Tain Hlwar Nge
လူတစ်ချို့နဲ့ပေါင်းသင်းရတာ ပင်ပန်းလာပြီ ??
~သူတို့လိုနေချိန်ကိုယ်အမြဲရှိနေခဲ့ပေမဲ့
ကိုယ်လိုနေချိန်ခဏမှာတောင်မရှိပေးနိုင်တဲ့
လူတစ်ချို့နဲ့ပေါင်းသင်းရတာ ပင်ပန်းလာပြီ ။ ။
~သူတို့လိုအပ်နေချိန်မှ စကားလာပြောတတ်တဲ့
လူတစ်ချို့နဲ့ပေါင်းသင်းရတာ ပင်ပန်းလာပြီ ။ ။
~သူတို့ဒုက္ခတွေသာ ကိုယ့်လာပေးပြီး
ကိုယ့်ခံစားချက်တွေကို ဥပေက္ခာပြုတတ်တဲ့
လူတစ်ချို့နဲ့ပေါင်းသင်းရတာ ပင်ပန်းလာပြီ ။။
~သူတို့အတွက်အရေးပါသူစာရင်းမှာ ကိုယ်မပါဘဲ
ကိုယ့်အတွက်အဓိကလူစာရင်းမှာပါချင်နေတဲ့
လူတစ်ချို့နဲ့ပေါင်းသင်းရတာ ပင်ပန်းလာပြီ ။ ။
တကယ်ပါ ကျမအရမ်းပင်ပန်းနေပါပြီ
ဖွင့်ပြီးလည်းပြောမထွက်ဘူး
စကားရိပ်လေးပြရုံနဲ့လည်း မသိကြဘူး ။ ။
~သူတို့အကူအညီလိုတိုင်း မအားတဲ့ကြားကနေကူညီပေးခဲ့ဖူးတယ်
~သူတို့အားငယ်ချိန်တိုင်း ကိုယ်ပြိုလဲနေပေမဲ့
နှစ်သိမ့်ပေးခဲ့ဖူးတယ်
~သူတို့စိတ်ညစ်နေချိန်တိုင်း ကိုယ်ဝမ်းနည်းနေပေမဲ့
ဟာသတွေပြောပေးခဲ့ဖူးတယ်
(အဲ့လိုတွေလုပ်ပေးခဲ့ဖူးလို့ ဘာမှပြန်ပြီးမမျှော်လင့်ပါဘူး?
သူတို့ကို ကိုယ်ပေးဆပ်ထားသလို ကိုယ့်ကိုနားလည်ပေးတဲ့
လူတစ်ချို့ကို ကိုယ့်မှာပိုင်ဆိုင်နေရပြီလေ
အဲ့လူတွေကိုအရမ်းကျေးဇူးတင်တယ်)
ကိုယ်ကလည်း အသွေးနဲ့အသားနဲ့လူမို့
စိတ်ညစ်စရာတွေရှိပါတယ်
သူတို့ကို အကြိမ်ကြိမ်နားလည်ပေးပြီး
အခါခါဖြည့်ဆည်းပေးနေပါလျှက်
ရှောင်ဖယ်မိတဲ့တစ်ကြိမ်တစ်ခါအတွက်
ရရှိလိုက်တဲ့ပစ်ဒဏ်က Blခြင်းတဲ့လား
~အစကတည်းက ဘာမှမမျှော်လင့်ထားသူမို့
ထူးပြီးဝမ်းမနည်းပါဘူး
စိတ်မကောင်းဖြစ်မိရုံပါ ။ ။
#NTM #ngalthwaymying
Keep Reading