
မှတ်ဖွယ်မှတ်ရာ ထိုထိုစာ
3 mins read
၂၀၁၅ပတ်ဝန်းကျင် ကျွန်မအသက်(၁၉)နှစ်ဝန်းကျင်အရွယ်မှာ ဗဟုသုတစာပေတွေ စုဆောင်းဖတ်ရှုရတာ ဝါသနာပါခဲ့ပါတယ်။ ဖတ်ရှုခဲ့ပြီး ကြိုက်နှစ်သက်ရင် မှတ်စုစာအုပ်လေးထဲ ကူးယူမှတ်သားထားတာ အကျင့်တစ်ခုလို ဖြစ်ခဲ့ရပါတယ်။ စာအုပ်ဗီရို ရှင်းတဲ့အချိန် ရေးထားတဲ့ စာလေးတွေ ပြန်တွေ့တော့ သုတဆောင်းပါးလေးတွေ ဖတ်ရှုရတာ ကြိုက်နှစ်သက်သူတွေအတွက် မျှဝေပေးချင်စိတ် ပေါ်လာပါတယ်။ ဒါကြောင့် ကျွန်မခပ်ငယ်ငယ်အရွယ်က ကူးယူမှတ်သားထားတဲ့ စာလေးတွေကို ပြန်လည် မျှဝေလိုက်ပါတယ်။
ဒီအကြောင်းအရာတွေက ဘယ်ကကူးယူဖတ်ရှုထားသလဲဆိုတာ ကျွန်မ မမှတ်မိပါဘူး။ အဲ့ဒီအချိန်က စာတစ်ပုဒ်ကို ဘယ်သူရေးတယ်၊ ဘယ်သူပြုစုတယ်၊ ဘယ်သူဝေမျှတယ်ဆိုတာကို မှတ်သားရကောင်းမှန်းမသိသေးတဲ့ ကျွန်မရဲ့ ပေါ့ဆမှုပါပဲ။ ဒါကြောင့် မူရင်းတင်တဲ့၊ မျှဝေတဲ့သူအားလုံးကို လေးစားစွာ credit ပေးပါတယ်။
အခု အသက်အရွယ်ကြီးရင့်လာတဲ့ နောက်ပိုင်းမှာတော့ ကျွန်မဟာ သုတစာပေထက် ရသစာပေတွေ ဖတ်ရှုရတာ၊ ဖန်တီးရတာ တွေကို မွေ့လျော်နေခဲ့တဲ့အတွက် ငယ်ငယ်ကလောက် သုတစာပေတွေ ဖတ်ဖို့ စိတ်အားထက်သန်မှု မရှိတော့ဘူးဆိုတာကိုတော့ ရိုးသားစွာပဲ ဝန်ခံပါတယ်။
စာဖတ်သူများ စိတ်လက်ကြည်သာ ရှိပါစေ။
မြိုင်ဟေဝန်
- စကားပြောကောင်းဖို့ဟာ နားထောင်သူ ဖြစ်ဖို့ လိုတယ်လို့ ဒေးလ်ကာနက်ဂျီက ပြောခဲ့တယ်။
- နားထောင်တာဟာ ပျင်းစရာကောင်းတဲ့အလုပ်လို့ ယူဆရပေမယ့် တကယ်တမ်း မိမိရဲ့ အာရုံကို ဖွင့်ထားရင် အင်မတန်မှ ကောင်းတဲ့ စိန်ခေါ်မှုတစ်ရပ်ကို တွေ့ကြုံရနိုင်ပါတယ်။
- သေသေချာချာနားထောင်သူတွေဟာ စကားနည်းသွားတယ်။ ဒီအတွက်လည်း အမှားနည်းသွားတယ်။ သူများစကားပြောရင် တစ်ခုတော့ သိလာမှာပဲလို့ ရှာဖွေနေမိမှာပဲ။ ခင်ဗျားရော....။ ခု နားထောင်နေလား.....။
- ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်၊. ဘာပဲပြောပြော အပြစ်လွတ်အောင်ပြော. ဘာပဲဖြစ်ဖြစ် စိတ်မညစ်နှင့်။
- ရောဂါဘယတွေရဲ့ (၉၀)ရာခိုင်နှုန်းကျော်ဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာကြပါတယ်။
- အသက်(၆၀)အရွယ်မှာ အမျိုးသား (၆၀)ရာခိုင်နှုန်း နှင့် အမျိုးသမီး (၄၀)ရာခိုင်နှုန်းတို့ဟာ အိပ်ပျော်နေစဉ်မှာ ဟောက်တတ်ကြပါတယ်။
- ဆေးလိပ်သောက်သူများဟာ ဆေးလိပ်မသောက်သူများထက် ကျောအောက်ပိုင်းနာကျင်မှု ဝေဒနာကို နှစဆပိုပြီး ခံစားရနိုင်ပါတယ်။
