စာကြမ်းပိုး
စာမျက်နှာ ၆၂၈
ပထမအကြိမ်
တိုးမြစ်စာအုပ်တိုက်
ဆရာမြသန်းတင့်ရဲ့ တကြိမ်တခါမှ ပုံနှိပ်ထုတ်ဝေဖူးခြင်းမရှိသေးတဲ့ စာအုပ်ဖြစ်ပါတယ်။
Note ကို အခြားစာအုပ်တွေထက် ပိုထုတ်ပြီး အတော့်ကို အားစိုက်ဖတ်ထားရတဲ့စာအုပ်ပါ။ကျွန်မက ဘယ်သွားသွားစာအုပ်ယူသွားပြီး ရောက်လေရာအရပ်မှာ စာဖတ်တယ်။ ဒါပေမယ့် ဒီစာအုပ်ကြီးက အရင်ဖတ်နေကျစာအုပ်တွေလို ရောက်လေရာ အရပ်မှာလည်းဖတ်မရဘူး။ကျွန်မနဲ့ ဒီထဲကအကြောင်းအရာတွေကနည်းနည်းလည်းဝေးတာပါမယ်ထင်ပါတယ်။ အေးအေးဆေး တိတ်တိတ်ဆိတ်ဆိတ်အချိန်မှာ သေသေချာချာလေး အာရုံစိုက်ဖတ်ခဲ့ရတာမို့ အတော်လည်း အိပ်ရေးပျက်ခဲ့ရပါတယ်။
ကျွန်မက စစ်ပွဲအကြောင်းတွေ ဖတ်ရင် အတော့်ကိုတိုင်ပတ်ပါတယ်။ မိန်းကလေးဖြစ်လို့လားမသိဘူး။ ဒီစာအုပ်က သူများတွေပြောကြတာ စစ်ပွဲတွေအားလုံးရဲ့ အချုပ်ပုံစံလို့ပြောပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာအကြောင်း သေချာမသိတဲ့ ..အင်ဖာတိုက်ပွဲ အူဂို စစ်ဆင်ရေး မိတ္ထီလာတိုက်ပွဲ ဘာမှသေချာမသိတဲ့ ကျွန်မလိုလူတယောက် မဖတ်သင့်တဲ့ စာအုပ်လို့ ဒီစာအုပ်အမျိုးအစားကြိုက်သူတွေ ညွှန်းထားပါလျက် ခေါင်းမာမာနဲ့ မရရအောင် ငှားဖတ်ခဲ့တော့..ဘာပြောကောင်းမလဲရှင်...ပုံတွေပါ ဆွဲပြီး နားလည်အောင် ဖတ်ခဲ့ရပါတယ် :D အခုထိ သိပ်နားမလည်သေးတဲ့အပိုင်းတွေလည်းပါပါတယ်။ အဓိကက တော့ စစ်ကြောင်းတွေကို ဟိုရွှေ့ ဒီရွှေ့ ၊ ဟိုစစ်ကြောင်းနဲ့ ဒီစစ်ကြောင်းပေါင်း.ဟော..တော်တော်ကြာမှ ခုနက မေ့နေတဲ့ စစ်ကြောင်းကပြန်ပေါ်လာနဲ့ တိုင်တွေအတော်ပတ်ခဲ့ပါတယ်။
ရက်စွဲတွေ အတိအကျနဲ့ဖော်ပြထားတာတွေ့ရပါတယ်။
အမှာစာမှာ ဆရာမြပြောတဲ့သူ့သူငယ်ချင်းမိသားစုအကြောင်းကကြေကွဲစရာဖြစ်သလို ဒီစာအုပ်ကို စစ်တုရင်ခုံ နဲ့ တင်စားသွားတဲ့ စာကိုလည်းအရမ်းကြိုက်ပါတယ်။
ဂျပန်က မြန်မာကိုသိမ်းတာ အဓိက က ဝမ်တိန်ကိုသွားတဲ့ တရုတ်-မြန်မာလမ်းမကြီးကြောင့်ဆိုတာ သိသွားပါတယ်။
အင်္ဂလိပ်စာရေးဆရာကြီး H.GWells နဲ့ ဦးဘလှိုင်အပါအဝင် မြန်မာပြည်သူလူထုတို့ရဲ့ အားပြိုင်ပွဲ ၊ ဂဠုန်ဦးစောရဲ့ထူးခြားတဲ့အမူအကျင့် ၊ထောက်ကြံ့အနီးရာဘာတောထဲမှာ ရှိနေတဲ့ ဗိုလ်ချုပ်အယ်လိပ်ဇန်ဒါ ဌာနချုပ်ကို အကြောင်းပြချက်မရှိလမ်းဖွင့်ပေးမိတယ်လို့ယူဆရတဲ့ ဂျပန်တို့ရဲ့အမှား၊ လီဂျင်းရဲ့ တရုတ်တပ်ကို ဂျပန်ထင်ကာမှားပစ်ပုံ ၊ရေနံတွင်းတွေ လောင်စာကန်တွေဖျက်စီးပစ်တာ အတော့်ကို နှမြောဖို့ကောင်းပုံ ၊ဗိုလ်ချုပ်စလင်းရဲ့ စစ်ပွဲအနိဋ္ဌာရုံမှတ်တမ်း စတဲ့အကြောင်းအရာတွေကတော့ ကျွန်မကို စိတ်လှုပ်ရှားနိုင်စွမ်းရှိတဲ့ အကြောင်းအရာတွေပါ။
ရခိုင်တိုက်ပွဲတွေအကြောင်းဖတ်တော့ ဒုံပိုက်မှာနေရာယူထားတဲ့ ဂျပန်တို့ရဲ့ နေရာယူကောင်းမှုနှင့် ဘန်ကာကတုတ်ကျင်းကြောင့်အင်္ဂလိပ်တို့ အကြိမ်ကြိမ်ဝင်တိုက်သော်လည်း မအောင်မြင်ပုံ ကိုလည်း စိတ်ဝင်စားမိတယ်။
ဗိုလ်ချုပ်ဝေဗယ်မှတဆင့် ဗိုလ်ချုပ်ဟယ်တန်ရဲ့ နိုင်ငံရေးအမြင်နဲ့ ဗိုလ်ချုပ် စမိုက်ရဲ့စစ်ရေးအမြင် ကွာခြားပုံ ကိုလည်းနည်းနည်းသိလိုက်သလိုရှိတယ်။
Unlock to read this premium article with 10 points.