Author's Profile Photo

SarPhat Author

24/12/2023

ထိုင်းနိုင်ငံမှ ကျောင်းတက်မယ်ဆို Bangkok University အကြောင်း သိကောင်းစရာ။

1 min read
Personal Development
Education
General Knowledge
ထိုင်းနိုင်ငံမှ ကျောင်းတက်မယ်ဆို Bangkok University အကြောင်း သိကောင်းစရာ။'s photo

ဒီနေ့တော့ ထိုင်းနိုင်ငံရဲ့ ပညာရေးကို စိတ်ဝင်စားပြီး ဘန်ကောက်မြို့မှာ ကျောင်းသွားတက်ချင်တယ်၊ ပညာရေးထူးချွန်မှုအလိုက် 100%, 50% ပညာသင်ဆုတွေကိုလည်း လျှောက်ထားကြည့်ချင်တယ် ဆိုသူတွေအတွက် Bangkok University အကြောင်းကို မျှဝေပေးချင်ပါတယ်။

Bangkok University ဆိုတာ?

Bangkok University ဟာဆိုရင် အမျိုးမျိုးသော နိုင်ငံတကာ Programs များစွာကို ပံ့ပိုးပေးနေသော ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ဒါ့အပြင် လက်တွေ့ကျတဲ့ သင်ရိုးညွှန်းတမ်းများဖြင့် ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ ကောင်းမွန်စွာ ရပ်တည်အောင်မြင်နိုင်အောင် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာအတွေးအမြင်နှင့် Professional ကျွမ်းကျင်မှုများကိုပါ သင်ကြားပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။

ဘာကြောင့် Bangkok University ကို ရွေးချယ်သင့်တာလဲ?

Bangkok University မှာဆိုရင် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံပေါင်း (၅၀) ကျော်မှ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိပြီး တီထွင်ဖန်တီးမှုကို အဓိကအလေးထားတဲ့ ပညာရေးပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။

ပြီးတော့ ဘွဲ့ရပြီးတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် သူတို့ရဲ့ အလုပ်အကိုင်အိမ်မက်များကို အကောင်အထည်ဖော်ရာမှာ ပံ့ပိုးပေးတဲ့ ထိပ်တန်းစက်မှုလုပ်ငန်း Partners များ၊ ကျောင်းသားဟောင်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ခိုင်မာသောချိတ်ဆက်မှုများ ရှိထားတာကြောင့်ဖြစ်ပါတယ်။

ဆက်ပြီးတော့ Bangkok University ရဲ့ 100% , 50% Global Bright Scholarships တွေအကြောင်း ပြောပြပေးချင်ပါတယ်။

Global Bright Scholarships လျှောက်ထားနိုင်တဲ့ Program တွေကတော့

- Bachelor of Business Administration in Marketing,
- Bachelor of Arts in Digital Media and Design,
- Bachelor of Communication Arts in Innovative Media Production,
- Bachelor of Arts in International Tourism and Hospitality Management တို့ပဲ ဖြစ်ပါတယ်။

Bangkok University ရဲ့ အဆိုပါ “Global Bright Scholarship” လျှောက်ထားလိုသူများဟာဆိုရင်

(၁) ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်)။
(၂) အင်္ဂလိပ်စာအရည်အချင်း အထောက်အထား (IELTS Individual Band Score 5.5 သို့မဟုတ် IELTS မရှိထားသူများအနေဖြင့် Bangkok University Placement Test ကို ဖြေဆိုလျှောက်ထားနိုင်ပါတယ်)။
(၃) Passport မူရင်း။
(၄) သက်ဆိုင်ရာကျောင်းမှ Principal ရဲ့ Recommendation Letter။
(၅) Bangkok University Application Form ကို ကိုယ်တိုင်လာရောက်ဖြည့်သွင်းရပါမယ်။
(၆) မိမိကိုယ်တိုင်ဖန်တီးထားသည့် Portfolio (သို့) Personal Statement တို့ကို လိုအပ်ပါတယ်။

Bangkok University မှာ တက်ရောက်သင်ကြားနိုင်တဲ့ Bachelor, Master ပရိုဂရမ်တွေရဲ့ ကျောင်းလခကလည်း စာသင်နှစ်တစ်နှစ်လုံးကိုမှ USD 3500 ကနေ USD 4000 ဝန်းကျင်အထိပဲ ရှိတာဆိုတော့ ကိုယ့်အနေနဲ့ Global Bright Scholarship ကို လျှောက်ထားပြီး တစ်ခုခုကြောင့် မရရှိခဲ့ရင်လည်း စိတ်မပူဖို့ ပြောပြချင်ပါတယ်။

Bangkok University ရဲ့ Bachelor, Master ပရိုဂရမ်တွေကတော့ ကုန်ကျစရိတ်အသက်သာဆုံးနဲ့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ ရချင်တဲ့ မြန်မာကျောင်းသား/သူတွေအတွက် လုံးဝကို လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ဆိုတော့ ဒါကတော့ ထိုင်းနိုင်ငံရဲ့ အထင်ကရမြို့တော်မှာရှိတဲ့ Bangkok University မှာ ပညာသင်ယူချင်သူတွေအတွက် လေ့လာမှတ်သားနိုင်အောင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်ခွင့်ပြုပါ။ နောက်နေ့မှာ ပြန်တွေ့ကြပါမယ်။




Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈)