Author's Profile Photo

Gemini

3/03/2024

မျိုသိပ်ထားခြင်းနှင့်ထုတ်ဖော်ပြသတက်ခြင်း

1 min read
Personal Development
မျိုသိပ်ထားခြင်းနှင့်ထုတ်ဖော်ပြသတက်ခြင်း's photo

မျိုသိပ်ထားခြင်း နှင့် ထုတ်ဖော်ပြသခြင်း

ဒီနှစ်မျိုးစလုံးက ကျွန်မတို့နေ့စဥ်ဘဝမှာ​ လူတိုင်းကြုံတွေ့နေရတဲ့ content တစ်ခုဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မျိုသိပ်ထားခြင်းကိုအနည်းကျဥ်းအဓိပ္ပါယ်ဖွင့်ရရင်
ကိစ္စတစ်ခုခုကြောင့်ဖြစ်စေ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအများကြောင့်ဖြစ်စေ ဖြစ်ပေါ် လာသော စိတ်ခံစားချက်၊စကားလုံး၊အကြောင်းအရာတွေကို ကျွန်မတို့ဟာထုတ်ဖော်ပြသဖို့အတွက် သတ္တိမရှိ၍ဖြစ်စေ တခြားသောအကြောင်းအရာများနှင့် မိမိ၏ခံယူချက်များကြောင့် ထုတ်မပြောပဲ့ မျိုသိပ်ထားတက်ကြပါတယ်ဒီလို မျိုသိပ်ထားခြင်းမှာ အခြေအနေ အချိန်အခါနဲ့လိုက်ပြီး ကောင်းကျိုး ဆိုးကျိုးများ မှာလည်းကွဲပြားခြားနားကြပါတယ် မိမိ၏အတွေး၊အမြင်၊ခံစားချက်တွေကိုမျိုသိပ်ထားလိုက်ခြင်းမှာ ကြာလာသည်နှင့်အမျှ စုပုံ၍ဖြစ်တည်လာတက်သော ဒေါသ၊ မနာလိုစိတ်၊ ဝမ်းနည်းကြေကွဲမှု အစရှိသော မကောင်းတဲ့ခံစားချက်များကိုဖြစ်ပေါ်လာစေရန် ပိုမိုအားပေးတက်ပါတယ်။

တစ်ချို့ကလည်းမျိုသိပ်ထားခြင်းနှင့် ချုပ်တည်းနိုင်စွမ်းရှိခြင်းကိုမှားယွင်းသဏ္ဍတူသည်ဟုထင်မှတ်ကြပါတယ် ချုပ်တည်းနိုင်စွမ်းရှိခြင်းကတော့ (ဥပမာ တစ်စုံတစ်ခု ကိုလိုချင်သော်လည်း မိမိနှင့်မသင့်တော်မှန်းသိ၍ နောက်ဆုတ်လိုက်ခြင်း၊တစ်ပါးသူကို မပြောသင့်သောစကားကို မပြောတော့ပဲ့ ချုပ်တည်းလိုက်နိုင်ခြင်း) ပဲဖြစ်ပါတယ်။

ဒုတိယတစ်ခုအနေနဲ့ ထုတ်ဖော်ပြသတက်ခြင်း
ထုတ်ဖော်ပြသတက်ခြင်းမှာလည်း မိမိတို့ ထုတ်ဖော်ပြောပြလိုက်တဲ့ အကြောင်းအရာ၊ အပြုအမူ ၊ စကားလုံးကိုလိုက်ပြီး ကောင်းကျိုးဆိုးကျိုးရှိပါတယ်။
ထုတ်ဖော်ပြသတက်ခြင်းကလည်း ရှိသင့်ရှိထိုက်တဲ့ skill တစ်ခုဖြစ်ပါတယ် ကိုပြောချင်တဲ့စကား content တွေကို လှလှပပလေး သေသေချာချာ ထုတ်ဖော်ပြသနိုင်ခြင်းက မိမိဘဝအတွက် အထောက်အကူအများကြီးဖြစ်ထွန်းစေနိုင်ပါတယ်။ ထုတ်ဖော်ပြသနိုင်စွမ်းမြင့်မားတဲ့သူတွေဟာ ကိုယ်အလိုရှိရာကိုရတက်ကြပါတယ် အလုပ် ၊ ပညာရေး ၊ အချစ်ရေး ဘယ်နေရာမှာမဆို ထုတ်ဖော်ပြောပြတက်တဲ့လူတွေက ခြေတစ်လှမ်းအမြဲသာစမြဲပါ။
ဒါကြောင့် ထုတ်ဖော်ပြသခြင်းအနုပညာ ကိုလည်းရင်းနှီးကျွမ်းဝင်စေချင်ပါတယ် ကျွန်မတို့ဟာ သက်တမ်းတိုလွန်းတဲ့လူသားတွေပါ အရာရာကို မျိုသိပ်မထားပဲ့ သည်းမခံနိုင်ရင် သည်းမခံနိုင်ကြောင်း၊ ဝမ်းနည်းလျှင် ဝမ်းနည်းကြောင်း၊ ချစ်ခင်မြတ်နိုးပါလျှင် ချစ်ခင်မြတ်နိုးကြောင်း ထုတ်ဖော်ပြသသင့်ပါတယ်။

မျိုသိပ်ထားလိုက်ခြင်းက နောင်တ ကိုပဲ့ပေးစွမ်းနိုင်ပါတယ် ဒါပေမဲ့
ထုတ်ဖော်ပြသလိုက်ရခြင်းမှာတော့ အနည်းဆုံး နောင်တမရှိပဲ့ အရှေ့ ကိုပဲ့တည်တည်မတ်မတ်လျောက်နိုင်ဖို့ ခွန်းအားအများကြီးရရှိနိုင်မှာဖြစ်ပါတယ်။

ကျွန်မရဲ့အတွေးအမြင်မျှသာဖြစ်ပါတယ်
အားလုံးပဲ့ ကိုယ့်ရဲ့ ထုတ်ဖော်ပြသပြောကြားနိုင်ခြင်း skill ဖြင့် ကောင်းမွန်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေရှင်။

ℒ✨

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်