Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

27/02/2024

‼️ Basketball ခြေထောက်နဲ့ကောင်မလေး

1 min read
Personal Development
Health
General Knowledge
‼️ Basketball ခြေထောက်နဲ့ကောင်မလေး's photo

?မိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့ ကလေးမလေးဟာ basketball ကိုခြေထောက်သ‌ဖွယ်အသုံးပြုပြီး နေထိုင်နေရတာပဲဖြစ်ပါတယ်။ အခုလိုငယ်ငယ်လေးနဲ့အရွယ်နဲ့မလိုက်အောင် ဝေဒနာတွေခံစားခဲ့ရတာဟာ တကယ်ကိုသနားစရာပါ။ ဒါကတော့ မယုံနိုင်စရာကောင်းတဲ့ Qian Hongyanရဲ့ story လေးပဲဖြစ်ပါတယ်။ တကယ်တော့ Qianဟာ အသက်(၄)နှစ်အရွယ်မှာ car accident တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဆေးရုံရောက်ပြီးအတန်ကြာလာတော့ ခြေထောက်မှာအေးစက်ထုံကျင်တာတွေခံစားရပြီးတော့ သတိပြန်ရလာခဲ့ပါတယ်။ ရက်စက်တဲ့ကံကြမ္မာကြီးက သနားစရာကောင်းတဲ့ ဒီကလေးမလေးရဲ့ခြေထောက်နှစ်ဖက်ကို ထာဝရလုယူသွားခဲ့လို့ ကလေးမလည်းခမျာ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။

? အဲ့နေရာမှာကိုယ်သာဆိုရင် ခံနိုင်ရည်ရှိနိုင်မယ်လို့မိတ်ဆွေတို့ထင်ပါသလား။ ကလေးတစ်ယောက်အနေနဲ့ သူများကလေးတွေလို ပြေးလွှားခုန်ပေါက်မကစားနိုင်တော့ပါဘူး။ ဒါမယ့် ကလေးဆိုတော့လည်း သူ့ဘဝအနာဂတ်အတွက် တွေးတောပူပင်တာတွေမရှိဘူးပေါ့ရှင်။ သူတို့မိသားစုကအရမ်းဆင်းရဲတာကြောင့် ကလေးအတွက်ခြေအတုတောင် မထောက်ပံ့ပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် အဘိုးဖြစ်သူက သူ့မြေးလေးအတွက်ကြံဖန်စဉ်းစားပြီးတော့ basketball ကိုတစ်ဝက်ဖြတ်လိုက်တယ်၊ အဲ့တာကို Qianရဲ့အောက်ပိုင်းမှာစွတ်ထားပြီး၊ လက်နဲ့ထောက်ပြီး သွားဖို့အတွက် သစ်သားပြားနှစ်ခုကိုလည်း ဖန်တီးပေးလိုက်ပါတယ်။

? ဒါကတော့ အဲ့ဒီအရာတွေကိုသုံးပြီး လှုတ်ရှားသွားလာနေတဲ့ Qianလေးရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။ အခုလိုမျိုးအခက်ခဲဆုံးအခြေအနေမှာတောင်မှ Qianလေးက လုံးဝလက်မလျှော့ဘဲနဲ့ "Nothing is impossible"ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားခဲ့ပါတယ်။ တစ်ခြားကလေးတွေလိုပဲ အပြင်မှာကစားတယ်၊ ကျောင်းသွားတယ်၊ အိမ်အလုပ်တွေကူလုပ်ပေးတယ်၊ နောက်ပြီး အဲ့လိုတွေလုပ်ရလို့လည်း သူမကအရမ်းကိုပျော်ရွှင်နေတာပါ။ တစ်ခါတစ်လေဆိုရင် သူ့မှာခြေ‌ထောက်မရှိဘူးဆိုတာကိုတောင် မေ့နေခဲ့ပါတယ်။ လူတွေရဲ့မျက်လုံးထဲမှာတော့ သူမရဲ့အခုလိုပုံစံကို သနားသလိုလို၊ ကန့်လန့်ဖြစ်နေသလိုလိုမြင်နေကြပေမယ့် Qianကတော့ အခုလိုပုံစံကြောင့် သူမရဲ့ကလေးဘဝကို ပြန်အသက်သွင်းနိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။

?ဒါမယ့် သူ့ဘဝတစ်လျှောက်လုံးမှာ ဒီလိုပုံစံမျိုးနဲ့ပဲ တစ်သက်လုံးနေထိုင်သွားရမယ်ဆိုတာကိုတွေးကြည့်ရင် တကယ်ကိုစိတ်မကောင်းစရာပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ Qianဆီကိုကံကောင်းခြင်းတွေရောက်ရှိလာပါတော့တယ်။ အခုလိုမျိုး basketball ကိုခြေထောက်သဖွယ် (၅)နှစ်တာအသုံးပြုပြီးတဲ့နောက်မှာ ကမ္ဘာတစ်လွှားကလူတွေက သူမကို"basketball girl"ဆိုပြီး အသိများလာကြပါတယ်။ သူမရဲ့ သနားစရာကောင်းပြီး စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ storyလေးက လူတွေရဲ့နှလုံးသားထဲမှာ ကျန်ရစ်သွားစေခဲ့ပါတယ်။ ဒါ့ကြောင့် သူမကိုခြေအတုတပ်ပေးနိုင်ဖို့အတွက် ဝိုင်းဝန်းပံ့ပိုးခဲ့ကြပါတယ်။ မိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါ... ခြေထောက်မရှိတုန်းကတောင် အရာတွေအများကြီးကိုလုပ်နိုင်ခဲ့တယ်ဆိုတော့ အခုခြေထောက်အသစ်နဲ့ဆိုရင်ရော? မှန်ပါတယ် သူမက အရင်ကထက်ပိုပြီး ခြေလှမ်းသစ်တွေစတင်လာပါတော့တယ်။

?ပထမဦးဆုံး မသန်စွမ်းရေကူးအသင်းမှာ joinလိုက်ပါတယ်။ စစချင်းကူးတဲ့အချိန်မှာတော့ အခက်ခဲတွေရှိခဲ့ပေမယ့် တစ်ရက်ကို(၄)ဆီနာရီထိလေ့ကျင့်ပြီးတဲ့နောက်မှာ ရေကူးနိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒေသအဆင့်၊ နိုင်ငံအဆင့်ပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီးတော့တောင် ရွှေတံဆိပ်ဆုတွေ၊ ငွေတံဆိပ်ဆုတွေအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်မှာချို့ယွင်းနေတဲ့အရာကို ထက်သန်တဲ့စိတ်ဓာတ်ခွန်အားနဲ့ဖြည့်တင်းပြီးတော့ အခုလိုအောင်မြင်နိုင်ခဲ့တာပါ။

?သူမရဲ့storyလေးက ကျွန်မတို့အားလုံးအတွက် တကယ်ကိုစိတ်ခွန်အားရစရာပါ။ အထူးသဖြင့်ကျွန်မတို့ရဲ့ဘဝမှာ တစ်ခုခုကိုဆုံးရှုံးလိုက်ရရင် အဲ့ဒီအတွက်'သောက'ရောက်မနေဘဲ ကိုယ့်မှာရှိတဲ့အရာနဲ့ဘယ်လိုအကောင်းဆုံးလုပ်မယ်ဆိုတာပဲ focus ထားသင့်တယ်ဆိုတာပါပဲ။ မိတ်ဆွေတို့လည်း Qianရဲ့ story လေးကိုနားဆင်လိုက်ရလို့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်...

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်