Author's Profile Photo

Reviews by Benevolent

15/01/2024

'သုခမြို့တော်

5 mins read
Book Review
'သုခမြို့တော်'s photo

လူ့ဘဝမှာ အရှင်လတ်လတ်နဲ့ ငရဲကျခံရဖို့ ဖြစ်တည်လာကြရတဲ့ မနုဿလူသားများစွာရှိတယ်။စာဖတ်သူတွေရဲ့ထိလွယ်ရှလွယ်
အသည်းတွေကို ရိုက်ခွဲစေမဲ့အကြောင်း
တရားတွေအများအပြားပါဝင်တယ်။ဆင်းရဲတွင်းနက်တဲ့အကြာင်းကိုကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ စာအုပ်ဆိုလည်း မမှားဘူး။ဒီစာအုပ်ဖတ်မိချိန်တွင် ရင်တွေပူလို့ ရေခဏခဏ သောက်ရလိမ့်မယ်။စာဖတ်သူအား ကြမ်းတမ်းခက်ထန်လှတဲ့ ဘဝတွေကို ရင်တနင့်နင့်၊ ရင်တနာနာဖြင့် မျှဝေခံစားစေဖို့ သရုပ်ဖော်ထားတယ်။လူ့ဘဝဇာတ်ခုံပေါ်မှာ တခါတစ်လေ ကိုယ့်ကိုကိုယ်ကံအဆိုးဆုံးလို့ သတ်မှတ်မိနေရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် လူသားမဆန်စွာ ဆက်ဆံခံ‌နေရပြီးလို့ တွေးမိတဲ့အချိန် ဒီစာအုပ်ဖတ်ပါ။ လောကလူ့ရွာတွင် ရက်စက်ပြင်းထန်သော ဒီလိုလောကဓံတရားများ ရှိနေပါလားဟု အံ့ဩမိလိမ့်မယ်။ဆင်းရဲမွဲတေမှုနင်းပြားတွေအကြောင်း ၊ ချနင်းခံရတဲ့ဘဝ‌ တွေကဘာမှမမြင်ရတဲ့ အညစ်အကြေးရည်တွေထဲမှာဆူးငြောင့်ခလုတ်တို့ရဲ့ဒဏ်ကို အဆုတ်တွေ စုတ်ပြတ်တဲ့အထိ အံကြိတ်ခံပြီး ဖြတ်သန်းနေတဲ့ လူတွေအကြောင်း လေ့လာရမယ်။

ကမ္ဘာကျော်ပြင်သစ်အမျိုးသား စာရေးဆရာ ဒိုမီးနိလာပီယဲ့(Dominique Lapierre)က ရေးသားထားပြီးဆရာမြသန်းတင့်က ဘာသာပြန်ဆိုခဲ့တဲ့ ဒီစာအုပ်ကို စာပေရပ်ဝန်းနဲ့ အဆက်အသွယ်ရှိတဲ့လူတိုင်း မသိသူမရှိ၊ ၁၉၉၂ ခုနှစ်မှာ အမျိုးသားစာပေ(ဘာသာပြန်)ဆုလည်း ရရှိထားတဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ပါ။၁၉ရာစု အိန္ဒိယပြည်ခေတ်ကာလနောက်ခံနဲ့ဇာတ်အိမ်တည်ထားတဲ့ ဝတ္ထုရှည်ကြီးက စာသမားအများစုကို လက်ကမချချင်လောက်အောင် လုပ်နိုင်တဲ့ စာအုပ်ပါ။

ကျွန်တော်ဒီစာအုပ်ကို အစောပိုင်းကာလတွေမှာ မရေတွက်နိုင်တဲ့အကြိမ်တွေနဲ့ မကြာခဏ ဖတ်ဖြစ်ခဲ့တယ် ဆိုရမယ်။ကျွန်တော်ဖတ်ဖူးသမျှ စာအုပ်တွေထဲမှာ စိတ်မသက်မသာအဖြစ်ဆုံးနဲ့ စိတ်အားထက်သန်မှု အရှိဆုံး စာအုပ်တွေထဲက တစ်အုပ်အဖြစ် တည်ရှိနေတယ်။ဒီစာအုပ်ကို ဝယ်ဖတ်ကြဖို့ အသိမိတ်‌ ဆွေတွေကို အကြံပေးဖူးပါတယ်။တချို့က စာအုပ်ကို ပြီးဆုံးတဲ့ထိ ဆက်မဖတ်ချင်လောက်အောင် စိတ်ဆင်းရဲစေခဲ့တယ်၊ ဘဝမှာ အခက်အခဲဒုက္ခတွေကို ရှောင်လွှဲလို့မရ‌တော့တဲ့အချိန် အဲ့အခက်အခဲဒုက္ခတွေကြုံလာတဲ့အခါ ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ရမယ်ဆိုတဲ့ လွတ်လပ်‌သောအသိရသွားတဲ့လူတွေလည်းရှိခဲ့ပါတယ်။နှလုံးအားနည်းတတ်တဲ့ သူများအဖို့တော့ အချိန်ယူ ဖတ်သင့်ပါတယ်။ဘဝပေးအခြေအနေများကို စာနာစိတ်လေးနဲ့ သိချင်ရင်တော့ လက်မလွတ်သင့်တဲ့စာအုပ်ပါ။

