ်တွေ နာမည

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း

Unlock to read this premium article with 100 points.