Author's Profile Photo

SarPhat Author

15/01/2024

မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်

4 mins read
Book Review
General Knowledge
Art
မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်'s photo

ဒေါက်တာသက်နှင်းအိမ်ဟာ ဆိုက်ကို (psycho) တစ်ယောက်။

ဒေါက်တာသက်နှင်းအိမ်ဆိုတာနဲ့ ဆရာမဂျူးရဲ့လက်ရာဖြစ်တဲ့ "မိန်းမ တစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်" ဝတ္ထုရဲ့ အဓိကအမျိုးသမီးဇာတ်ဆောင်မှန်း တန်းသိလောက်မယ် ထင်ပါတယ်။

ကျွန်မ ဒီဝတ္ထုကို ပထမဆုံးအကြိမ်ဖတ်မိတဲ့အချိန် အသက် ၁၇နှစ်အရွယ်မှာ ယုမော်ကို အတ္တကြီးတဲ့ယောက်ျား၊ ချစ်သူမိန်းမတစ်ယောက်အပေါ်ကို မာနအရမ်းထားတဲ့၊ အနိုင်ယူချင်တဲ့ယောက်ျားလို့ မြင်ပြီး ဖတ်တဲ့တစ်လျှောက်လုံးလဲ စိတ်တွေမောခဲ့ရတယ်။

အခု အသက် ၂၀အရွယ်မှာ ဒုတိယအကြိမ်ပြန်ဖတ်မိတော့ ကျွန်မ နှင်းကို အရမ်းဒေါသထွက်တယ်။ ဟိုးဝတ္ထုအစကတည်းကနေ နှင်းကို စိတ်တွေတိုလာတာ၊ မကျေနပ်လာတာ၊ အဆုံးသတ်နားရောက်လာတော့ ပိုပြီးတော့ စိတ်တိုသွားတဲ့အပြင် ဒေါသတွေပါထွက်မိလို့ "shit!! နှင်းရယ်၊ အဓိပ္ပာယ်မရှိလိုက်တာ၊ ဒီလောက်တောင် မတွေးတတ်ဘူးလား" ဆိုပြီးတော့ပါ တွေးမိ၊ ဆဲမိတဲ့အထိပဲ။

ဆရာမဂျူးက နှင်းဘက်ကနေ အပြည့်အဝရပ်တည်ပြီး နှင်းရဲ့ တစ်ကိုယ်ရည်စာအတွေးတွေကို အရေးအသားနဲ့တင်ပြသွားတာ ဘယ်လောက်တောင်ကောင်းလဲဆိုရင်၊ စာဖတ်ပရိတ်သတ်ကြီးက နှင်းရဲ့ ဖောက်ပြန်တဲ့ပြစ်မှုကြီးကိုပါ မေ့ပြီး နှင်းကိုချစ်လာအောင်၊ သနားလာအောင်၊ နှင်းက တော်လဲတော်၊ ထက်ထက်မြက်မြက်နဲ့ ခေတ်ပညာတတ်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် ချစ်သူခင်ပွန်းအပေါ် စွန့်လွှတ်အနစ်နာခံပေးဆပ်တတ်တဲ့ မိန်းမတစ်ယောက်လို့ထင်စေပြီး ယုမော်က အတ္တကြီး၊ မာနကြီးတဲ့အပြင် နှင်းဘက်ကို ဘယ်တော့မှ ငဲ့မကြည့်တတ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် ဖန်တီးထားတဲ့ သူ့အကွက်ထဲကို စာဖတ်သူတွေက တန်းတန်းမတ်မတ်ကြီးကို ဝင်သွားတဲ့အထိပဲ။

နှင်း (ဒေါက်တာသက်နှင်းအိမ်)ကို ဘယ်လိုမျိုးကြောင့် ဆိုက်ကိုတစ်ယောက်လို့ ယူဆမိလဲ မပြောခင် ယုမော် (အဓိကအမျိုးသားဇာတ်ဆောင်) အကြောင်း နည်းနည်း အမွှမ်းတင်ချင်တယ်။