- သင်နှာချေတဲ့ အချိန်တိုင်းမှာ သင့်ဦးနှောက်ဆဲလ်တချို့ သေဆုံးသွားပါတယ်။
- လူ၏ ဆံပင်နှင့် လက်သည်းများသည် သေဆုံးပြီးနောက် ဆက်လက်ရှင်သန်ကြီးထွားနေကြသည်။
- Underground ဆိုတဲ့ ဝေါဟာရက အင်္ဂလိပ်ဘာသာစကားမှာ 'und'နဲ့ စပြီး 'und'နဲ့ ဆုံးတဲ့ တစ်ခုတည်းသော ဝေါဟာရ ဖြစ်တယ်။
- setဆိုတဲ့ ဝေါဟာရဟာ အင်္ဂလိပ်ဘာသာစကားမှာ အခြားစကားလုံးတွေထက် အဓိပ္ပာယ်တွေ ပိုများပါတယ်။
- အင်္ဂလိပ်ဘာသာစကားမှာ '-dous'နဲ့ ဆုံးတဲ့ ဝေါဟာရလေးခုတည်းသာ ရှိပါတယ်။ အဲ့ဒါတွေကတော့ tremendous , horrendous, stupendous နဲ့ hazardous တို့ပဲ ဖြစ်ပါတယ်။
- အနောက်တိုင်းမှာ ရေပန်းအစားဆုံး နာမည်တွေကတော့ ဂျိမ်းစ်နှင့် ဂျွန် ဆိုတဲ့ အမည်တွေပဲ ဖြစ်ပါတယ်။
- ၁၉၀၇ခုနှစ် နှစ်သစ်မှာ အမေရိကန်သမ္မတ သီအိုဒိုရုစဗဲ့ဟာ လူပေါင်းရှစ်ထောင့်ငါးရာတစ်ဆယ့်သုံးယောက်(၈၅၁၃ယောက်)ကို လက်ဆွဲနှုတ်ဆက်ခဲ့ရပါတယ်။
- စာရေးဆရာမ ဗာဂျီးနီးယားဝုဖ်(Virginia Woolf)ဟာ သူမရဲ့ စာအုပ်အားလုံးကို မတ်တတ်ရပ်ပြီး ရေးသားခဲ့ပါတယ်။
- ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ ဘယ်သန်တွေ ဖြစ်ကြတယ်။
- ဦးနှောက်ဟာ နေ့အချိန်မှာထက် ညအချိန်မှာ ပိုပြီး လှုပ်ရှားတက်ကြွမှု ရှိတယ်။
- ပုတ်သင်ညိုတစ်ကောင်ရဲ့ လျှာဟာ ၎င်းခန္ဓာကိုယ် အလျားထက် နှစ်ဆရှည်တယ်။
- ကြွက်တစ်ကောင်ဟာ ကုလားအုတ်တစ်ကောင်ထက် ရေထဲမှာ ပိုပြီးကြာကြာ အသက်ရှင်နိုင်တယ်။
- မိုနာလီဇာမှာ မျက်ခုံးမွှေးများ မရှိပါ။
- ပျားရည်သည် မပုပ်သိုးမပျက်စီးတတ်သော တစ်ခုတည်းသော အစားအစာ ဖြစ်သည်။
- ပိတုန်းငှက်တွေဟာ လမ်းမလျှောက်နိုင်ကြဘူး။ သို့သော် ပိတုန်းငှက်များသည် နောက်ပြန်ပျံသန်းနိုင်သည့် တစ်မျိုးတည်းသော ငှက်ဖြစ်ပါတယ်။
- လိပ်ပြာများသည် သူတို့၏ ခြေထောက်ဖြင့် အစာကို အရသာခံကြသည်။
- ကြယ်ငါးတွင် ဦးနှောက်များမရှိပါ။
- ကျားငါးမန်း သန္ဓေသားလောင်းတွေဟာ မိခင်ရဲ့ သားအိမ်ထဲမှာ တစ်ကောင်နဲ့တစ်ကောင် တိုက်ခတ်ကြပါတယ်။ အသက်ရှင် ကျန်ရစ်သူကို မွေးပါတယ်။
- အပြာရောင်ဝေလငါးတွေရဲ့ လျှာက ဆင်တစ်ကောင်ထက် ပိုလေးပါတယ်။
- သားပိုက်ကောင်ကြီးများသည် တစ်ခုခုန်လျှင် ပေ၃၀ကျော်ထိ ရောက်ပါသည်။
- ရေနက်ပိုင်းမှာနေတဲ့ ကျောက်ပုစွန်တစ်ကောင်ရဲ့ စံချိန်တင် သွားလာတဲ့ အရှည်လျားဆုံး အကွာအဝေးကတော့ ၂၂၅မိုင် ဖြစ်ပါတယ်။
