Author's Profile Photo

Alien's Diary

27/12/2023

ကလေးတုန်းက ဉာဏ်ကောင်းချင်လို့ တရားထိုင်ခဲ့ဖူးတယ်။

1 min read
Personal Development
ကလေးတုန်းက ဉာဏ်ကောင်းချင်လို့ တရားထိုင်ခဲ့ဖူးတယ်။'s photo

ကျွန်တော်တို့လိုဗုဒ္ဓဘာသာအများစုအတွက်တော့ “တရားထိုင်ခြင်း”နဲ့ပတ်သက်ပြီး ထွေထူးရှင်းပြစရာမလိုပါဘူး။ သူငယ်ချင်းတို့အားလုံးလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။

ကျွန်တော်ဆိုရင်လည်း အိမ်ကအမေကအလယ်တန်းကျောင်းသားဘဝကတည်းက တရားစခန်းတွေ၊ တရားပွဲတွေအမြဲခေါ်သွားလေ့ရှိတော့ “တရားထိုင်”တယ်ဆိုတာ ထူးဆန်းမနေတော့ပါဘူး။

အဲဒီတုန်းကတော့ ကလေးသဘာဝအရ သစ္စာလေးပါးတွေ၊ နိဗ္ဗာန်တွေဆိုတာတရားနာလို့ကြားဖူးပေမယ့် သေချာတော့နားမလည်ပါဘူး။

ဒါပေမယ့် အမေကဘာပြောလဲဆိုတော့ “တရားထိုင်ရင် ဉာဏ်ကောင်းတယ်”လို့ဆိုတာပေါ့။
ဒီတော့ကျွန်တော်လည်း နားမလည်ပေမယ့်လည်းဝင်လေ၊ ထွက်လေကြိုးစားမှတ်ပြီး တရားထိုင်ခဲ့တာပေါ့။
အမေကျေးဇူးနဲ့ အဲဒီကစလို့ Meditation လမ်းကြောင်းပေါ်ရောက်လာခဲ့တယ်လို့ ဆိုရမှာပါ။

အခုနောက်ပိုင်းလူကြီးဖြစ်လာတော့ “ဘာကြောင့်တရားထိုင်လဲ?”မေးရင် စိတ်ခံစားချက်တွေအစွန်းမရောက်စေဖို့၊ စိတ်ဖိစီးမှုတွေလျော့ကျချင်လို့ ပြောရမှာပါ။

ကျွန်တော်ကတော့ တရားထိုင်ရတာအရမ်းသဘောကျတယ်။ ဘာကြောင့်လဲဆိုရင် နိဗ္ဗာန်တွေ၊ သစ္စာလေးပါးတွေအသာထား အနည်းဆုံးတော့ကျွန်တော်တို့ရဲ့စိတ်ကို ငြိမ်းအေးစေတယ်။

အမှန်ကိုအမှန်တိုင်းသိမြင်စေတယ်။ Present Mode ကဒီလောက်တောင် Powerful ဖြစ်ပါလားဆိုပြီး သိရှိလာတယ်ပေါ့။

အနောက်နိုင်ငံတွေမှာဆိုရင်လည်း တရားထိုင်ခြင်းနဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာသုတေသနတွေ၊ စမ်းသပ်ချက်တွေအများကြီးပြုလုပ်လာပါပြီ။

အထူးသဖြင့် တရားထိုင်ခြင်းက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ဦးနှောက်လုပ်ဆောင်မှုများအပေါ် ဘယ်လိုတုံ့ပြန်မှု၊ သက်ရောက်မှုရှိစေလဲဆိုတဲ့အချက်ပါ။

ဒါနဲ့ပတ်သက်ပြီးတော့ တိဗက်ဘုန်းတော်ကြီးကျောင်းမှာ တရားအားထုတ်နေတဲ့ဘုန်းတော်ကြီးတွေကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။

သုတေသနရလဒ်များကတော့ တရားအားထုတ်နေတဲ့ဘုန်းတော်ကြီးတွေရဲ့ ဦးနှောက် Gamma Waves ဟာ သာမန်လူတွေထက်အဆပေါင်းများစွာ မြင့်မားတာကိုတွေ့ရပါတယ်။

ဒါ့အပြင် သင်ကြားသင်ယူမှုတွေမှာလည်း ပိုပြီးအားကောင်းသလို၊ စိတ်တည်ငြိမ်အေးချမ်းမှုမှာလည်း တကယ်အံ့ဩစရာပါပဲ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်-

“နောက်ကျိနေတဲ့ရေထဲမှာ အမှန်မြင်နိုင်ဖို့ခက်ပါတယ်၊
ဒါပေမယ့် ကြည်လင်နေတဲ့ရေထဲမှာတော့ အမှန်တိုင်းမြင်နိုင်ပါတယ်။
အဲ့ဒီအတွက် တရားထိုင်ဖို့လိုအပ်ပါတယ်။”


သာယာသောနေ့လေးဖြစ်ပါစေဗျာ။

-အေလီယန်


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်