-ယုမော်ဟာ သူ့ပညာနဲ့ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားပြီး အမြဲမြှင့်တင်ချင်နေတဲ့အပြင် သူ့ပညာနဲ့ တိုင်းပြည်ကို အကျိုးပြုချင်တဲ့ ယောက်ျားတစ်ယောက်။
-ယုမော်မှာ သူ့ဘဝရဲ့ရည်မှန်းချက်ရှိပြီး သူ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက် လျှောက်လှမ်းမဲ့လမ်းကို သေချာသတ်မှတ်ထားတဲ့ ယောက်ျားတစ်ယောက်။
-ယုမော်က သူ့အနာဂတ်တိုင်းမှာ သူ့ချစ်သူကို ထည့်သွင်းစဉ်းစားတဲ့ ယောက်ျားတစ်ယောက်။
-ယုမော်က သူ့ဇနီးမယား၊ သူ့မိသားစုကို တင့်တောင့်တင့်တယ်ထားချင်တဲ့စိတ်ရှိသူတစ်ယောက်။
-ယုမော်ဟာ တာဝန်ယူတတ်တဲ့၊ တာဝန်ယူစိတ်ရှိတဲ့ ယောက်ျားတစ်ယောက်။
-ယုမော်ဟာ ယောက်ျားအတ္တ၊ ယောက်ျားမာနရှိတဲ့ယောက်ျား။
-ယုမော်ဟာ ဘယ်လိုပင် အတ္တကြီးနေပါစေ၊ မာနတွေရှိနေပါစေ၊ နှင်းအတွက် သူ့မာန၊ သူ့အတ္တတွေကို ပြန်ချိုးနှိမ်ပြီး နှင်း ဆီကို ရိုကျိုးခယစွာနဲ့ ပြန်,ပြန် ရောက်လာတတ်တဲ့သူတစ်ယောက်။
-ယုမော်က နှင်းရဲ့အရည်အချင်းတွေကို အသိအမှတ်ပြုတတ်သူ၊ ထုတ်ဖော်ပြောပြတတ်တဲ့သူ၊ နှင်းဖြစ်ချင်တာတွေကို နောက်ကနေ support လုပ်ပေးသူ၊ နှင်းကို လိုအပ်ကြောင်း နှုတ်မှ ဖွင့်ဟ ပြောပြတတ်တဲ့သူဖြစ်တဲ့အပြင် နှင်းအပေါ် အမှန်တကယ်ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်တဲ့ ချစ်သူ၊ခင်ပွန်းတစ်ယောက်။
(ဒါတွေက ယုမော်အပေါ် ကျွန်မရဲ့ထင်မြင်သုံးသပ်ချက်တွေ ဖြစ်ပါတယ်။)

ဒေါက်တာသက်နှင်းအိမ်...
နှင်းကကျတော့ အများက လေးစားရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် အနုပညာသည်တစ်ယောက်။

နှင်းက ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ဘူး။ နှင်းဟာ ကိုယ့်ဒူးကိုယ်ချွန်တယ်။ နှင်းဟာ လွတ်လပ်တဲ့အတွေးအခေါ်ပိုင်ရှင်။ ဒါပေမဲ့ နှင်းမှာ ပညာဂုဏ်မောက်တတ်တဲ့စိတ်လေးက မသိမသာရှိနေတယ်။ နှင်းက သိပ်အတ္တကြီးတယ်။ မိန်းမမာန အရမ်းထားတယ်။ ပြောရရင် ပညာတတ်မိန်းမတစ်ယောက်ရဲ့မာနပေါ့။ အဲ့ဒီမာနတွေကြောင့်ပဲ နှင်းနဲ့ ယုမော်ကို ဝေးကွာစေခဲ့တာလို့ ယူဆမိတယ်။

နှင်းဘဝရဲ့အကြီးမားဆုံးသော အမည်းစက်က သူ့အပေါ် အလိုလိုက်၊အလျှော့ပေးပြီး ချစ်မြတ်နိုးတဲ့ ကိုအောင့်အပေါ်ကို သစ္စာဖောက်လိုက်ခြင်းပဲ။ ဖောက်ပြန်ခြင်းအပေါ်မှာ နှင်းက နောင်တရဟန်လဲ မရှိ၊ သူဘာမှမလုပ်သလို၊ သူ့လုပ်ရပ်က မှန်နေသလိုပုံစံနဲ့ နေတဲ့အပြင် ကိုအောင့်ကိုပါ ရွံရှာလိုက်သေးတယ်။ နောက်ထပ်အနေနဲ့ ယုမော်ကိုပါ မုသားစကားဆိုပြီး ရေလာမြောင်းပေးလုပ်တယ်။

မိန်းမတစ်ယောက်ရဲ့ မျိုသိပ်ထိန်းချုပ်နိုင်စွမ်းကို ပြချင်တာနဲ့ပဲ သူ့ရဲ့အလုပ်ချိန်ကို ညနေဘက်အချိန် ရွေးချယ်လိုက်လို့ ယုမော်နဲ့ မတွေ့ရဘူး။ အဆုံးမှာ အတ္တကြီးပါတယ်ဆိုတဲ့ ယုမော်ကပဲ နှင်းက သူ့ကိုပျော်ရွှင်စေကြောင်းပြောတဲ့အပြင် ဆေးခန်းအပြန် လာကြိုချင်တဲ့အကြောင်း ခွင့်ပန်ရတယ်။

"စိတ်ချပါ၊ မောင်ရယ်၊ သက်နှင်းအိမ်ကြောင့် မောင်နောက်ထပ် ဂုဏ်သိက္ခာမညစ်နွမ်းစေရပါဘူး။ သို့သော် ကျွန်မမှာရှိသမျှ ဂုဏ်သိက္ခာများသည် မောင့်အပေါ်ချစ်သည့်စိတ်တစ်

အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များသည်းခြေကြိုက် စာအုပ် ၆ အုပ်နားစရာရှိတာ နားပါဖတ်နိုင်သမျှ များများဖတ်ပေးပါ ချေးများစေ့စပ်တဲ့သူစိတ်ဓာတ်ကျနေတဲ့အခါဆင်းရဲသားလေး ဂျက်လန်ဒန်Book Reviewညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး

Unlock to read this premium article with 10 points.