- ရွှေငါးတစ်ကောင်ကို အမှောင်ခန်းတစ်ခန်းထဲတွင် ထည့်ထားပါက နောက်ဆုံးတွင် ၎င်းသည် အဖြူရောင်သို့ ပြောင်းလဲသွားလိမ့်မည်။
- ၁၉၃၈ခုနှစ်က Time Magazineက Adolf Hitler(ဟစ်တလာ)ကို Man of the Yearအဖြစ် ရွေးချယ်ခဲ့သည်။
- အေးမြတဲ့ ရာသီဥတုဟာ လက်သည်းတွေကို မြန်မြန်ရှည်စေတယ်။
- နေအလင်းရောင်ဟာ ကြည်လင်တဲ့ သမုဒ္ဒရာရေမျက်နှာပြင်အောက် ပေနှစ်ရာ့လေးဆယ်အနက်အထိ ထွင်းဖောက်ဝင်ရောက်နိုင်ပါတယ်။
- စတော်ဘယ်ရီသီးသည် အပြင်ဘက်တွင် အစေ့ရှိသည့် အသီးဖြစ်သည်။
- ရေထဲမှာ ပေါ်နိုင်သည့် တစ်ခုတည်းသော ကျောက်သည် မီးခိုးရောင်ကျောက်ပွတစ်မျိုးဖြစ်သည်။
- ကွန်ဖူးမင်းသား ဘရုစ်စလီဟာ အရမ်းမြန်တာကြောင့် သူ့ရဲ့ဇာတ်ကားတွေကို သင်ကြည့်လို့ရအောင် ဖလင်မှာ အနှေးပြကွက်တွေ ဖြစ်အောင် လုပ်ခဲ့ရပါတယ်။
- တူရကီနိုင်ငံရဲ့မြို့တော် အစ္စတန်ဘူတန်မြို့ဟာ တိုက်ကြီးနှစ်တိုက်ပေါ်မှာ တည်ရှိနေတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော မြို့ဖြစ်ပါတယ်။
- ကမ္ဘာပေါ်က အအေးဆုံးနေရာဟာ Vostok(အန္တာတိကတိုက်)ဖြစ်ပြီး အပူဆုံးဒေသဟာ အယ်လ်အဇီဇီယာEl Azizia(in Libya) ဖြစ်ပါတယ်။
- ကမ္ဘာကြီးမှာ အသုံးပြုမှုအများဆုံး သတ္တုဟာ သံသတ္တုဖြစ်ပါတယ်။
- အပြာရောင်မှာ အေးချမ်းတဲ့ သက်ရောက်မှုရှိပါတယ်။ ၎င်းက ဦးနှောက်ကို အေးချမ်းတဲ့ ဟော်မုန်းတွေကို ထုတ်လွှင့်ပေးပါတယ်။
- သွေးနီဥဆဲလ်တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်သွားလာဖို့ စက္ကန့်၂၀သာ ကြာပါတယ်။
- ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီသည် ကတ်ကျေးကို တီထွင်ခဲ့ပါသည်။
- သင်၏ မွေးနေ့မွေးရက်သည် ကမ္ဘာကြီးထဲက အနည်းဆုံး လူကိုးသန်းနှင့် တူညီနေပါသည်။
- တယ်လီဖုန်းကို တီထွင်ခဲ့သူ အလက်ဇန်းဒါးဂရေဟမ်ဘဲလ်သည် သူ၏ ဇနီးနှင့် မိခင်တို့ကို ဖုန်းတစ်ခါမျှ မဆက်ဖူးခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နားမကြားသောကြောင့် ဖြစ်ပါသည်။
Keep Reading
စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်ထိရောက်တဲ့ ခေါင်းဆောင်မှု တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။တန်ရာတန်ကြေးနိယာမမရိုးတရိုးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။