မြသွန်း(တောင်ဒဂုံ)

?မိတ်ဆွေတို့ေရ ဒီrapperက Social Mediaေပါ်မှာ သီချင်းဆိုထားတဲ့ဗီဒီယိုတွေတင်ပြီးတော့ အဲ့ဒီဗီဒီယိုတွေထဲမှာ သူ့ရဲ့ပါးစပ်ကလုံးဝမလှုတ်ဘဲနဲ့ သီချင်းဆိုနေတာကို အားလုံးက သတိထားမိသွားကြပါတယ်။ နောက်ပြီးသူ့ရဲ့အဲ့လို ဗီဒီယိုတွေက viewတွေသန်းနဲ့ချီပြီးရနေပါတယ်။ သေချာတာက တစ်ခုခုတော့လွဲနေပြီဆိုတာပါပဲ။ အဲ့ဒီ့သီချင်းဆိုနေတဲ့အသံက တကယ်သူ့ရဲ့အသံပဲလား? ဒါမှမဟုတ် မရှိတဲ့အရည်ချင်းကြီးနဲ့ အားလုံးကိုဂျင်းထည့်နေတာလား? ပြီးတော့ Social Media ပေါ်က သန်းနဲ့ချီတဲ့လူတွေရဲ့ အားပေးမှုနဲ့ရော သူတကယ်ထိုက်တန်ရဲ့လား? ဒါတွေအားလုံးရဲ့အဖြေကိုသိနိုင်ဖို့ အရင်ဆုံး Isaiah Acostaရဲ့ story လေးကိုဖတ်ရှုကြည့်ပါဦးရှင်။
? ရှားရှားပါးပါး အောက်မေးရိုးမပါတဲ့ဒီကောင်လေးဟာ မွေးလာကတည်းက အခက်ခဲပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မွေးပြီး ပြီးချင်း (၁၅)မိနစ်အတွင်းမှာ အောက်ဆီဂျင်ကလည်း ပြတ်တောက်သွားခဲ့ပါတယ်။ ဒါကြောင့် ဆရာဝန်တွေကတောင် ကောင်လေးရဲ့အသက်ကို အာမ မခံနိုင်ကြတော့ပါဘူး။ ကံကောင်းလို့အသက်ရှင်ခဲ့ရင်လည်း စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဘဲ အိပ်ရာထဲပဲအမြဲလဲနေမှာဆိုပြီး ပြောခဲ့ကြပါတယ်။ ဒါမယ့်ကံကောင်းချင်တော့ ကောင်လေးဟာ အသက်ရှင်နိုင်သွားခဲ့ပါတယ်။
?သို့ပေမယ့်လည်း လည်ချောင်းထဲမှာပြွန်ထည့်ပြီး အသက်ကိုခက်ခက်ခဲခဲရှူရတယ်၊ အစာအိမ်ထဲမှာလည်း ပြွန်ထည့်ပြီးတော့ ဘာကိုမှအရသာမခံဘဲ အာဟာရပြုရတယ်၊ ဒါ့အပြင် စကားမပြောနိုင်လို့ ဖုန်းထဲမှာစာရိုက်ပြီးတော့တောင် အဆက်သွယ်ပြုလုပ်ခဲ့ရတာပါ။ ဒီလိုတွေခံစားနေရတဲ့ကောင်လေးရဲ့ ထက်သန်တဲ့ဘဝရည်မှန်းချက်ကတော့ အရှေ့မှာပြောခဲ့သလို rapper တစ်ယောက်ဖြစ်ချင်လို့ပါတဲ့။ သူ့ရဲ့အခုလိုအခြေအနေတွေနဲ့ rapper တစ်ဦးဖြစ်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ အားလုံးကပြောခဲ့ကြပါတယ်။ အဲ့ဒီကြားကမှ သူဟာ ရအောင်လုပ်မယ်ဆိုတဲ့ဆန္ဒတစ်ခုတည်းနဲ့ သီချင်းတွေကို ကိုယ်တိုင်စပ်တယ်၊ သရုပ်ဆောင်တယ်၊ နောက်ပြီး သူ့ရဲ့ပထမဦးဆုံးသီချင်းဗီဒီယိုဆိုရင် ကြည့်ရှုအားပေးသူ (၁)သန်းတောင်ကျော်သွားခဲ့ပါတယ်။
? ဒါဆိုရင် အရှေ့မှာမေးခဲ့တဲ့မေးခွန်းဖြစ်
Unlock to read this premium article with 10 points.