▪️ဇာတ်ကွက်
ဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမှုတွေက မျက်ဝါးထင်းထင်း ပေါ်လာစေတယ်။သုခမြို့တော် စာအုပ်အကြောင်း‌ ပြောပြရရင် သူနဲ့အတူ ဒွန်တွဲနေတဲ့ ကာလကတ္တားမြို့ကိုလည်း ခွဲခြားထားလို့ မရပါဘူး။အိန္ဒိယနိုင်ငံရှိ လယ်သမားမိသားစုတစ်စု၊ ရွာမှာ မိုးခေါင်ရေရှားပါးမှု‌ကြောင့် ငတ်မွတ်ခေါင်းပါး‌ ဘေးနဲ့ကြုံရတယ်၊ အဲ့အရာကို ကျော်လွှားနိုင်ဖို့ မြို့တက်သွားကြတယ်။ မြို့ရောက်တဲ့အခါ သူတို့မိသားစုကဲ့သို့ မိသားစုပေါင်းများစွာ ပြွတ်သိပ်ကြပ်ညှပ်နေတဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုအတွင် အခြေချနေထိုင်ကြရတယ်။မိုးခေါင်ရေရှားကာ ဘာမှစိုက်မရတော့လို့ ငတ်ပြတ်ပြီး ကျေးလက်တောရွာကနေ ပြောင်းရွှေ့လာကြတဲ့ဒုက္ခသည်တွေ အများဆုံးနေတဲ့နေရာ ထို‌ နေရာမှအစပြုကာ ဝတ္ထုတစ်ပုဒ်လုံးက ကမ္ဘာမှာ အံ့ဩစရာကောင်းလွန်းလှတဲ့အသက်မွေးဝမ်းကျောင်းမှု ပုံစံများကို အသက်အောက်ပြီး ဖတ်ရမယ်။ငှက်ဖျားထူတဲ့ စိမ့်တောကြီးကို မြေဖို့ထားတဲ့ ဒေလီ-ကာလကတ္တားသွားရာ ရထားလမ်း ဘေးနေရာ၊ အရိပ်ထဲမှာပင် အပူချိန်ဖာရင်ဟိုက်တစ်ရာလေးဆယ်အထိ တက်သွားတတ်တဲ့ သုခမြို့တော်ရဲ့နွေရာသီနေပူရှိန်ကြောင့် ရေဓာတ်အမြန်ခမ်းခြောက်ပြီး တဖြုတ်ဖြုတ်သေသွားကြရတဲ့ လူတွေအများအပြားမြင်ရမယ်။စက္ကန့်နှင့်အမျှ နေ့မြင်ညပျောက်ဖြစ်နေကြတဲ့ မယုံနိုင်စရာ လူသေဆုံးမှုအမျိုးအစားများစွာရဲ့ တိုက်စားမှုတွေက ထိပ်လန့်တုန်လှုပ်ဖွယ်‌ကောင်း‌စေတယ်။အိန္ဒိယပြည်ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေနဲ့ကိုးကွယ်ယုံကြည်မှုတွေ ရှိတဲ့နေရာ၊ စုတ်ပြတ်ညံ့ဖျင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့နိမ့်ကျတဲ့လူနေမှုအဆင့်အဆန်းတွေအပြင်ကျီးကန်းတွေပါနှလုံးကွဲသေနိုင်တဲ့ အပူချိန်‌တွေကြောင့်ခွေးသေပုပ်တွေကစလို့တစ်ခါတရံလူသေအလောင်းတွေပါ
မျောပါလာနိုင်တဲ့ ရေကြီးရေလျှံမှုတွေကအစ
သဘာဝဘေးအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့
လူမဆန်တဲ့မြို့တော်ကြီးတစ်ခုအကြောင်း‌ တွေကို နှလုံးသားနဲ့မဆန့်အောင် ခံစားဖတ်ရူရမယ်။ဒီမြို့ရဲ့ ထောင့်တိုင်း ထောင့်တိုင်းက စွဲမက်ဖွယ်မကောင်းပေမယ့် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နေတယ်။
ဒီစာအုပ်မှာ ကာလကတ္တားမြို့ကြီးရဲ့ လူမဆန်မှုများ၊ စိတ်ဆင်းရဲဖွယ် အနိဋ္ဌာရုံမြင်ကွင်းများ၊ မြင့်မြတ်မှုတွေနဲ့ဘေးချင်းယှဥ်ရပ်နေတဲ့ ယုတ်နိမ့်မှုများကိုမြင်တွေ့ရဦးမယ်။ကျွန်‌တော်ဖတ်နေရင်း မခံစားနိုင်တဲ့အချက်က လူမဖြစ်သေးတဲ့ ဗိုက်ထဲက ၇ လသားအရွယ် သန္ဓေသားလောင်းလေးကို ထုတ်ရောင်းပေးဖို့ ဗိုက်ခွဲခံရရုံသာမက နှလုံးသားကိုပါ စတေးလိုက်ရတဲ့ မိခင်ပဲ။ဆင်းရဲလွန်းလို့ ပိုက်ဆံမရှိ စားစရာမရှိတဲ့အခါ သမီးဖြစ်သူကို ပြည့်တန်ဆာလုပ်ခိုင်းပြီး ရှာကျွေးရတဲ့အဖြစ်တွေက ဖတ်နေရင်

ပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့The Fall Of SpartacusVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚အဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ

Unlock to read this premium article with 100 points.