Author's Profile Photo

Min Khant (Verse)

13/02/2024

တန်ဖိုးချင်းတူဖို့လိုပါတယ်။

1 min read
Personal Development
တန်ဖိုးချင်းတူဖို့လိုပါတယ်။'s photo

တန်ဖိုးချင်းတူဖို့အရေးကြီးပါတယ်၊ လူတစ်ယောက်နဲ့တစ်ယောက်ရေရှည်မှာတည်မြဲနိုင်ဖို့ဆိုတာ တစ်ယောက်ကိုတစ်ယောက် ခံယူထားတဲ့ တန်ဖိုး၊ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့ တန်ဖိုးတွေတူညီနေဖို့လိုပါတယ်။

အရာရာတိုင်းနီးပါးဟာ ကိုယ့်ရဲ့တန်ဖိုးနဲ့တူညီတဲ့ အရာတွေကိုပဲရကြတာများပါတယ်။ ဥပမာ - ကိုယ်က ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားတယ်၊ အဲ့တစ်ယောက်ပြီးတစ်ယောက်သာထားတယ်၊ တစ်ယောက်မှတကယ်ခံစားချက်မရှိဘူး၊ အချစ်ကိုအဲ့ဒီလိုတန်ဖိုးဖြတ်တဲ့သူကလည်း သူပြန်တွေ့ရမယ့် လူတစ်ယောက်ကလည်း သူ့လိုပဲ ရည်းစားတွေတောက်လျှောက်တွဲပြီး နေနေတဲ့သူနဲ့တန်ဖိုးချင်းတူတဲ့သူပဲဖြစ်ဖို့များပါတယ်။

သူငယ်ချင်းတွေကြားကကိစ္စတွေ၊ တစ်ယောက်ကိုတစ်ယောက် ကွဲကွာသွားစေတဲ့အကြောင်းအရင်းတွေထဲကတစ်ခုဟာလည်း တန်ဖိုးပါပဲ၊ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့ တန်ဖိုးဟာဘယ်နေရာမှာရှိနေသလဲဆိုတာကသိပ်ကိုအရေးကြီးပါတယ်။

ကိုယ့်ရဲ့ဘဝဟာလည်း ကိုယ်သတ်မှတ်ထားတဲ့တန်ဖိုးအတိုင်းသွားမှာပါပဲ။ ကိုယ်က i phone တို့၊ Brand ပစ္စည်းတွေကိုင်မှ လူရာဝင်မယ်လို့ ကိုယ့်တန်ဖိုးကိုဆုံးဖြတ်ထားရင် ကိုယ့်တန်ဖိုးကအဲ့အတိုင်းသွားမှာပါပဲ။

ဒါကြောင့် သင့်ကိုယ်သင်အရင်ဆုံးတန်ဖိုးရှိရှိရှင်သန်ဖို့လိုပါတယ်။ ဒါဆိုကိုယ့်ရဲ့တန်ဖိုးကိုဘယ်အရာတွေကနေဆုံးဖြတ်တာလဲလို့မေးရင် သင့်ရဲ့တစ်နေ့တာလုပ်ကိုင်နေတဲ့လုပ်ရပ်တွေပါပဲ။

သင့်ကိုယ်သင်ပဲအရင်ဆုံးတန်ဖိုးရှိအောင်နေထိုင်ပါ၊ ကိုယ့်တန်ဖိုးကိုသိပါ၊ တခြားလူတွေရဲ့အပြောတွေမှာရှင်သန်မနေပါနဲ့။

သင်ကိုယ်တိုင်က တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်နေပြီဆိုရင် သင့်ဘေးနားမှာဝန်းရံလာမယ့်လူတွေကလည်း သင့်တန်ဖိုးနဲ့ထိုက်တန်တဲ့သူတွေပဲရောက်လာပါလိမ့်မယ်။ သင့်ဘေးနားကထွက်သွားသူတွေကိုလည်းလွမ်းမနေပါနဲ့၊ သင်နဲ့တန်ဖိုးချင်းမညီလို့ထွက်သွားတယ်ပဲသဘောထားလိုက်ပါ။

Min Khant (Verse)

Keep Reading

သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား အပိုင်း(၁)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၅)သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးPersonal Finance Levelsအဆန့်အဖျက်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၃)မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အမြဲလေ့လာထားပါ