Author's Profile Photo

Alien's Diary

10/01/2024

Mindset ပြောင်းရင် ဘဝပြောင်းတယ်?

1 min read
Personal Development
Mindset ပြောင်းရင် ဘဝပြောင်းတယ်?'s photo
ကျွန်တော်တို့ရဲ့အတွေး၊ ခံယူချက်၊ လုပ်ဆောင်ချက်တွေကို “Mindset” လို့ခေါ်ပါတယ်။
အဲ့ဒီ Mindset ကပဲ ကျွန်တော်တို့ဘဝကိုပြောင်းလဲစေတာပါ။


ဒါကို Carol Dweck ဘာပြောလဲဆိုရင် “ကျွန်တော်တို့ယုံကြည်တဲ့အတိုင်း Mindsetဆိုတာပုံပေါ်လာတာပါ”တဲ့။
Mindset လို့ဆိုတာနဲ့ Fixed Mindset, Growth Mindset ဆိုပြီး(၂)မျိုးရှိတာ Creators တို့သိပြီးသားဖြစ်မှာပါ။

Fixed Mindset သမားကတော့-
▪️ကြိုးစားလည်းဘာမှမထူးဘူး၊ ငါကဉာဏ်ကောင်းတာမှမဟုတ်တာ။

▪️ပြဿနာတွေကို Opportunity လိုမမြင်ဘဲ ထွက်ပြေးဖို့ကြိုးစားတယ်။

▪️အမြဲတမ်း Limiting Beliefsတွေနဲ့ Comfort Zone ထဲမှာနေတယ်။

▪️လုပ်နိုင်စွမ်းရှိသားနဲ့ “ဆင်ခြေ”ပေးဖို့ပဲကြိုးစားတယ်။

▪️အမှားတွေကနေသင်ယူခြင်းထက် သူများကို Blame ဖို့ကြိုးစားတယ်။

Fixed Mindset ရဲ့ဆန့်ကျင်ဘက်ကတော့ Growth Mindset ပါပဲ။ Growth Mindset ဆိုတဲ့အတိုင်း
တစ်ရက်ထက်တစ်ရက်ပိုပြီးတိုးတက်လာအောင် ကြိုးစားတယ်။

ဆင်ခြေမပေးဘူး။ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးကြိုးစားသလို၊ တစ်ပါးသူအပေါ်အပြစ်တင်တာမျိုးမလုပ်ဘူး။

တစ်ဖက်လူက ကိုယ့်အပေါ် Feedback ပေးလာတဲ့အခါ စိတ်ဆိုးတာမျိုးမရှိဘဲ ကိုယ့်အားနည်းချက်ကနေအဖြေရှာပြီး အားသာချက်အဖြစ်ပြောင်းလဲတယ်။

အောင်မြင်ဖို့ကြိုးစားတာထက် ကိုယ်ရှင်သန်ရတဲ့နေ့ရက်တိုင်းမှာ Physical & Mental အရေးကြီးတယ်လို့ “Progress”ဖြစ်ဖို့ခံယူတယ်။

ဒါပါပဲ…ဒီခံယူချက်တွေပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ ဘဝတွေဟာ အများကြီးပြောင်းလဲကွာခြားသွားတာပါ။

သူငယ်ချင်းတို့အနေနဲ့ Fixed Mindset နဲ့သာရှေ့ဆက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ကြိုးစားမှုဟာ ဘယ်တော့မှခရီးရောက်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ပြီး Progress ဖြစ်ဖို့ဆိုရင် Growth Mindset ကို သေသေချာချာလေးပျိုးထောင်ပေးသင့်ပါတယ်။

ဒါမှလည်း အကောင်းဆုံးရလဒ်တွေဆိုတာ ဖြစ်လာမှာပါ။

-အေလီယန်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်