Author's Profile Photo

SarPhat Author

15/12/2023

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ English စာ အရည်အချင်းစစ် စာမေးပွဲ Duolingo။

1 min read
Personal Development
Education
General Knowledge
နိုင်ငံခြားမှာ ကျောင်းတက်ဖို့ English စာ အရည်အချင်းစစ် စာမေးပွဲ Duolingo။'s photo

အခုဆိုရင် မြန်မာနိုင်ငံမှ လူငယ်တွေအနေနဲ့လည်း အဆင့်မြှင့် ပညာရေးကို လေ့လာနိုင်ဖို့အတွက် နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေ များလာကြပါတယ်။

ဒီလိုလူငယ်တွေအတွက် Scholarship လျှောက်ရာမှာဖြစ်စေ၊ Program အတွက် လျှောက်လွှာတင်ရာမှာဖြစ်စေ အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခုလိုပါတယ်။ အဲ့တာကတော့ English Test လက်မှတ်ပါပဲ။

English Test တွေဟာဆိုရင် ကျောင်းသားတစ်ဦးရဲ့ အင်္ဂလိပ်လို ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်မှုကို အကဲဖြတ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ အဲ့ဒီထဲကမှ ရေပန်းစားလာတဲ့ Test တစ်ခုကတော့ Duolingo English Test ပဲဖြစ်ပါတယ်။

ဒီနေ့တော့ အဆိုပါ Duolingo English Test အကြောင်းကို ပြောပြပေးချင်ပါတယ်။

Duolingo English Test ဆိုတာဘာလဲ?

Duolingo English Test ဆိုတာ နိုင်ငံတကာအဆင့်မှီ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို စစ်တဲ့ စာမေးပွဲတွေထဲကမှ တစ်ခုဖြစ်ပြီး Scholarship တွေ Program တွေ လျှောက်တဲ့အခါ IELTS\TOEFL လိုမျိုး ကိုယ်ရဲ့ English 4 Skills ကို ပြသပေးနိုင်မဲ့ လက်မှတ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် DET က IELTS ထက်စာရင် ဖြေဆိုရ လွယ်ကူပြီး Result ထွက်တာလည်းမြန်ပါတယ်။

Duolingo စာမေးပွဲဖြေရင် ဘယ်လောက် ကုန်လဲ?

ဒါကတော့ DET ကို ဖြေဆိုဖို့ သင့်တော်တဲ့ အချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ DET ကို ဒေါ်လာ 100 မကျော်တဲ့ နှုန်းထားနဲ့ ဖြေဆိုနိုင်မှာဖြစ်ပြီး စာမေးပွဲဖြေဆိုခအနေနဲ့ ဒေါ်လာ 59 သာ ကုန်မှာဖြစ်ပြီး စာမေးပွဲကြေးသွင်းပြီး 21 ရက်အတွင်း‌ ဖြေဆိုနိုင်ပါတယ်။

Duolingo ဖြေမယ်ဆို ဘာတွေ လိုအပ်မလဲ?

Duolingo ဖြေဆိုဖို့အတွက် Registration လုပ်မယ်ဆိုရင် Passport , Driver License , Government License ထဲက တစ်ခုခုရှိရုံနဲ့ ဖြေဆိုလို့ရပါတယ်။ ဒီနေရာမှာ တစ်ခုသိထားရမှာက NRC မှတ်ပုံတင်ကတ်နဲ့တော့ Registration လုပ်လို့မရပါဘူး။

Duolingo ဖြေဖို့အတွက် Laptop\PC တစ်လုံး၊ Webcam ကောင်းကောင်းနှင့် Internat လိုင်းကောင်းမယ်ဆို ဖြေရတာ ပိုအဆင်ပြေမှာပါ။


Duolingo ကို ဘယ်ကျောင်းတွေက လက်ခံလဲ?

Duolingo ကို နိုင်ငံတကာမှာရှိတဲ့ University, School & College (4000) ကျော်က လက်ခံထားပါတယ်။ ဒါပေမဲ့ ကိုယ်လျှောက်မဲ့ကျောင်းကိုတော့ Email ပို့ပြီး မေးကြည့်တာက ပိုသေချာပါတယ်။

ဒါကတော့ Duolingo English Test အကြောင်းလေးကို အကြမ်းဖျင်းမျှဝေပေးထားတာဖြစ်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ နားခွင့်ပြုပါ။ နောက်နေ့တွေမှာလည်း ပညာရေးနယ်ပယ်နှင့် သက်ဆိုင်တဲ့ ဆောင်းပါးတွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်ခင်ဗျာ…

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း